Entertainment

MCU ကို ပြန်လာဖို့ ဆွေးနွေးမှု မပြီးဆုံးနိုင်သေးတဲ့ Marvel နဲ့ Robert Downey Jr.

Want create site? Find Free WordPress Themes and plugins.

“Avengers: Endgame” ပြီးဆုံးသွားခဲ့ပြီးနောက်ပိုင်းမှာ ထပ်ပြင်ဆင်လာတဲ့ MCU ရဲ့ နောက်ထပ်ခြေလှမ်းသစ်တွေဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ Disney Plus နဲ့ ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ Marvel ရဲ့ အရင် သရုပ်ဆောင်တွေနဲ့ မျက်နှာသစ် သရုပ်ဆောင်တွေကိုပါ အတူတကွ တွေ့မြင်ကြရဖို့ ရှိနေခဲ့တာပါ။

Iron Man နဲ့ Captain America စတဲ့ ဇာတ်ကောင်တွေဟာ MCU ရဲ့အောင်မြင်မှုအရရှိဆုံး၊ Marvel ရဲ့ နှလုံးသားလို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့ ဇာတ်ကောင်တွေပဲဖြစ်ပါတယ်။ Chris Evans ရဲ့ Captain America နဲ့ Robert Downey Jr. ရဲ့ Iron Man တို့ဟာ Marvel ရုပ်ပြတွေကို ရုပ်ရှင်အဖြစ်ဖန်တီးကတည်းက ပရိသတ်တွေရဲ့ မှတ်ဉာဏ်မှာ စွဲစွဲထင်ထင် ရှိခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁ လခန့်ကတည်းက Marvel Stuido အနေနဲ့ Robert Downey Jr. ကို MCU ဆီ ပြန်လည်ပါဝင်လာဖို့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နာမည်ကျော် မင်းသားတဦးဖြစ်တဲ့ Robert Downey Jr. ရဲ့ သရုပ်ဆောင်ကြေးဟာ မြင့်တက်နေတာဖြစ်လို့ Marvel နဲ့ ဆွေးနွေးမှုဟာ အခုအချိန်ထိ ကြာမြင့်နေခဲ့တာပါ။

နီးစပ်ရာ အသိုင်းအဝိုင်းမှာတော့ Marvel ရဲ့ Kevin Feige နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစုဟာ Robert Downey Jr. ရဲ့ သရုပ်ဆောင်ကြေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိသလို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် ဆွေးနွေးပြောဆိုခြင်း မရှိဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီအတိုင်းဆို MCU ဆီ Robert Downey Jr. ပြန်လာဖို့ဟာ ကြန့်ကြာနေဦးမှာဖြစ်ပြီး Iron Man ပရိသတ်တွေအနေနဲ့တော့ မချင့်မရဲဖြစ်စရာ ကာလတွေပဲဖြစ်ပါတယ်။ “Sherlock Holmes 3” ရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်မယ့် Robert Downey Jr. အတွက်တော့ MCU နဲ့ မသက်ဆိုင်တဲ့ အချိန်စာရင်းတွေ ပြည့်နေမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

သူတို့ရဲ့ ဝန်ထမ်းတွေကို တာဝန်က ရပ်စဲလိုက်တဲ့ ဟယ်ရီနဲ့ မီဂန်

ကိုရိုနာဗိုင်းရပ် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံမှာလုပ်မယ့် ‘No Time To Die’ အထူးပွဲကို ဖျက်သိမ်း

တောင်ကိုရီးယားကို ပြန်လာတဲ့ ဒါရိုက်တာ Bong Joon-ho သူရဲကောင်းဆန်ဆန် ကြိုဆိုခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading