Entertainment

ဗိုလ်ချုပ်မွေးနေ့မှာ အလှူလုပ်ကြတဲ့အပေါ် အနုပညာရှင်တို့ရဲ့ အမြင်များ

Want create site? Find Free WordPress Themes and plugins.

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံ ကလေးများနေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် မြန်မာနိုင်ငံအနှံ့မှာ အလှူများပြုလုပ်ကြတာ တွေ့ရပြီး အဲ့လိုအလှူများ ပြုလုပ်တာနဲ့ ပတ်သက်လို့ အနုပညာရှင်တချို့ရဲ့အမြင်နဲ့ သူတို့ကိုယ်တိုင် အလှူလုပ်ရတဲ့ ခံစားချက်ကို အခုလိုပဲ ပြောပြကြပါတယ်။

ရဲအောင်

ကျနော်တို့ရဲ့လွတ်လပ်ရေးဖခင်၊ လွတ်လပ်ရေးရအောင် ကျနော်တို့တွေ အေးအေးချမ်းချမ်း နေနိုင်အောင် လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရတဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မေတ္တာပို့ပြီး အမျှဝေပါတယ်။

မသိတဲ့သူတော့ ရှိတော့ မရှိနိုင်ပါဘူး။ နှစ်စဉ်နှစ်တိုင်းလည်း ဒီလိုနေ့ဆို မီဒီယာတွေမှာ အားလုံး သိကြတာပဲ။ မျိုးဆက်အဆက်ဆက် သိကြပါတယ်။ ကိုယ့်တိုင်းပြည်အတွက်ကို အသက်ကို ပဓာန မထားဘဲ လွတ်လပ်ရေးရယူခဲ့တဲ့ ကျနော်တို့ ဗိုလ်ချုပ်ကို ဘယ်သူမှမမေ့ကြပါဘူး။ အမှတ်တရအနေနဲ့ကတော့ ကျနော်တို့တိုင်းပြည်၊ ကျနော်တု့ိလူမျိုးအတွက်၊ ကျနော်တို့ဗိုလ်ချုပ်ကို သက်ရှိထင်ရှားရှိနေသ၍ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

မင်းညီ

အရင်တုန်းကဆို ဗိုလ်ချုပ်ဓာတ်ပုံ ချိတ်ရင်တောင်မှ ထောင်ထဲ သွားနေရတဲ့ ကာလတခုကို ဖြတ်သန်းခဲ့ရတာဆိုတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Icon ဆိုတာ ရှိတယ်။ တိုင်းပြည်အတွက် တကယ့်ကို စွန့်လွှတ်စွန့်စားပြီးတော့ တကယ်ကို လုပ်ဆောင်ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတယောက်ကို သမိုင်းကို ဖျောက်ဖျက်တာမျိုးတော့ ကျနော်တို့လည်း အရင်က သဘောမကျခဲ့ဘူး။

အခုလို သမိုင်းကို ဖော်ထုတ်ခွင့်ရတဲ့အချိန်မှာ ဒါတွေအကုန်လုံးက ပြည်သူတွေအကုန်လုံးက ဒီနေ့ကိုပဲပြုတ်နဲ့ နံပြားတွေ ကျွေးကြတယ်။ အလှူပြုပေးကြတယ်ဆိုတာ အဘိုးဗိုလ်ချုပ်က သိချင်မှလည်းသိလိမ့်မယ်။ ဒါပေမဲ့ ပြည်သူတွေ စိတ်ထဲမှာ အမြဲရှင်သန်နေတယ်ဆိုတာပြချင်တဲ့အတွက် အလှူတွေလုပ်တယ်လို့ ထင်ပါတယ်။

ကျနော်တို့ဆို ၄၀ တန်းပေါ့။ ကျနော်တို့ဆို ဗိုလ်ချုပ်အကြောင်းတွေကို ငယ်ငယ်တုန်းက သင်ခဲ့ရလို့မီလိုက်တယ်။ အဲဒါကို စံပြပုဂ္ဂိုလ်တယောက်အနေနဲ့ အတုယူစိတ်တွေ ရှိလာခဲ့တယ်။ ကျနော်တို့ရဲ့နောက်မျိုးဆက်ဆိုရင် ဗိုလ်ချုပ်ဆိုတာ မသိကြတော့ဘူး။ အခုဆိုရင် ဗိုလ်ချုပ်ဆိုတာ ဘယ်လိုလူလဲပြန်လည်ဖော်ထုတ်နိုင်တဲ့အတွက်ကြောင့် ဗိုလ်ချုပ်ရဲ့စံပြုထိုက်တဲ့ စိတ်ဓာတ်တွေ ယုံကြည်မှုကို ရဲရဲဝံ့ဝံ့ လုပ်ပြတာတွေကို ကလေးတွေရဲ့ စိတ်ထဲကိုပြန်ရောက်မယ်ဆို ကျနော်တို့ တိုင်းပြည်အတွက်အရမ်းကောင်းသွားမယ်။

ဒေါင်း

ကျနော် ၁၃ ရက်နေ့ဆို အမြဲတမ်း ကလေးဆေးရုံမှာ အလှူလုပ်နေကျ ဒီနှစ် မလုပ်နိုင်ဘူး။ အဲ့အတွက်စိတ်မကောင်းဘူး။ ရုပ်ရှင်ရိုက်ရမှာ မို့လို့ပါ။ အထူးသဖြင့် ကလေးဆေးရုံမှာ လုပ်တာဆိုတော့ ဆေးရုံတက်နေရတဲ့ ကလေးတွေရဲ့ စိတ်ခံစားချက်တွေ ကိုယ်တောင်မှ ဆေးရုံမှာ တရက်လောက်ကို မနေနိုင်ဘူးလေ။ အဲ့ခံစားချက်ကိုတွေးပြီးတော့ သူတို့ကိုပျော်အောင် လုပ်ပေးရတာ ကျေနပ်စရာ ကောင်းတယ်။

ကျနော် ခံယူထားတဲ့ ဗိုလ်ချုပ်အပေါ် ခံစားချက်က ဗိုလ်ချုပ်က ဦးတည်ချက် ခိုင်မာတယ်။ သူဘာလုပ်ချင်လဲဆိုတာ ကိုသိတယ်။ လူတယောက်အတွက် အဲဒါက အဓိကပဲ။ သူဘာလုပ်ချင်လဲ တိတိကျကျသိတယ်။ အဲဒါတခုကို ဗိုလ်ချုပ်ဆီက ယူတယ်။ ကိုယ်ဘာလုပ်မှာလဲဆိုတာ တိတိကျကျ သိဖို့လိုတယ်။

မေသဉ္ဇာဦး

ဗိုလ်ချုပ်ရဲ့မွေးနေ့လည်းဖြစ်တယ်၊ ကလေးများနေ့လည်း ဖြစ်တယ်။ အခုလို ကလေးတွေလှူတဲ့ အလှူမှာပါဝင်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အမှတ်တရကတော့ မရှိပါဘူး။ ဒီနေ့အလှူလေးက ဘဝမှာပထမဆုံးပဲ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဥက္ကဋ္ဌက စီစဉ်တဲ့အတွက် အခုလိုလုပ်ဖြစ်တာ ကိုယ့်ဟာနဲ့ ကိုယ်ဆိုလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကလေးအယောက် ၂၀၀ လည်း စီစဉ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ယနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့မှာ “ရွှေမင်းသမီး” ရုပ်ရှင်အဖွဲ့သားများမှ ပရဟိတ ကျောင်းများမှ ကလေးငယ်များအား သမ္မတရုပ်ရှင်ရုံမှာ “ရွှေမင်းသမီး” ရုပ်ရှင် အခမဲ့ ပြသခြင်းနဲ့ ပဲပြုတ်နံပြား စတုဒိသာတို့ လှူဒါန်း ကျွေးမွေးခဲ့ပါတယ်။

You may also like these stories:

Gym သွားစရာ မလိုတဲ့ “T Fitness Application” အကြောင်း ရှင်းပြတဲ့ သန္တာလှိုင်

“ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူး”လို့ ခီမောင်နှံ ပြော

ကျန်းမာရေးကြောင့် ရုန်းကန်နေရတဲ့ မင်းသား Irrfan Khan အတွက် ဆုတောင်းပေးသူများရှိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading