Entertainment

Music Video တွေကို အနုပညာရှင်များက မေတ္တာနဲ့ ကူညီပေးကြတာလို့ အဆိုတော် Ar -T ပြော

Want create site? Find Free WordPress Themes and plugins.

အခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ လူငယ်များအကြား စိတ်ဝင်စားပြီး ကြိုက်နှစ်သက်စရာကောင်းတဲ့ Music Video များကို တင်ဆက်ပေးနေတဲ့ အဆိုတော် Ar-T ကတော့ အဆိုပါ Music Video များမှာ ပါဝင်သရုပ်ဆောင်ပေးကြတဲ့ အနုပညာရှင်များက မေတ္တာဖြင့် ကူညီပေးကြတာလို့ ဆိုပါတယ်။

“သူငယ်ချင်းတွေ အကုန်လုံးက ကျနော့်ကို မေတ္တာနဲ့ ကူညီပေးကြတာ။ ကစ်ရော၊ ဖွေးရော၊ အောန်ဆိုင်း၊ အလင်းရောင် နောက်အများကြီးပဲ။ ရှိသမျှ မင်းသား၊ မင်းသမီးတွေ အကုန်လုံးက မယူကြဘူး။ မေတ္တာနဲ့ ကူညီပေးကြတာ။ သူတို့ ရိုက်ပေးတော့ ဝမ်းသာတာပေါ့။ တခါတလေ သူတို့က တခုရိုက်ပေးပြီးရင် အားနာတယ်။ ကစ်ရော ဖွေးရောနဲ့က ၂ ပုဒ်စီ ရှိသွားပြီ။ နောက်ထပ် ရိုက်ဖို့တောင်းဆိုရင်လည်း သူငယ်ချင်းအပေါ်မှာ အခွင့်အရေး ယူသလို ဖြစ်သွားမယ်။ ရိုက်ပေးဖို့ ပြောလည်း ပြောထားတယ်” လို့ Ar-T က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကထွက်ရှိခဲ့တဲ့ “ငါ့ကို မချစ်ဘူး” သီချင်းကိုလည်း အနုပညာရှင်များက Facebook ပေါ်မှာ Caption အနေနဲ့တင်ရာမှ Facebook သုံးစွဲသူများကြားမှာ Trend တခုအဖြစ် ပေါက်သွားခဲ့ပါတယ်။

“အဲ့သီချင်းထက် Caption ကအရင်ပေါက်တာပေါ့။ ရာသီဥတုလေးကလည်း ရှိတယ်။ နောက်ပြီး လူတွေအကုန်လုံးက အလှပုံပဲ တင်ကြတာ။ ဆွေးတဲ့ပုံ သိပ်မတင်ကြဘူး။ မှတ်မှတ်ရရ အေးဝတ်ရည်သောင်းရယ်၊ မယ်လိုဒီရယ်၊ ဝါဆိုမိုးဦးရယ် သူတို့ ၃ ယောက်ကို သူငယ်ချင်းရေ နင်တို့ဆီမှာ ဆွေးနေတဲ့ပုံလေးတွေရှိလား။ ရှိရင် ဒီ Caption လေးနဲ့ ငါ့ကိုလည်း Tag စရာ မလိုဘူး။ သီချင်းနာမည်လည်း ရေးစရာ မလိုဘူး”

“ဒါလေးပဲရေးပေး၊ ပုံတင်ပေးဆိုပြီး အိပ်ရာနိုးတော့အကြံရပြီး အနုပညာရှင် သူငယ်ချင်းတွေကို ဖုန်းလိုက်ဆက်ရင်း ၂နာရီအတွင်းမှာ Facebook မှာ ပေါက်သွားတာပေါ့။ ကြော်ငြာဆိုပေမယ့်လည်း သီချင်းကြော်ငြာလည်း မဟုတ်ဘူး။ Caption နဲ့ပုံနဲ့က ဆွေးနေတဲ့ပုံလုပ်ချင်တာ။ လုပ်ဖြစ်သွားတာပါ” လို့ Ar-T က ပြောပါတယ်။

ကိုယ်တိုင်က ဆိုရှယ်မီဒီယာမှာ Follower နည်းပါးတဲ့အတွက် Follower များတဲ့သူငယ်ချင်းများကို အကူအညီတောင်းကာ သီချင်းများကို Share ပေးဖို့ပြောရတာဖြစ်ပြီး သူတို့ဘက်ကလည်း ခင်မင် ရင်းနှီးမှုနဲ့ Share ပေးကြတယ်လို့ ဆိုပါတယ်။

“တခါတလေကျတော့လည်း ကျနော်က Follower နည်းတယ်လေ။ အဲ့တော့ Follower များတဲ့သူငယ်ချင်းတွေကို ကူပြီးတော့မှ Share ပေးပါဦးဆိုပြီး သူတို့က Share ပေးကြတယ်။ ပြောရမယ်ဆိုရင် ခင်မင်ရင်းနှီးမှုကို ပြတာပေါ့။ သူငယ်ချင်းတွေကြားထဲက ခင်မင်မှုလေးပေါ့။ အနုပညာရှင်တွေ Share ပေးတယ်ဆိုကတည်းက ကျနော့်ကိုချစ်ခင်မှုကို သိရတယ်ပေါ့။ အရမ်းလည်း ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်” လို့ Ar-T ကပြောပါတယ်။

ပရိသတ်ရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ “မျက်ရည်မကျကြေး” ၊ “ဆောင်းနေ “ ၊ “ငါ့ကို မချစ်ဘူး” သီချင်းတွေကိုတော့ သီချင်းသာမက Music Video များကိုပါ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

You may also like these stories:

“ပုံပြင်” သီချင်း Music Video ဖန်တီးမှုအကြောင်း ပြောပြတဲ့ အဆိုတော် ကော်နီ

တယောက်တည်း နေရတဲ့ ခံစားချက်တွေကို သီချင်းရေးထားတဲ့ အဆိုတော် G Fatt

“Now & Ever” ရုပ်ရှင်မှာ ဇာတ်ဝင်တေးကို သီဆိုခဲ့တဲ့ အဆိုတော် ရှိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading