Disney ရဲ့ Live-action ရုပ်ရှင်ဖြစ်တဲ့ “Mulan” ကို နောက်လာမယ့် ၂ လလောက်ဆိုရင် ပြသတော့မှာ ဖြစ်ပါတယ်။ Insider မီဒီယာရဲ့ ဖော်ပြချက်အရ အဲ့ဒီရုပ်ရှင်ထဲက အဲ့ဒီက ဇာတ်ဆောင်မင်းသမီး Liu Yifei နဲ့ သူ့ရဲ့ တင်ဆက်မှု အကြောင်း အသေးစိတ် အချက်တချို့ကို သိရှိခွင့်ရခဲ့ပါတယ်။ Insider မီဒီယာက ရုပ်ရှင်ဓာတ်ပုံပညာရှင် Mandy Walker နဲ့အင်တာဗျူးတခုကို ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ အင်တာဗျူးမှာ Walker က “ကျမ အဲ့ဒီရုပ်ရှင်ကို ကြည့်တဲ့အချိန်တိုင်း တော်တော်လေးကို ယုံကြည်မှု ရှိပါတယ်။ တော်တော်လေးကိုလည်း စိတ်လှုပ်ရှားရပါတယ်။ ကျမအတွက်တော့ တော်တော်လေးကို ကောင်းတဲ့ လက္ခဏာပါ။ ပစ္စည်းတွေ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို ကျမ သိတယ်”
“ဒါပေမဲ့ ကျမအပေါ် အကျိုးသက်ရောက်မှုတော့ ရှိနေဆဲပါပဲ။ CGI အထူးပြုလုပ်ချက် မလိုအပ်ဘဲ ကင်မရာရှေ့မှာ တကယ့်ဖြစ်ပျက်နေတဲ့ စစ်ပွဲတခုရဲ့ ဇာတ်ဝင်ခန်းတွေကို သူနဲ့ ဒါရိုက်တာ Niki Caro တို့က ဘယ်လို ကိုင်တွယ် ရိုက်ကူးခဲ့တယ်” ဆိုတဲ့အကြောင်းကိုပဲ အသေးစိတ် ပြန်လည် ရှင်းပြခဲ့ပါတယ်။
Walker က “ကျမတို့မှာ စစ်ပွဲတဖက်စီအတွက် မြင်းအကောင် ၆၀ နဲ့ လူ ၁၀၀ ရှိပါတယ်။ ဒါ CGI နဲ့ပြုပြင်တာမျိုး မဟုတ်ဘဲ ရုပ်ရှင်ထဲမှာ အစစ်အမှန်လို့ ပြောနိုင်မယ့် လက်တွေ့ အမှန်တရားတွေကိုပဲ လုပ်ခဲ့တယ်” လို့ ဆိုပါတယ်။
သူဟာ မင်းသမီး Yifei နဲ့ အလုပ်အတူတူ တွဲလုပ်ရတာကို သဘောကျတယ်လို့ ပြောဆိုခဲ့ပြီး မင်းသမီးဟာ ဇာတ်လမ်း တခုလုံးမှာပါတဲ့ စတန့်ပြကွက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Walker က “Liu Yifei က တော်တော်လေးကို ထူးခြားပါတယ်။ တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့သူ ဖြစ်ပေမယ့် တကယ့်ကိုပဲ ပရော်ဖက်ရှင်နယ် ကျပါတယ်။ သူကိုယ်တိုင် စတန့်ပြကွက်တွေကို လုပ်တဲ့အချိန်မှာလည်း တော်တော်လေးကို ကောင်းမွန်ပါတယ်။ မြင်းစီးတာ၊ ဓားသိုင်းချတာ၊ သိုင်းချတာ၊ တိုက်ပွဲတိုက်တာနဲ့ စတန့်ပြကွက်တွေမှာပေါ့။ ကျမတို့က အမြဲတမ်း အဲ့ဒီမှာ စတန့်သမားတယောက်ကို ထားထားပါတယ်”
“ဒါပေမဲ့ သူက တော်တော်လေးကို လေ့ကျင့်ထားတာပါ။ သူနဲ့ ကျမတို့ ကြိုးစားကြည့်ခဲ့တယ်။ ၁၀ ကြိမ်မှာ ၉ ကြိမ်အထိ သူလုပ်နိုင်ခဲ့တယ်။ သူလှုပ်ရှားမှုတွေ လုပ်နေချိန်ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေမှာ သူ့ရဲ့မျက်နှာကို ရှင်တို့ ရှင်းရှင်းလင်းလင်း မြင်ရမယ်လို့ ကျမ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
အခု “Mulan” ရုပ်ရှင်မှာ မင်းသား Donnie Yen ၊ မင်းသား ဂျက်လီနဲ့ မင်းသမီး Gong Li တို့လို နာမည်ကျော် သရုပ်ဆောင်တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ လာမယ့် မတ်လ ၂၇ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Ref: thedisinsider
You may also like these stories:
အော်စကာဆုရ “Parasite” ရုပ်ရှင်ဖန်တီးသူတွေကို အိန္ဒိယရုပ်ရှင် ထုတ်လုပ်သူ တရားစွဲမည်
‘Love Island’ တင်ဆက်သူ ကွယ်လွန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ယူကေမီဒီယာ စည်းမျဉ်း
အဆိုတော် AR-T ရဲ့ “Silent” Music Video ကို ကြည့်ပြီး မျက်လုံးပြူးခဲ့ရတဲ့ ဝေကြီး