ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် မင်းသား Robert Pattinson သတ်မှတ်ခံရ
ပြီးခဲ့တဲ့နှစ်မှာ ဗြိတိသျှသတင်းစာ Daily Mail ကနေ မော်ဒယ် Bella Hadid ဟာ ကမ္ဘာ့အလှဆုံး အမျိုးသမီးဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီးတော့ အခုတော့ မင်းသား Robert Pattinson ဟာ ကမ္ဘာ့အချောမောဆုံး အမျိုးသားဖြစ်တယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Daily Mail သတင်းစာဟာ အခုလိုမျိုး တိုင်းတာတွက်ချက်မှုကို Beauty Phi ရွှေအချိုးအစားဆိုင်ရာ သိပ္ပံပညာရပ်ကို အခြေခံ တွက်ချက်တဲ့ အလှအပရေးရာခွဲစိတ်ဆရာဝန် ဒေါက်တာ Julian De Silva ရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိုးအစားဟာ ဥရောပ ရီနေးဆန့်ခေတ်တုန်းက အနုပညာရှင်တွေနဲ့ ဗိသုကာပညာရှင်တွေက သူတို့ရဲ့ ကမ္ဘာကျော်ပစ္စည်းနဲ့ အဆောက်အဦတွေကို ဖန်တီးတဲ့နေရာမှာ အသုံးချတဲ့ ရွှေအချိုးကို အသုံးချပြီး ရုပ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုကို တိုင်းတာတွက်ချက်တာလည်းဖြစ်ပါ
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်း နီဘရားစကားတက္ကသိုလ် ပါမောက္ခ Kendra Schmid က “The Oprah Winfrey Show” အစီအစဉ်မှာ လူတွေရဲ့ လှပချောမှုကို ဆုံးဖြတ်ဖို့ သင်္ချာပညာရပ်ဖော်မြူလာကို သိပ္ပံပညာရှင်တွေက အခြေခံ တွက်ချက်တဲ့ အကြောင်း ဆွေးနွေးခဲ့ဖူးပါတယ်။
အဲ့ဒီအချိုးအစားကို ရဖို့အတွက် မျက်နှာရဲ့ အတိုင်းအတာတွေကို ရယူပြီး တွက်ချက်ရတာ ဖြစ်ပါတယ်။ ပါမောက္ခ Schmid က ပြီးပြည့်စုံတဲ့ မျက်နှာတခုပေါ်မှာ နားရဲ့ အလျားဟာ နှာခေါင်းရဲ့ အလျားနဲ့ အတူတူပဲ ဖြစ်ပြီး မျက်လုံးတလုံးရဲ့ အကျယ်ဟာ မျက်လုံးနှစ်လုံးကြား အကွာအဝေးနဲ့အတူတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသား Pattinson ဟာ Beauty Phi ရွှေအချိုးအစားနဲ့တိုင်းတာတဲ့
အသက် ၃၃ နှစ်အရွယ် မင်းသားရဲ့ မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်း၊ ပါး၊ မေးရိုးနဲ့ မျက်နှာကျပုံစံတွေဟာ တခြား နာမည်ကျော် အမျိုးသားတွေနဲ့ ယှဉ်ရင် သူဟာ ပြီးပြည့်စုံမှုအချိုးအစားနဲ့ အနီးစပ်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့အနောက်မှာတော့ မင်းသားတွေ ဖြစ်ကြတဲ့ Henry Cavill၊ Bradley Cooper ၊ Brad Pitt နဲ့ George Clooney တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
Ref: ctvnews
You may also like these stories:
Peter Pan ရုပ်ရှင်အတွက် Joaqin Phoenix ကို မျက်စိကျနေတဲ့ Disney
အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင် ထိုက်ထိုက်တန်တန် ရရှိ