Entertainment

“Goblin” ကို ကျော်တက်ပြီး လူကြည့်အများဆုံး စံချိန်တင်ခဲ့တဲ့ “Crash Landing on You”

Want create site? Find Free WordPress Themes and plugins.

tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Crash Landing on You” ဒရာမာကတော့ အောင်မြင်မှုတခုနဲ့အတူ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆွန်းယယ်ဂျင်းတို့ ပါဝင်ထားကြတဲ့ အဲ့ဒီဒရာမာရဲ့ နောက်ဆုံးအပိုင်းဟာ tvN ရုပ်သံသမိုင်းမှာ လူကြည့်နှုန်း အမြင့်ဆုံး စံချိန်သစ်ကို တင်လိုက်တယ်လို့ သိရပါတယ်။

Nielsen Korea ရဲ့ အဆိုအရ “Crash Landing on You” ဒရာမာဟာ ပျှမ်းမျှလူကြည့်နှုန်း ၂၁ ဒဿမ ၆၈၃ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၄ ဒဿမ ၁ ရာခိုင်နှုန်းအမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပမာဏဟာ ဆိုရင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက “Goblin” ဒရာမာ နောက်ဆုံးအပိုင်းက တင်ခဲ့တဲ့ စံချိန် ၂၀ ဒဿမ ၅ ရာခိုင်နှုန်းကို ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

“Crash Landing on You” ဒရာမာဟာ ဆိုးလ်မြို့ပြဒေသမှာ တော်တော်လေးကို အခြေအနေကောင်းခဲ့ပြီး နောက်ဆုံးအပိုင်းမှာ ပျှမ်းမျှလူကြည့်နှုန်းဟာ ၂၃ ဒဿမ ၂၄၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ တောင်ကိုရီးယားက စီးပွားရေးလုပ်ငန်းကြီး တခုကို ဆက်ခံရမယ့် သူဌေးမလေးဟာ လေဟုန်စီးနေတဲ့အချိန် လေဆင်နှာမောင်း တိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် လုံခြုံရေးထူထပ်စွာချထားတဲ့ စစ်မဖြစ်ပွားရေးဇုန်ထဲကို ကျရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူဟာ ထိပ်တန်းမြောက်ကိုရီးယားဗိုလ်ချုပ်ကြီးတဦးရဲ့ သားဖြစ်သူနဲ့ တွေ့ဆုံခဲ့ရာကနေ နှစ်ဦးသား ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။

ဇာတ်လမ်းထဲမှာတော့ ကိုရီးယားစီးရီးတွေထဲမှာ မြင်လေ့မြင်ထ မရှိတဲ့ မြောက်ကိုရီးယားဘက်အခြမ်းက အခြေအနေတချို့ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ တပါတီ အာဏာရှင် စနစ်အောက်က မြောက်ကိုရီးယားနိုင်ငံမှာတော့ ကျူးကျော် ဝင်ရောက်လာသူတွေကို ထောင်ချတာနဲ့ သစ္စာ မရှိတဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးတာတွေကို မြင်တွေ့ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်သွားတဲ့ သူဌေးမလေးဟာ တောင်ကိုရီးယားထဲကို ပြန်လာခဲ့ပေမယ့် ဇာတ်လမ်းရဲ့ ဗီလိန်လက်ထဲကနေ ကယ်ဆယ်ဖို့ မြောက်ကိုရီးယားဗိုလ်ကြီးနဲ့ သူ့ရဲ့ အပေါင်းအပါတွေပါ လိုက်လာကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မြောက်ကိုရီးယား ရွာသူရွာသားတွေရဲ့ ထူးထူးဆန်းဆန်း လူနေမှုဘဝပုံစံကို သဘောတွေ့ခဲ့ကြပါတယ်။

ဝေဖန်သူ တချို့ကတော့ အဲ့ဒီဒရာမာဟာ မြောက်ကိုရီးယားကို အမွှမ်းတင်ထားတယ်လို့ စွပ်စွဲခဲ့ပြီး လက်ယာယိမ်း အဖွဲ့တခုက ရာဇဝတ်မှုကြောင်းအရာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကြီးမားစွာ ထုတ်လုပ်ထားတဲ့ ဒရာမာ ဖြစ်တာကတကြောင်း၊ မြောက်ကိုရီးယား ဗိုလ်ကြီးအဖြစ် မင်းသား ဟွန်ဘင်းနဲ့ သူဌေးသမီးအဖြစ် မင်းသမီး ဆွန်းယယ်ဂျင်းတို့က သရုပ်ဆောင်ထားတာတကြောင်း တော်တော်လေးကို အောင်မြင်ခဲ့တာ တွေ့ရပါတယ်။

Ref: Soompi, Asiaone

You may also like these stories:

ပြသနေဆဲ “Crash Landing on You” ဒရာမာမှာ ဘယ်လို ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲ

မြောက်ကိုရီးယားကို အမွှန်းတင်သည်ဟုဆိုကာ “Crash Landing on You” ဒရာမာ တိုင်ကြားခံရ

အပိုင်းသစ် ထုတ်လွှင့်မှု ခေတ္တ ရပ်နားမယ့် “Crash Landing On You” ဇာတ်လမ်းတွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading