Entertainment

Robert Pattinson ကို Batman ဝတ်စုံနဲ့ ပထမဆုံး မြင်လိုက်ရလို့ ပရိသတ်များ အံ့အားသင့်ကြရ

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ Matt Reeves ရိုက်ကူးထားတဲ့ The Batman ရုပ်ရှင်အပေါ် ပရိသတ်များအနေနဲ့ အမျှော်လင့်ကြီး မျှော်လင့်နေကြပြီး ထွက်ရှိလာဖို့ နီးကပ်လာနေပြီဖြစ်တဲ့ ရုပ်ရှင်အတွက် ရင်ခုန်နေကြပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့၊ လွန်ခဲ့တဲ့နာရီ အနည်းငယ်ကပဲ ဒါရိုက်တာ Matt Reeves ကိုယ်တိုင် Robert Pattinson ဝတ်ဆင်ထားတဲ့ Batman ဝတ်စုံကို အားလုံး အံ့အားသင့်အောင် ပြန်လည်မျှဝေလိုက်ပါတယ်။

ဝတ်စုံဒီဇိုင်းနဲ့ နာမည်ကျော်မင်းသား Robert Pattinson တို့ အံဝင်ခွင်ကျရှိရုံသာမက Joaquin Phoenix ပါဝင်တဲ့ Joker ရုပ်ရှင် မထွက်ခင်နေ့တွေကို တချို့ပရိသတ်တွေ ပြန်လည်အမှတ်ရကောင်းရကြမှာပါ။ Gotham မြို့ရဲ့ အမှောင်ထုနဲ့ ဒုစရိုက်နယ်မြေတွေထဲ Matt Reeves ဖန်တီးထားတဲ့ Batman ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ပရိသတ်ဘက်တွေက ခန့်မှန်းပြောဆို တုန့်ပြန်မှုတွေ ဆူညံနေခဲ့တဲ့ မနက်ခင်းတခုဆိုလည်း မှားနိုင်မယ် မထင်ပါဘူး။

“Batman: Arkham Knight” ဗီဒီယိုဂိမ်းထဲက ဒီဇိုင်းနဲ့ အနည်းငယ်ဆင်တူတယ်လို့ ဝေဖန်သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေတယ်ဆိုပေမယ့် အခု Robert Pattinson ဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ ချပ်ဝတ်တန်ဆာတခုထက် နိမ့်ပါးနေပုံပေါ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အပြန်အလှန်ပြောဆိုမှုတွေရှိနေခဲ့ပါတယ်။

Batman ဝတ်စုံတွေရဲ့ ထုံးစံအတိုင်း အခုဝတ်စုံမှာလည်း သူ့ရဲ့ မူရင်းပုံစံ လင်းနို့ပုံ Logo တခု ပါဝင်နေဆဲဖြစ်ပြီး တခြားစွမ်းအားမြင့် လုပ်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြတာပါ။

ဘာဖြစ်ဖြစ် Joaquin အနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို အော်စကာဆုပေးပွဲမှာ ရရှိခဲ့တာဖြစ်တဲ့အတွက် Warner Bros. အနေနဲ့ DC ဇာတ်ကောင်တွေကို ရုပ်ရှင်အဖြစ် ထုတ်လုပ်ဖန်တီးတဲ့အခါမှာ ပိုပြီး အားစိုက်ထုတ်လာဖြစ်လို့ The Batman ရုပ်ရှင်ကိုလည်း အကောင်းဆုံးဖြစ်လာဖို့ ပရိသတ်တွေမျှော်လင့်ထားကြပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

ချစ်သူများနေ့မှာ ချစ်သူနဲ့ အတူရှိနေမယ်ဆိုတဲ့ မော်ဒယ် ပက်ထရစ်ရှာ

ဂျက်ကီချန်းနဲ့ အာနိုးတို့ကို အတူတူ မြင်တွေ့ရမယ့် ‘The Iron Mask’ ရုပ်ရှင်

Spotify မှာ ထိပ်တန်းအချစ်သီချင်းအဖြစ် John Legend ရဲ့ ‘All of Me’ သီချင်း သတ်မှတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading