နိုင်ငံခြားသားတဦး ချစ်သူဖြစ်နေတဲ့ မော်ဒယ် ပက်ထရစ်ရှာကတော့ ချစ်သူများနေ့မှ မဟုတ်ဘဲ စိတ်ကောက်တဲ့အခါတိုင်း Surprise လုပ်ခံရပြီး Valentine’s Day မှာတော့ ချစ်သူနဲ့အတူ ရှိနေမယ်လို့ ဆိုပါတယ်။
“ချစ်သူများနေ့မှာ ချစ်ရတဲ့သူတွေနဲ့ ရှိပါမယ်။ မိသားစုတွေနဲ့ရော၊ ချစ်သူနဲ့ရော ရှိပါမယ်။ ချစ်သူက ၂ လ တခါလောက် လာပါတယ်။ အမြဲ Surprise လုပ်တယ်။ စိတ်ကောက်တိုင်းလည်း Surprise လုပ်ပြီး ချော့တယ်။ လက်ဆောင် ဘာရချင်တယ်၊ ဘာလိုချင်တယ်ဆိုပြီးတော့ မရှိပါဘူး။ သူဘာလေးပဲပေးပေး ဝမ်းသာပါတယ်။ လက်ထပ်ဖို့က ကိုယ်တိုင်တောင် မသိသေးတော့ ဖြစ်လာရင် ပရိသတ်က Surprise တော့ဖြစ်မှာ”
“သူတို့ချစ်တဲ့ အနုပညာရှင် လက်ထပ်လိုက်ရင် တချို့ကလည်း နှမြောမှာပေါ့။ တချို့ကလည်း ဝမ်းသာပေးမှာပေါ့။ ချစ်သူက လက်ထပ်ချင်နေပြီ၊ ကျမကတော့ ငယ်သေးတယ်လို့ ထင်တယ်။ နောက်ပြီး တက်လမ်းလည်း အများကြီးရှိသေးတော့ ကြိုးစားချင်သေးတယ်။ သူက အိမ်ထောင်ပြုချင်တယ်၊ ကလေးတွေ လိုချင်တယ်။ ချစ်သူက အရမ်းကြိုးစားတယ်။ အရမ်း စိတ်ကြီးပေမယ့် ကိုယ့်ကိုတွေ့ချိန်မှာ ကိုယ့်စိတ်တိုင်းကျ လိုက်လုပ်ပေးတယ်။ သူက စိတ်မရှည်တော့ စိတ်ရှည်ဖို့ သင်ပေးတယ်”လို့ ပက်ထရစ်ရှာက ပြောပါတယ်။
အချစ်ရေးမှာ စိတ်ချမ်းသာရတယ်ဆိုတဲ့ ပက်ထရစ်ရှာက ချစ်သူထားလိုက်တိုင်း ကောင်းတဲ့ ယောကျာ်းတွေနဲ့ပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“သူလာရင် ဘုရားတွေ လိုက်ပို့ဖြစ်တယ်။ ရှမ်းဝတ်စုံလေး ပေးဝတ်ဖူးတယ်။ မြန်မာဘာသာစကားလည်း သူကပြောတတ်ချင်တယ်။ ကိုယ်ကစိတ်မရှည်တော့ မသင်ပေးဘူး။ မြန်မာအစားအစာ စားချင်ပေမယ့် သိပ်မစားရဘူး။ အချစ်ရေးက စိတ်ချမ်းသာရပါတယ်”
“အိမ်ထောင်ကျရင်တော့ မပြောတတ်ဘူး။ ချစ်သူထားလိုက်တိုင်းကောင်းတဲ့ ယောကျာ်းတွေနဲ့ပဲ တွေ့ရပါတယ်။ မကောင်းတဲ့ ယောကျာ်းနဲ့ သိပ်မတွေ့ကြုံရဘူး။ အိမ်ထောင်ကျရင်တော့ မပြောတတ်ဘူး။ ပရိသတ်တွေကတော့ ကျမပျော်ရင် သူတို့လည်း ပျော်မှာပါ”လို့ ပက်ထရစ်ရှာက ပြောပါတယ်။
မော်ဒယ် ပက်ထရစ်ရှာက လတ်တလော ပွဲတက်တွေနဲ့ ကြော်ငြာတွေကို ဦးစားပေး လုပ်ကိုင်နေပြီး ဇာတ်ကား ရိုက်ကူးမှုတွေ ခဏနားထားကာ ရိုက်ပြီးသား ဇာတ်ကားတွေ ရုံတင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ပက်ထရစ်ရှာရဲ့ ချစ်သူက နိုင်ငံခြားသားတဦး ဖြစ်တာကြောင့် သူတို့ တွဲခါစမှာတော့ လူမျိုးခြားနဲ့ တွဲတယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ စုံတွဲကို လက်ခံပေးလာကြတာ တွေ့ရပါတယ်။
You may also like these stories:
ဒါရိုက်တာ Bong Joon-ho နဲ့အတူ အော်စကာဆုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့လို့ Honey Lee ဝေဖန်ခံရ
Spotify မှာ ထိပ်တန်းအချစ်သီချင်းအဖြစ် John Legend ရဲ့ ‘All of Me’ သီချင်း သတ်မှတ်ခံရ
“ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူး”လို့ ခီမောင်နှံ ပြော