ဟောလိဝုဒ်စတား လီယိုနာဒို ဒီကာပရီယိုဟာ အသက် ၂၂ နှစ်အရွယ်ချစ်သူ Camila Morrone နဲ့ အချစ်ရေးကို လူထုမြင်ကွင်းကနေ မြင်တွေ့နိုင်ခြင်း မရှိအောင် ထိန်းသိမ်းနေခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ညပိုင်းက ပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာတော့ သူတို့နှစ်ဦးကို ဘေးချင်းယှဉ်ထိုင်တဲ့ အနေအထားမျိုးနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။
မင်းသား လီယိုနာဒိုနဲ့ ချစ်သူ Camila ဟာ ဆုပေးပွဲရဲ့ ကော်ဇောနီ အစီအစဉ်ကို သီးခြားစီ ရောက်လာခဲ့ကြတာ ဖြစ်ပေမယ့် Janelle Monáe ရဲ့ အဖွင့်ဖျော်ဖြေမှု ပြုလုပ်နေချိန် ပရိသတ်တွေထဲ လမ်းဝင်လျှောက်လာတဲ့အခါ ထိုင်ခုံ ရှေ့ဆုံးတန်းမှာ သူတို့နှစ်ဦး ဘေးချင်း ယှဉ်ကပ်ပြီး ထိုင်နေတဲ့ အနေအထား ကို မြင်တွေ့ခဲ့ကြရတာလည်း ဖြစ်ပါတယ်။
၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာတော့ မင်းသား လီယိုနာဒိုက ‘Once Upon a Time In Hollywood’ ရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ဆောင် မင်းသားဆု လျာထားခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဆုကို Joker ရုပ်ရှင်ထဲမှာ Arthur Fleck အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Joaquin Phoenix က ရရှိသွားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က စလို့ အတွဲ ခုတ်နေတဲ့ Camila ထက် မင်းသား လီယိုနာဒိုက အသက် ၂၃ နှစ်ကြီးပါတယ်။ အခုလိုမျိုး အသက်ကွာခြားချက်နဲ့ ပတ်သက်လို့ လူတော်တော်များများ ပြောဆိုတာမျိုးတွေ ရှိပေမယ့် ပြီးခဲ့တဲ့ နှစ်တုန်းက လော့စ်အင်ဂျလိစ်တိုင်းမ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ အသက်ရွယ်တူပဲလို့ စဉ်းစားထားတဲ့အကြောင်း ပြောကြားခဲ့ဖူးပါတယ်။
Camila က “ဟောလိဝုဒ်မှာ စုံတွဲတွေ တော်တော်များများ ရှိပါတယ်။ ကမ္ဘာ့သမိုင်းမှာလည်း အသက်ရွယ် ကွာခြားတဲ့ စုံတွဲတွေရှိပါတယ်။ လူတိုင်းဟာ သူတို့ တွဲချင်တဲ့သူနဲ့ တွဲသင့်တယ်လို့ ကျမ ထင်ပါတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် သူက သူတို့နှစ်ဦးရဲ့ အချစ်ရေးကို လူတွေ စိတ်ဝင်စားနေကြတာကို နားလည်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လ အနည်းငယ်တုန်းက Camila ဟာ မင်းသား လီယိုနာဒိုနဲ့ အသက်ကွာခြားတဲ့ အကြောင်း ဟာသ သဘော ပြောဆိုတာမျိုး ခံခဲ့ရပါတယ်။ သူရဲ့ Instagram မှာ ဝေမျှခဲ့တဲ့ ဗီဒီယိုတခုမှာဆိုရင် သူ့ကို မုန်းတီးတဲ့သူတွေ အတွက် ရှင်းလင်းတဲ့ သတင်းစကားတခုကို ပေးခဲ့ပါတယ်။
သူက “ကျမရဲ့ Instagram မှာ မှတ်ချက်တချို့ကို ဖတ်ခဲ့ပြီးပါပြီ။ ဘုရားရေ ရှင်တို့က တကယ်ဆိုး သွမ်းကြတာပဲ။ ဘာမှမသိတဲ့လူတွေကလည်း ဒေါသအပြည့်နဲ့ပါပဲ။ ဒီသောကြာနေ့မှာတော့ လူတွေက အမုန်းတရားတွေ နည်းပါးစွာ နေထိုင်နိုင်ဖို့ လေ့လာပြီးတော့ အမုန်းတရားတွေ မရှိဘဲ နေထိုင်ဖို့ နေရာကို စိတ်ဝင်တစား ရှာဖွေကြမယ်ဆိုရင် တော်တော်လေးကောင်းမယ်လို့ ကျမ ထင်ပါတယ်” လို့ ဆိုပါတယ်။
Ref: hindustantimes
You may also like these stories:
မြန်မာသံစဉ်ပြိုင်ပွဲတွေ ပြန်ပေါ်လာဖို့ မျှော်လင့်နေတဲ့ မြန်မာသံ အဆိုတော် ရန်ပိုင်စိုး
Twitter မှာ လူတွေကို ဒေါ်လာ ၉ သန်း အလကားပေးမယ့် ဂျပန်ဘီလီယံနာ Yusaku Maezawa
ဓနသဟာယနေ့ပွဲကို တက်ရောက်ဖို့ ဟယ်ရီတို့ ဇနီးမောင်နှံအား ဘုရင်မကြီး ဖိတ်ကြား