မော်ဒယ် လောကထဲမှာ ယနေ့အချိန်ထိ ပရိသတ် အခိုင်အမာ ရှိနေဆဲ နာမည်ကျော် စူပါမော်ဒယ် သန္တာလှိုင်က လေ့ကျင့်ခန်းတွေနဲ့ ကျန်းမာရေး ဗဟုသုတတွေကို အိမ်မှာတင် အလွယ်တကူ ပြုလုပ်နိုင်တဲ့ Application အကြောင်း လုပ်ဖြစ်ခဲ့ပုံကို အခုလို ရှင်းပြပါတယ်။
“T Fitness Application မစခင် လေ့ကျင့်ခန်းတွေ အမျိုးသမီးတွေကို မျှဝေပေးနေတဲ့ သင်တန်း ရှိတယ်။ သင်တန်းမှာ ကျန်းမာရေးဆိုတာ တတ်နိုင်တဲ့ လူနည်းစုသာ လက်လှမ်းမီတဲ့ အခွင့်အရေးတခု မဖြစ်သင့်ဘူး၊ လူတိုင်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ Lifestyle တွေ အကုန်လုံး လက်လှမ်းမီသင့်တယ်လို့ ကျမတို့ လင်မယားနှစ်ယောက် တိုင်ပင်စဉ်းစားမိတယ်”
“အားလုံး လက်လှမ်းမီဖို့ ဘယ်လို လက်ဆင့်ကမ်းရမလဲ စဉ်းစားလိုက်တဲ့အခါ ဖုန်းက လူတိုင်းမှာရှိတယ်။ အင်တာနက်က နေရာတိုင်းမှာ ရှိတယ်။ အွန်လိုင်းကနေလည်း မျှဝေပေးပါလို့ ပြောနေတဲ့သူတွေ များလာတော့ ကျမတို့ စဉ်းစားပြီး ဒီ Application လေး အကောင်အထည် ဖော်ဖြစ်တယ်။ ဒီထဲကအတိုင်း လိုက်လုပ်ရင် ပိုပြီးကျစ်လစ်လာတယ်၊ ပိုပြီး အမောခံနိုင်လာတယ်လို့ ပြောကြတော့ ကျမ ကုသိုလ်ရတယ်လို့ ခံစားရတယ်”လို့ သန္တာလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး “အခုလို Application လုပ်နိုင်တာကို အရမ်းဝမ်းသာပါတယ်။ Application ထွက်တာ တနှစ်တော့ ရှိပြီ။ လေ့ကျင့်ခန်းတွေနဲ့ ကျန်းမာရေး ဗဟုသုတတွေကို Gym သွားစရာ မလိုဘဲ အိမ်မှာတင် အလွယ်တကူ ပြုလုပ်နိုင်တယ်။ ဒီထဲမှာ အစားအသောက်၊ ကျန်းမာရေး နဲ့ ပတ်သက်တဲ့ အကြံပေးမှုတွေ ပါဝင်တယ်”လို့ သန္တာလှိုင်က ဆိုပါတယ်။
Application ထဲက Package ကို ဝယ်ယူဖို့ ကော်ဖီ တခွက်စာနှုန်းပဲ ယူထားပြီး Application ကို သုံးရင် အာမခံချက်ရှိတယ်လို့ သူက ဆိုပါတယ်။
“ဒီ Application ကို လူများများသုံးလေ ကုန်ကျစရိတ် သက်သာလေပါပဲ။ ကော်ဖီ တခွက်စာပဲ ယူထားတယ်ဆိုပေမယ့် အရှုံးတော့ ရှိတာပေါ့။ သုံးတဲ့သူ များလာတာနဲ့အမျှ ကုန်ကျစရိတ်တွေ ကျေပြီးရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒါကြောင့် သုံးကြည့်ကြပါလို့ ပြောချင်ပါတယ်။ ဒီ Application ကို သုံးရင် အာမခံချက် ရှိတာပေါ့ရှင်”
“တကယ်လုပ်ရင် တကယ်ဖြစ်တယ်။ တကယ်မလုပ်ရင် တကယ်မဖြစ်ဘူး။ အဲ့ဒီ အာမခံချက်တော့ ရှိတယ်။ Application ထဲက လေ့ကျင့်ခန်းတွေ မလုပ်ချင်ရင်တောင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ပေးထားတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် ဝယ်ပြီးသုံးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်”လို့ သန္တာလှိုင်က ပြောပါတယ်။
You may also like these stories:
ဝူဟန် ဗိုင်းရပ်စ်ကြောင့် ရှိုးပွဲရက်ပြောင်းမှာ စိတ်ညစ်နေတဲ့ အဆိုတော် ပိုပို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဖို့ အကြံပေးစကား ပြောခဲ့တဲ့ ချစ်သုဝေ
“ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူး”လို့ ခီမောင်နှံ ပြော