Wonder Woman နဲ့ Harley Quinn ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် ရိုက်ကူးရာမှာ အောင်မြင်မှုကို သိသိသာသာ ခံစားလာရတဲ့ Warner Bros. အနေနဲ့ နောက်ထပ် DC ရဲ့ နာမည်ကျော် အမျိုးသမီးဇာတ်ကောင်တဦးဖြစ်တဲ့ Catwoman ကိုလည်း ထပ်မံ ပွဲထုတ်ဖို့ ရှိနေပါတယ်။
R-rated အဖြစ် ဖန်တီးထုတ်လုပ်ထားခဲ့တဲ့ Joker နဲ့ Birds of Prey ရုပ်ရှင်တွေဟာလည်း ထင်ထားတာထက် ပိုမိုအောင်မြင်တဲ့ နေရာတခုမှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားနိုင်တာကြောင့်လည်း Catwoman ဇာတ်ကောင်ကို ဆန်းသစ်ဖန်တီးဖို့ Warner Bros. အနေနဲ့ အစီအစဉ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
Harley Quinn တကိုယ်တော်ရုပ်ရှင်လည်း ရိုက်ကူးဖို့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် အကယ်၍ WB အနေနဲ့ ထုတ်လုပ်ဖြစ်မယ်ဆိုရင် Catwoman ရုပ်ရှင်ကို Harley Quinn နောက်ပိုင်းမှာမှ ကိုင်တွယ်ဖို့ ရှိနေနိုင်တာပါ။
မင်းသမီး Zoe Kravitz ကို မင်းသား Robert Pattison ပါဝင်တဲ့ The Batman ရုပ်ရှင်မှာ Catwoman အနေနဲ့ တွေ့မြင်ရဖို့ရှိနေကြောင်း လွန်ခဲ့တဲ့ ရက်သတ္တပတ်ပေါင်းများစွာက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အကယ်၍ Warner Bros. အနေနဲ့ Catwoman ကိုသာ တကိုယ်တော်ရုပ်ရှင်တခုအဖြစ် ဖန်တီးဖြစ်မယ်ဆိုရင် Zoe ရဲ့ Catwoman ဟန်ပန်ကို ကြိုက်နှစ်သက်မှာလို့ နီးစပ်ရာ အသိုင်းအဝိုင်းမှာ တီးတိုးပြောသံတချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ တုန့်ပြန်မှုထက် ရုပ်ရှင်တကားရဲ့ စံနှုန်းနဲ့ တန်ဖိုးတွေကို ဂရုစိုက်အားထုတ်မှာဖြစ်တဲ့အတွက်ကြောင့် ရုပ်ရှင်ထွက်ရှိလာတဲ့အခါ ပရိသတ်တွေရော ဝေဖန်ရေးပညာရှင်တွေပါ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တွေကို ဖြည်းဖြည်းမှန်မှန် ထုတ်လုပ်ဖို့ WB အနေနဲ့ ဦးတည် ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Catwoman အဖြစ် မြင်တွေ့ရမယ့် မင်းသမီး Zoe Kravitz ရဲ့ ခန့်မှန်း ဝတ်စုံ
လင်းနို့လူသားရုပ်ရှင်အတွက် လေ့ကျင့်နေပြီဖြစ်တဲ့ မင်းသား Robert Pattinson