အော်စကာပွဲ တက်ရောက်လာတဲ့ နာမည်ကျော်တွေရဲ့ အားကျဖွယ် အလှအပများ
အော်စကာပွဲမစခင် ရက်သတ္တပတ်များစွာ အလိုကတည်းက နာမည်ကျော် သရုပ်ဆောင်နဲ့ ရုပ်ရှင်နယ်ပယ်မှာ ကျင်လည်နေသူတိုင်း အဝတ်အစားဒီဇိုင်း၊ ဆံပင်ပုံစံ၊ လက်ဝတ်ရတနာ အစရှိတာတွေကို ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ၉၂ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အားကျစရာကောင်းလှတဲ့ နာမည်ကျော်တွေရဲ့ ဖက်ရှင်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Regina King
Regina King လိမ်းခြယ်ခဲ့တဲ့ Monochrome မိတ်ကပ်ဟာ ဘယ်လို မျက်နှာ အသားအရေမျိုးမဆို လိုက်ဖက်ကြောင်း သိသာစေခဲ့ပြီး သက်သောင့်သက်သာနဲ့ သူ့ရဲ့ ပင်ကိုယ်အလှကို ထောက်ပံ့ပေးခဲ့ပါတယ်။
(၂) Lucy Boynton
Lucy Boynton ရဲ့ ပွဲတက်ဖက်ရှင်ကတော့ အရင်နှစ်တွေကတည်းက ပြောစမှတ်ဖြစ်ခဲ့ရပြီး ဒီနှစ်အော်စကာပေးပွဲမှာလည်း ပုလဲနားကပ်နဲ့ ဆံပင်ရဲ့ ခွဲကြောင်းအတိုင်း ပန်ဆင်ထားတဲ့ ပုလဲလုံးလေးတွေဟာ သူ့အလှကို ထပ်မံ ထင်ပေါ် စေခဲ့တာပါ။
(၃) Florence Pugh
ဆံပင်တွေကို ခပ်လိမ်လိမ်လေး စည်းနှောင်ပြီး နဖူးကို ခပ်ရှင်းရှင်းဖြစ်နေစေတာကလည်း သူမကို ရိုးရိုးရှင်းရှင်း လှပစေခဲ့တဲ့ အချက်တွေထဲက တချက်ဖြစ်ပါတယ်။
(၄) Billie Eilish
Billie ရဲ့ အစိမ်းရောင်ဆံပင်တွေဟာ သူမရဲ့ အမှတ်သင်္ကေတ တခုလိုတောင်ဖြစ်နေပြီမို့ Chanel ရဲ့ ကလစ်နဲ့ IGK Jet Lag Dry Shampoo တို့ကြောင့် လိုသလို ပုံသွင်းပြင်ဆင်ထားနိုင်တာကြောင့် ပွဲတက်ရာမှာ တောက်ပနေနိုင်ခဲ့တာ ဖြစ်ပါတယ်။
(၅) Cynthia Erivo
လက်သည်းအလှပညာရှင် Gina Oh ဟာ Cynthia Erivo ရဲ့ လက်သည်းတွေပေါ်မှာ ပုံဖော်ပေးခဲ့တာကတော့ ကမ္ဘာကျော်ပန်းချီတကားဖြစ်တဲ့ Starry Night ပဲ ဖြစ်ပါတယ်။ အစွမ်းကုန် ဖက်ရှင်တွေကြား ထင်သာမြင်သာရှိနေခဲ့တဲ့ Cynthia Erivo ရဲ့ ရိုးရိုးရှင်းရှင်း တက်ရောက်လာပုံကလည်း စိတ်ဝင်စားစရာပါ။
Ref. www.thecut.com
You may also like these stories:
အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင် ထိုက်ထိုက်တန်တန် ရရှိ
ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် မင်းသား Robert Pattinson သတ်မှတ်ခံရ
အော်စကာဆုပေးပွဲမှာ ကွယ်လွန်သူ ဘတ်စကက်ဘော ကစားသမား Kobe Bryant ကို ဂုဏ်ပြုမည်