အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မ အဲလိဇဘတ်ဟာ မြေးတော်ဖြစ်တဲ့ မင်းသား ဟယ်ရီနဲ့ ဇနီး မီဂန်တို့ကို နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Commonwealth Day (ဓနသဟာယနေ့) ပွဲကို အခြားတော်ဝင်မိသားစုတွေလို တက်ရောက်ဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၁ နာရီကြာမြင့်မယ့် ဒီပွဲကို နိုင်ငံပေါင်း ၅၃ နိုင်ငံက အစိုးရကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဘုရင်မကြီးဟာ ဟယ်ရီနဲ့ မီဂန်တို့နှစ်ဦးကို လက်ရှိ လုပ်ကိုင်နေတာတွေ ခေတ္တ ရပ်ဆဲပြီး တော်ဝင်မိသားစုရဲ့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ဓနသဟာယနေ့ပွဲကိုတော့ မင်းသမီး မီဂန်က ကိုယ်ဝန် အရင့်အမာနဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဟယ်ရီနဲ့ မီဂန်တို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစည်းအဝေးပွဲတခုကို ဟောပြောသူအနေနဲ့ တက်ရောက်ခဲ့ပြီး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ သူတို့ဟာ ဟောပြောပွဲမှာ အမေရိကန်ဒေါ်လာ ၁ သန်းခန့် ဟောပြောခ ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
နယူးယောက်အခြေစိုက် ကုမ္ပဏီတခုက အမှုဆောင်အရာရှိ Ronn Torossian ကတော့ တော်ဝင်ဇနီးမောင်နှံဟာ လူကြားထဲ လူလုံးထွက်ပြရုံနဲ့ အမေရိကန်ဒေါ်လာ ၅ သိန်းကနေ ၁ သန်းအထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ သူတို့ နှစ်ဦးဟာ ဝင်ငွေအကောင်းဆုံး ဟောပြောသူတွေ ဖြစ်နေတယ်လို့ Ronn Torossian က မှတ်ချက်ပေးထားပါတယ်။
တော်ဝင်မိသားစုက ထွက်ပြီးနောက်မှာ ဟယ်ရီနဲ့ မီဂန်တို့ဟာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအနေနဲ့ ဘာကို ပြောင်းလဲလုပ်ကိုင်မလဲဆိုတာ မသိရသေးပေမယ့် ၂၀၂၁ ခုနှစ်လောက်မှာတော့ တစုံတရာဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
ယခုနှစ် မတ်လမှာ ကျင်းပမယ့် ဓနသဟာယနေ့ ပွဲမှာ တော်ဝင်မိသားစုဝင်အားလုံး ပြန်လည်ဆုံဆည်းဖို့ အခွင့်အလမ်းများနေပြီး မင်းသားဟယ်ရီတို့အနေနဲ့လည်း ပွဲတက်ဖို့ သေချာသလောက်ရှိနေတယ်လို့ သိရပါတယ်။
Ref. Dailymail
You may also like these stories:
အော်စကာပွဲ တက်ရောက်လာတဲ့ နာမည်ကျော်တွေရဲ့ အားကျဖွယ် အလှအပများ
ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် မင်းသား Robert Pattinson သတ်မှတ်ခံရ
အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင် ထိုက်ထိုက်တန်တန် ရရှိ