ဂျပန်ဘီလီယံနာ Yusaku Maezawa ဟာ လူမှုရေးဆိုင်ရာ စမ်းသပ်ချက် တခုအနေနဲ့ ကံကောင်းတဲ့ လူ ၁၀၀၀ ဆီကို ဒေါ်လာငွေတွေ အခမဲ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
Maezawa ဟာ သူ့ကို Follow နဲ့ Reweet ပြုလုပ်တဲ့ Twitter အသုံးပြုသူ ၁၀၀၀ ကို ဒေါ်လာ ၉၀၀၀ နဲ့ ညီမျှတဲ့ ဂျပန်ယန်း ၁ သန်းစီကို ပေးသွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ငွေကြေးနဲ့ ပျော်ရွှင်မှုကြားက ဆက်နွယ်မှုအကြောင်း သိရှိလိုတဲ့အတွက် စမ်းသပ်တာဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။
အဲ့ဒီလို မေးခွန်းထုတ်ထားတဲ့ ပို့စ်ကိုတော့ ဂျပန်ဘာသာစကားနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Twitter ရဲ့ ဘာသာပြန်စနစ်က Maezawa ရဲ့ သတင်းစကားကို ဘာသာစကားအားလုံးနဲ့ နားလည်နိုင်အောင် ပြန်ဆိုဖော်ပြထားပါတယ်။
သူက “ကျနော်က လူပေါင်း ၁၀၀၀ ကို ယန်း ၁ သန်းပေးသွားမှာပါ။ ခင်ဗျားတို့ရဲ့ ဘဝတွေက ယန်း ၁ သန်းနဲ့ ပိုမိုပျော်ရွှင်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။ လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ ကျနော့်ကို Follow ပြုလုပ်ပြီး ဒီပို့စ်ကို Retweet လုပ်ပေးဖို့ပါပဲ” လို့ အကြိမ်ရေ ၄ ဒဿမ ၁ သန်း Reweet လုပ်ထားပြီးဖြစ်တဲ့ အဲ့ဒီပို့စ်မှာ ဖော်ပြရေးသားထားပါတယ်။
Forbes မဂ္ဂဇင်းရဲ့ အဆိုအရ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၂ သန်းရှိတဲ့ Maezawa ဟာ အခုလိုမျိုး ပိုက်ဆံ ပမာဏ အများကြီးပါဝင်ပြီး လူထုစိတ်ဝင်စားတဲ့ စတန့်မျိုးပြုလုပ်တာနဲ့ စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ SpaceX ယာဉ်နဲ့ လဆီကို ပျံသန်းထွက်ခွာမယ့် ပထမဆုံး ခရီးသည်တင် ခရီးစဉ်ရဲ့ ထိုင်ခုံ အားလုံးကို ဝယ်ယူခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ သူဟာ Jean-Michel Basquiat ရဲ့ ပန်းချီကို ဒေါ်လာ သန်း ၁၁၀ နဲ့ ဝယ်ယူခဲ့ပြီး အဲ့ဒါ အမေရိကန်အနုပညာရှင်တဦးရဲ့ လက်ရာကို အများဆုံးပေးဝယ်တဲ့ ငွေကြေးလည်း ဖြစ်လာခဲ့ပါတယ်။
YouTube ဗီဒီယိုတခုမှာတော့ Maezawa ဟာ အခုလိုမျိုး ပြိုင်ပွဲအကြောင်း ရှင်းပြထားပါတယ်။ အဲ့ဒီပို့စ်ကို Retweet တဲ့သူတွေကတော့ ထီထိုးတဲ့ပုံစံထဲ ဝင်ရောက်သွားမှာဖြစ်ပြီး ဆုပေါက်သူ ၁၀၀၀ ကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ထီပေါက်သူတွေက ရရှိတဲ့ ပိုက်ဆံကို သုံးစွဲနိုင်ခွင့်ရမှာ ဖြစ်ပေမယ့် စစ်တမ်းတွေက တဆင့် သူတို့ဘယ်လို သုံးစွဲမယ်ဆိုတာကို ပြန်လည် အစီရင်ခံရမှာပဲ ဖြစ်ပါတယ်။
Ref: menshealth
You may also like these stories:
ဓနသဟာယနေ့ပွဲကို တက်ရောက်ဖို့ ဟယ်ရီတို့ ဇနီးမောင်နှံအား ဘုရင်မကြီး ဖိတ်ကြား
ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် မင်းသား Robert Pattinson သတ်မှတ်ခံရ
အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင် ထိုက်ထိုက်တန်တန် ရရှိ