Entertainment

ဝူဟန် ဗိုင်းရပ်စ်ကြောင့် ရှိုးပွဲရက်ပြောင်းမှာ စိတ်ညစ်နေတဲ့ အဆိုတော် ပိုပို

Want create site? Find Free WordPress Themes and plugins.

လတ်တလော ကမ္ဘာနဲ့တဝှမ်း စိုးရိမ်နေကြတဲ့ တရုတ်နိုင်ငံမှ ကူးစက်လာခဲ့တဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှု အနည်းငယ် ရှိတာကြောင့် မန္တလေးမှာ လုပ်မယ့် ပထမဆုံး တကိုယ်တော်ရှိုးအတွက် ရက်အပြောင်းအလဲရှိမှာ စိတ်ညစ်နေတယ်လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

“ပထမ ဝူဟန်ဗိုင်းရပ်စ်ကြောင့် မန္တလေးတိုင်းဝန်ကြီးက ပွဲမိန့်မပေးဘူးလို့ ပြောတဲ့အချိန်မှာ ရှော့ခ် ရသွားတယ်။ ဒုက္ခပဲ ငါဒီလောက်ကြိုးစားပြီးတော့ လုပ်ထားရတာ။ ထပ်မပြောင်းချင်တော့ဘူး။ ရက်တွေလည်း အရမ်းစိတ်ညစ်နေတာ။ အခုကျတော့ အဆင်ပြေသွားမှာပါ။ ပြောင်းသွားခဲ့ရရင်လည်း ပြောင်းရမှာပဲလေ။ ဒါပေမဲ့ မပြောင်းချင်ဘူး။ ကိုယ်ကလုပ်ထားပြီးသား ဖြစ်နေပြီ။ မပြောင်းရပါစေနဲ့လည်း ဆုတောင်းပါတယ်” လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

ဆက်လက်ပြီး “ရောဂါက အရမ်းဆိုးရင်တော့ တမျိုးပေါ့။ ရောဂါကအရမ်းကြီးတော့ မဆိုးပါဘူး။ ပိုတို့ ရန်ကုန်မှာလည်း မဖြစ်ကြဘူး။ အဆင်ပြေမှာပါ။ ဝိုင်းလေးတို့လည်း ရန်ကုန်မှာဆိုလည်း လုပ်နေတာပဲဆိုတော့ ရက်ကတော့ မပြောင်းနိုင်ပါဘူး”လို့ ပိုပိုက ပြောပါတယ်။

ပွဲကို လာရောက်ကြမယ့် ပရိသတ်တွေကိုလည်း ဆောင်ရန် ရှောင်ရန်များကို ပိုပိုက အခုလို ပြောပြခဲ့ပါတယ်။

“လာမယ်ဆိုရင် မလာခင် ၃ ၊ ၄ရက်ကတည်းက အစားတွေစား ဗီတာမင်စီတွေသောက်၊ အားရှိအောင် ကိုယ့်ကိုယ်ကို ကျန်းမာလန်းဆန်းနေအောင်နေ၊ ရေများများသောက်၊ Mask လေးတွေ ယူခဲ့ပါ။ ဒီရက်ပိုင်း ထိုင်းသွားတာ Mask တွေ မတပ်ပါဘူး။ အဓိကက ကိုယ်ခံအားကောင်းနေရင် ဘာမှမဖြစ်ဘူး။ ကိုယ်ခံအားမကောင်းဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ လိုတယ်။ စိတ်အေးအေးချမ်းချမ်းနဲ့ပဲ လာပါ။ သရဏဂုံလေး တည်ပြီးတော့ လာခဲ့ကြပါ” လို့ ပိုပိုက ပြောပါတယ်။

အဆိုပါ ပိုပိုရဲ့ “Masterpiece In Mandalay” လို့အမည်ရတဲ့ တကိုယ်တော်ရှိုးပွဲကြီးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ မန္တလေးမြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဂီတသက်တမ်း ၁၃ နှစ်အတွင်း ပထမဆုံးရှိုးပွဲကို ရန်ကုန်မှ ာမလုပ်ဘဲ မန္တလေးမှာလုပ်ဖြစ်တဲ့အကြောင်းကိုလည်း ပိုပိုက အခုလိုပဲ ပြောပါတယ်။

“မန္တလေးမှာကတော့ ပိုပိုရဲ့ Fan တွေလည်း အရမ်းများတယ်။ မန္တလေးက ဘာပဲပြောပြော Artist တွေဘယ်လိုပဲလာလာ အားပေးကြတာ များတယ်။ ကိုယ့်ရဲ့ ပရိသတ်အင်အားကလည်း မန္တလေးမှာပိုတောင့်တယ်လို့ ခံစားမိလို့ပါ။ မန္တလေးက တနှစ်ကို မသွားဘူးဆိုရင်တောင် အခေါက် ၂၀ ၊ ၃၀ လောက်သွားရတယ်။ အရမ်းများတယ်”

“ရန်ကုန်မှာက ပွဲနည်းတယ်။ စစ်ကိုင်း၊ မုံရွာ၊ ပြင်ဦးလွင် အဲ့ကပရိသတ်တွေကလည်း သူတို့လည်း ဆင်းလာမယ်ပေါ့။ တောင်ငူက ပရိသတ်တွေကလည်း လာမယ်။ ရန်ကုန်ကလည်း လာကြမယ်”လို့ ပိုပိုက ပြောပါတယ်။

အခုနောက်ပိုင်းမှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်များ ဟင်ခနဲဟာခနဲ ဖြစ်သွားစေတဲ့ ပိုပိုက ပွဲမှာလည်း အရမ်းဂေါ်တဲ့ ဖက်ရှင်များကို စီစဉ်ထားတယ်လို့ သိရပါတယ်။

“ပွဲမှာတော့ ဖက်ရှင်တွေက အရမ်းဂေါ်ပေါ့။ အပေါ်ကနေ ချွတ်ချလိုက်တာနဲ့ နောက်ထပ်တမျိုးဖြစ်သွားတာတို့ ဖျတ်ခနဲပေါ့။ အဲ့လို လုပ်ထားတယ်။ နောက်ထပ် ကုတ်တွေထည့်တာတို့ အများကြီး အများကြီး စီစဉ်ထားတာ ရှိတယ်။ ဖက်ရှင်ကတော့ ကြိုက်တယ်။ ဝတ်ရစားရ၊ ပြင်ရဆင်ရတာကို ကြိုက်တော့ အမိုက်စားတွေ လုပ်သွားမှာပေါ့။ အသက်ကြီးလာတော့ ပိုမိုက်အောင် နေရတာပေါ့။ မသိဘူး၊ စိတ်က အဲ့လိုပဲ လုပ်ချင်တဲ့ဟာလေးကို ပိုမိုက်အောင် လုပ်တာပေါ့” လို့ ပိုပိုက ပြောပါတယ်။

ဒီပွဲမှာတော့ ပိုပိုနဲ့အတူ သူငယ်ချင်း အဆိုတော်များက ပါဝင်သီဆိုပေးသွားမှာဖြစ်ပြီး တကိုယ်တော်ရှိုးအတွက်လည်း ပထမဆုံးဆုံးအခွေဖြစ်တဲ့ “ချစ်ဖူးသမျှ” အခွေထွက်စဉ်ကအတိုင်း ရင်ခုန်နေတယ်လို့ သိရပါတယ်။ ပိုပိုကတော့ အခုလက်ရှိအချိန်အထိ တကိုယ်တော်အခွေ ၅ ခွေ ထွက်ရှိထားပါတယ်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဖို့ အကြံပေးစကား ပြောခဲ့တဲ့ ချစ်သုဝေ

“ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူး”လို့ ခီမောင်နှံ ပြော

WWE နပန်းပွဲတွေရဲ့ စင်မြင့်ပေါ်မှာ စတင်တွေ့ရတော့မယ့် The Rock ရဲ့ သမီး

Did you find apk for android? You can find new Free Android Games and apps.
Loading