ကိုရီးယားလူမျိုးတွေဟာ ‘Parasite’ ရုပ်ရှင်ရဲ့ အော်စကာအောင်မြင်မှုအတွက် ဂုဏ်ယူနေကြပေမယ့် အင်တာနက် အသုံးပြုသူအချို့ကတော့ မင်းသမီး Honey Lee ကို ရှက်ဖို့ကောင်းတယ်ဆိုပြီး ပြောဆိုနေကြပါတယ်။
အသက် ၃၆ နှစ်အရွယ် မင်းသမီး Lee ဟာ အော်စကာဆုပေးပွဲ ပါတီမှာ ‘Parasite’ ဒါရိုက်တာ Bong Joon-ho နဲ့အတူ ဓာတ်ပုံ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူဟာ ဒါရိုက်တာ Bong နဲ့အတု အော်စကာဆု နှစ်ခုကိုကိုင်ပြီး ပို့စ်အနေအထား ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီ ဓာတ်ပုံမှာတော့ ‘လူတွေက ကျမ ဒီဆုကို ရတယ်လို့ ထင်နေကြမယ်။ ဒါကြောင့် ကျမ အရမ်းပျော်တယ်။ ဒီညတော့ ကောင်းကောင်း အိပ်ပျော်ပြီ” လို့ ရေးသားခဲ့ပါတယ်။ Allkpop ဝက်ဘ်ဆိုက်ရဲ့အဆိုအရ ဒေါသထွက်နေကြတဲ့ အင်တာနက်အသုံးပြုသူတွေဟာ သူတပါးရဲ့ အလုပ်ကြိုးစားမှု အပေါ် အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ဆိုပြီး မင်းသမီးကို ဝေဖန်နေကြတယ်လို့ သိရပါတယ်။
‘Parasite’ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆု တို့ကို ရရှိခဲ့ပါတယ်။
ဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မင်းသမီး Lee ဟာ အွန်လိုင်းမှာ တောင်းပန်စာ တခုကို တင်ခဲ့ပြီး သူဟာ သူ့ရဲ့ စီနီယာတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ပြုဖို့သာ ပါတီမှာ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူက “ကျမရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်ရတယ်လို့ ခံစားရတဲ့သူတွေ ရှိခဲ့ရင် ကျမ တောင်းပန်ပါတယ်” လို့ ဆိုပါတယ်။ သမိုင်းတွင်တဲ့ ကိုရီးယားတွေရဲ့ အောင်မြင်မှုကို ဂုဏ်ယူကြောင်း ပြသချင်ရုံသက်သက်ပဲလို့ သူက ပြောဆိုပါတယ်။
မင်းသမီး Lee က “ကိုရီးယားရုပ်ရှင်သမိုင်းကို ရေးထိုးခဲ့ကြသူတွေအတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။ ပြီးတော့ ဂုဏ်ပြုမှုနဲ့ ဂုဏ်ယူမှုတို့ကို ရရှိပါစေလို့ မျှော်လင့်ပါတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။
Instagram အကောင့်ကနေ ဓာတ်ပုံတွေကို ဖယ်ရှားလိုက်ပြီဖြစ်တဲ့ မင်းသမီး Lee ဟာ အဲ့ဒီဓာတ်ပုံတွေကို တင်ရုံလောက် နဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့လည်း တချို့အင်တာနက်အသုံးပြုသူတွေက ရှုမြင်ပါတယ်။
အင်တာနက်အသုံးပြုသူတဦးက “သူ့ဘာသာ အပျော်လွန်တာနဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှချင်တာ ဒါ ပုံမှန်ပါပဲ။ ဘာလို့ လူတွေက တခြားသူတေါ ပျော်ရွှင်တာမျိုး ခွင့်မပြုကြတာလဲ” လို့ရေးသားပါတယ်။ နောက်တဦးကတော့ မင်းသမီး Lee ဟာသရုပ်ဆောင်တာအပြင် ဖျော်ဖြေပွဲတွေမှာ ဖျော်ဖြေတာနဲ့ အယ်လ်ဘမ်တွေ သီဆိုတာမျိုးကြောင့် ပြီးပြည့်စုံတဲ့ အနုပညာရှင်တဦးဖြစ်ပြီးသားလို့ မှတ်ချက်ပြုပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ မင်းသမီးဟာ ရုံဝင်ငွေစာရင်းမှာ အောင်မြင်မှုရတဲ့ Extreme Job နဲ့ ‘The Fiery Priest’ ဒရာမာ စီးရီးတွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးဟာ သူ့ရဲ့ ပရိသတ်တွေ့ဆုံပွဲတွေနဲ့ ‘Black Money’ ရုပ်ရှင်ကနေ ရတဲ့ငွေတွေအားလုံးကို ပရဟိတအဖွဲ့တွေထံ ပြီးခဲ့တဲ့လမှာ လှူဒါန်းခဲ့တာကြောင့် သူဟာ နာမည်ကျော်ကြားမှုနဲ့ ငွေနောက်လိုက်နေတဲ့သူ မဟုတ်ဘူးလို့ အခြားအသုံးပြုသူတဦးက ဆိုပါတယ်။
Ref: straitstimes
You may also like these stories:
Spotify မှာ ထိပ်တန်းအချစ်သီချင်းအဖြစ် John Legend ရဲ့ ‘All of Me’ သီချင်း သတ်မှတ်ခံရ
အနုပညာကြေး အများဆုံးရတဲ့ သရုပ်ဆောင်စာရင်းမှာ The Rock နဲ့ Scarlett Johansson ဦးဆောင်
အာလာဒင် နောက်ဆက်တွဲ ရုပ်ရှင် Disney စတင် ရိုက်ကူးနေပြီဖြစ်