• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အချစ်အပေါ် ခံယူချက်က အသက်တွေ၊ အချိန်တွေနဲ့ မဆိုင်ဘူး”လို့ ဝင်းမင်းသန်း ပြော

by ယုဖြူဟန်
17 February 2020
in Entertainment
A A
Beauty Blogger ဝင်းမင်းသန်း /  ယုဖြူဟန် / ဧရာဝတီ

Beauty Blogger ဝင်းမင်းသန်း / ယုဖြူဟန် / ဧရာဝတီ

8.7k
VIEWS
Share on FacebookShare on Twitter

အလှအပရေးရာများ၊ Lifestyle နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဆိုရှယ်မီဒီယာကနေတဆင့် လူအများအား ဝေမျှလေ့ရှိတဲ့ Beauty Blogger ဝင်းမင်းသန်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အပျိုကြီးဖြစ်နေတဲ့အကြောင်းနဲ့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ရင်ဖွင့်ခဲ့ပါတယ်။

“အရင်တုန်းကလေ ကျမက ကျမဘဝကို Private ထားတယ်။ ကိုယ်တိုင်ကလည်း Privacy ကိုသဘောကျတဲ့သူ တယောက် သူများတဖက်သားကိုလည်း Privacy ကို မချိုးဖောက်တဲ့သူ တယောက်၊ အရင်တုန်းကဆို အပျိုကြီးလုပ်တာကိုပဲ ပြောတယ်။ အပျိုကြီး ဘာကြောင့်လုပ်လဲဆိုတာကို မပြောတဲ့အခါမှာ တချို့တလေရဲ့တိုက်ခိုက်မှုတွေလည်း ခံရတယ်။ တချို့ရဲ့နားမလည်တာတွေလည်း ခံရတယ်”

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
245
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
797
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

“အဲ့တော့ ကိုယ့်လိုပဲ အသည်းကွဲလို့ အပျိုကြီးလုပ်နေတာလား။ ယောကျ်ား မလိုချင်လို့ အပျိုကြီးလုပ်နေတာလား။ ဒီလိုပုံစံမျိုးတွေ အများကြီးရှိနေတဲ့ ထဲမှာမှ ကျမအနေနဲ့ပြောဖို့သင့်ပြီလို့ ခံယူတယ်။ ကိုယ်တိုင်လည်း ရင်ထဲကလာတာကိုပဲ ပြောတယ်။ Live လုပ်ရင်လည်း ရင်ထဲကလာတဲ့ စကားကိုပဲပြောလို့ လူတွေ လက်ခံလာတယ်လို့ ထင်ပါတယ်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

အရင်က ဝိုင်းဆဲဝိုင်းပြောကြမှာကို မိန်းမတယောက်အနေနဲ့ ကြောက်တာကြောင့် ရင်ထဲမှာရှိတာကို ဖွင့်မပြောတတ်ပေမယ့် အခုအချိန်မှာတော့ ရင်ဖွင့်တတ်လာတယ်လို့ ဆိုပါတယ်။

“တဖြည်းဖြည်းနဲ့ လူတွေကို ရင်ဖွင့်တတ်လာတယ်။ အရင်တုန်းကဆို မပြောဘူး။ ပိတ်လှောင်ထားတယ်။ ကြောက်တာလည်း ပါတယ်။ ကြောက်တယ်ဆိုတာက ဝိုင်းဆဲကြတာတို့၊ ဝိုင်းပြောကြတာတို့ဆိုရင် ကိုယ်လည်း မိန်းကလေးတယောက်ဆိုတော့ ခံစားရတာပဲ။ ဝိုင်းဆဲမယ်၊ ဝိုင်းဆဲမယ်ဆိုတဲ့ စိတ်ကို နည်းနည်းကြောက်တော့လေ မပြောဖြစ်တာ များတယ်။ အခုတော့ တဖြည်းဖြည်း ကြိုးစားပြီး ပြောဖြစ်နေပါတယ်” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

ဝင်းမင်းသန်းကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်က တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့ ချစ်သူကို အခုအချိန်ထိ ရင်ထဲမှာရှိနေသေးပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အချစ်အပေါ်ခံစားမှုကတော့ အသက်နဲ့လည်း မဆိုင်ဘူး။ အချိန်နဲ့လည်း မဆိုင်ဘူး။ လူတယောက်ရဲ့ ခံယူချက်နဲ့ပဲ ဆိုင်တယ်။ ကျမအတွက်ကတော့ သူနဲ့ ပတ်သက်လာရင် လွန်ခဲ့တဲ့ ၁၁ နှစ်က ရင်ခုန်ခဲ့တဲ့အတိုင်း အခုထိ ရင်ခုန်တုန်းပဲ။ အခုအချိန်ထိလည်း ရင်ထဲမှာ သူတယောက်တည်း၊ ဒါပေမဲ့ ရင်ထဲမှာ သူတယောက်တည်းဆိုလို့ တသက်လုံးကြီး သူတယောက်တည်းလားဆိုတော့လည်း မဟုတ်ဘူး”

“ကြားထဲမှာတော့ ကိုယ့်ကို ပြောတဲ့သူတွေတော့ ရှိတယ်။ ဒီထက် ရှေ့ဆက် မသွားဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် မို့လို့ပေါ့”လို့ ဝင်းမင်းသန်းက ပြောပါတယ်။

လမ်းခွဲလိုက်ကြပြီး အသည်းကွဲခဲ့ရပေမယ့် အလုပ်တွေကိုတော့ အဆက်မပြတ် လုပ်ကိုင်ခဲ့ပြီး အသည်းကွဲတာက သပ်သပ်၊ ရင်ထဲမှာရှိနေတာက သပ်သပ်လို့ ပြောပါတယ်။

“မြန်မာပြည်ပြန်လာလို့ လမ်းခွဲလိုက်တာပါ။ အသည်းကွဲတာတော့ အသည်းကွဲတာပဲ။ အသည်းကွဲတဲ့ဒဏ်ရာ ပျောက်ချင်တယ်ဆိုပြီး ဘယ်တော့မှတော့ ကုစားတာ မရှိဘူး။ အချိန်ကတော့ အကောင်းဆုံးလုပ်ပေးသွားတယ်။ ဒါပေမဲ့ အသည်းကွဲတုန်းကလည်း အလုပ်လုပ်တယ်။ မိတ်ကပ်လည်း လိမ်းတယ်။ Skin Care လည်း လုပ်တယ်။ သွားစရာရှိတာလည်း သွားတယ်။ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်နေတယ်။ အသည်းကွဲတာက ကွဲတာပဲ။ ရင်ထဲမှာ သူရှိနေတာက ရှိတာပဲ”လို့ ပြောပါတယ်။

ဝင်းမင်းသန်းကတော့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပြီး သူ့ကို အားပေးတဲ့ ပရိသတ်များအနေနဲ့ ခံစားခဲ့ရပြီး ပြန်လည် ပေါင်းဖက်စေချင်တာမျိုးတွေ ရှိပေမယ့် တယောက်တနေရာစီမှာ နေသားတကျ ဖြစ်နေကြပြီလို့ ဆိုပါတယ်။

“ထင်တာတော့ ကိုယ့်ထက်ပိုပြီးသူတို့တွေ ပိုငိုသွားတယ်ထင်တယ်။ ဆောရီးပါ။ ပြောပြသင့်တယ်ထင်လို့ ပြောပြတယ်။ ပြောပြချင်စိတ် ရှိလို့လည်း ပြောပြတယ်။ ဒါကို ထပ်တူထပ်မျှ လိုက်ခံစားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ပုံတွေလည်း ပလူကို ပျံနေတာပဲ။ ကိုယ်လုပ်တာ မဟုတ်ပေမယ့် ပျံ့သွားတော့ သူ့ကို ဘယ်လိုစကားနဲ့ ဘယ်လိုပြောရမှန်းတောင် မသိဘူး” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

ဝင်းမင်းသန်းကိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ လူအများက သူ့ရဲ့ Skincare ပြုလုပ်ရင်း ပြောတဲ့ စကားလုံးများကြောင့် အခုအချိန်မှာ ပိုမို အားပေးခြင်းကို ခံနေရပါတယ်။

You may also like these stories:

တောင်ကိုရီးယားကို ပြန်လာတဲ့ ဒါရိုက်တာ Bong Joon-ho သူရဲကောင်းဆန်ဆန် ကြိုဆိုခံရ

“Goblin” ကို ကျော်တက်ပြီး လူကြည့်အများဆုံး စံချိန်တင်ခဲ့တဲ့ “Crash Landing on You”

“သက်သေ အခိုင်အလုံရှိလို့ အခုအချိန်မှာ လူရှေ့ထွက်ပြီး အလုပ်လုပ်နေတာ”လို့ နေဒွေး ပြော

Your Thoughts …
Tags: ဝင်းမင်းသန်းအချစ်ရေး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ကိုယ့်ချစ်သူ တခုခုဖြစ်နေတဲ့အခါ (သို့မဟုတ်) သဝန်တိုတာမျိုး ဖြစ်နေတဲ့အခါ တယောက်နဲ့ တယောက် အားပေးပါ

အချစ်ရေးမှာ သဝန်တိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ၇ ချက်

by Crayon
9 April 2018
11.7k

ကိုယ့်ရဲ့ ချစ်သူက တခုခု ဖြစ်နေတဲ့အခါ (သို့မဟုတ်) သဝန်တိုတာမျိုး ဖြစ်နေတဲ့အခါ ငါနဲ့မ ဆိုင်ဘူးလေ၊ ငါဘာမှ မလုပ်ထားဘူး ဆိုတာမျိုးနဲ့ ရှောင်ပြေးနေမယ့်အစား သူစိတ်ခံစားချက် ကောင်းမွန်လာအောင် ဖျောင်းဖျ သင့်ပါတယ်။

ဘလော့ဂါ ဝင်းမင်းသန်း

အကျဉ်းကျခံနေဆဲ အမျိုးသမီးထုရဲ့ “Glow Nation” ဘလော့ဂါ ဝင်းမင်းသန်း

by ဧရာဝတီ
8 March 2022
11.3k

LGBT အရေးနဲ့ အမျိုးသမီးရေးရာ ကိစ္စတွေမှာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပြီး သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုလေ့ရှိတဲ့ အဝင်းကို အမျိုးသမီးတွေသာမက လိင်တူချစ်သူတွေကပါ လေးစားချစ်ခင်ကြပါတယ်။ LGBT အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဝင်းမင်းသန်းက အများကြီး လူရှေ့ထွက်...

အချစ်ရေးမှာ အမြဲ ကျန်ရစ်ဖြစ်ရတဲ့ အကြောင်းအရင်းများ

အချစ်ရေးမှာ အမြဲ ကျန်ရစ်ဖြစ်ရတဲ့ အကြောင်းအရင်းများ

by ရေဗန်
21 February 2019
5.9k

လက်ရှိချစ်သူကို အတိတ်က ချစ်သူနဲ့ အမြဲခိုင်းနှိုင်းပြီး ပြောဆိုနေမယ်ဆိုရင် လက်ရှိချစ်သူကလည်း သူတို့ကိုသူတို့ ယုံကြည်မှုကင်းမဲ့ပြီး သင်တို့ နှစ်ယောက်ကြား ပြဿနာတွေ ပိုများလာနိုင်ပါတယ်။

အချစ်ရေးမှာ နှစ်ဦးကြား ပြဿနာ နည်းအောင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေ ရှိပါတယ်

အချစ်ရေးမှာ ပြဿနာနည်းအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်း ၅ ခု

by Crayon
10 June 2018
11.8k

တယောက်က ရည်မှန်းချက် အရမ်းကြီးတာကြောင့် အချစ်ရေးကို ဦးစားမပေးဘူး၊ တဖက်လူက ဂရုစိုက် ခံချင်တယ်ဆိုရင် ပြဿနာ ရှိလာပါပြီ။ ဒါ့အပြင် သင်က ကိုယ်ရည်သွေးပြီး တဖက်သားကို နှိမ့်ချတာမျိုး ရှောင်ကြဉ်ပါ။

မော်ဒယ် ၊ သရုပ်ဆောင် တိုင်ရွန်  /  Tyron's Facebook

“ရည်းစားထားရင် Public မှာ ပုံတင်မှာ မဟုတ်ဘူး”လို့ ပြောတဲ့ တိုင်ရွန်

by ယုဖြူဟန်
23 September 2019
5.8k

ရည်းစားကပြတ်သွားတာ ၂ ရက်ပဲ ရှိသေးတယ်။ လောလောဆယ် ရင်သိပ်မခုန်သေးတာရော အလုပ်မအားတော့ အာရုံမစိုက်ဖြစ်တာ ပါတယ်။

အလှမယ်ခင်ဝင့်ဝါ / Khin Wint Wah's Facebook

“အတ္တမပါဘဲ ချစ်နေရင် အကောင်းဆုံး”လို့ ဆိုလာတဲ့ ခင်ဝင့်ဝါ

by ချစ်ပိုး
30 December 2019
6.1k

အချစ်ကို ထွေထွေထူးထူး နားမလည်ထားဘူး။ အချစ်ဆိုတာ ချစ်နေရရင် ပြီးပြီလေ။ အဲ့လိုပဲ သတ်မှတ်ထားတယ်။ အများကြီး အဓိပ္ပါယ် မဖွဲ့တတ်ဘူး။ ကိုယ်ကသူ့ကို ချစ်နေရရင် ပြီးပြည့်စုံတယ်ပေါ့။

Next Post
ခရီးသွားခြင်းကို လုံးဝ ထိန်းချုပ်ထားသော ဝူဟန်မြို့တွင်း၌ ပိုးသတ်ဆေးဖြန်းနေသူတဦး / Reuters 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၁,၇၀၀ကျော် ရှိလာ

လွှတ်တော်တွင် တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate