• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အမှုအတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားတယ်လို့ ဆိုလာတဲ့ သင်းသင်း

by ယုဖြူဟန်
18 February 2020
in Entertainment
A A
ရုံးချိန်း တခုမှာ တွေ့ရတဲ့ အလှမယ် သင်းသင်း  / ဝေဝေနှင်း / ဧရာဝတီ

ရုံးချိန်း တခုမှာ တွေ့ရတဲ့ အလှမယ် သင်းသင်း / ဝေဝေနှင်း / ဧရာဝတီ

29.4k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ဝေဠုကျော်အား အလှမယ် သင်းသင်းမှ သင်္ဃန်းကျွန်း တရားရုံးမှာ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့အမှုဟာ ၁ နှစ်ကျော်လာပြီ ဖြစ်ပေမယ့် တရားလိုဘက်မှ သက်သေအသံဖိုင်များကိုသာ စစ်ဆေးနေဆဲဖြစ်ပြီး တရားလို သင်းသင်းကတော့ အမှုအတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားတယ်လို့ ပြောပါတယ်။

“နိုင်မယ်၊ မနိုင်ဘူး အဲဒါကိုတော့ ကိုယ်ဆုံးဖြတ်လို့ မရဘူး။ ကြောက်တယ်။ ရုံးက ဆုံးဖြတ်ရမှာလေ။ လူတိုင်းကတော့ ကိုယ့်ယုံကြည်ချက် အပြည့်နဲ့ လျှောက်နေတာဆိုတော့လေ။ ဒါပေမဲ့ ကိုယ်ကတော့ ၁၀၀ ရာခိုင်နှုန်းတော့ ယုံကြည်ထားတာပဲ။ မနက်ဖြန်နဲ့ ဒီနေ့တောင် မတူတော့ ဘာမှ ပြောလို့ မရဘူး” လို့ သင်းသင်းက ပြောပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
2.5k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
821
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.7k

နောက်ပိုင်း အလားတူ ကာမလိမ်လည်မှုများမှာ သူတို့အမှုကဲ့သို့ မဟုတ်ဘဲ အချိန်တိုအတွင်း သတ်မှတ်ချက်ဖြင့် သွားနေတာနဲ့ ပတ်သက်ပြီးတော့လည်း သင်းသင်းက အခုလို ပြောပါတယ်။

“အဓိကပြောချင်တာက တယောက်နဲ့ တယောက်က မတူဘူးလေ။ ကျမနဲ့ သူနဲ့က အတူတူ ဖက်ရိုက်ထားတာ၊ ကိုယ်လုံးတီး ချွတ်ရိုက်ထားတာ၊ အတူတူ ရိုက်တာ၊ နမ်းတာ အဲဒီပုံက မရှိတော့ လိမ်လည်မှုမြောက်တဲ့ သမီးရည်းစားပြောထားတာတွေကို သူ့ဘက်က ကိုယ့်ကို ယုံကြည်မှုပေးထားလဲဆိုတာကို အဲ့အထိ မြောက်အောင် သက်သေတင်ရမှာက ကျမ တာဝန်ပဲလေ။ အဲဒါကြောင့်ပါ”လို့ သင်းသင်းက ပြောပါတယ်။

လက်ရှိ သက်သေအဖြစ် တင်ထားတာတွေကိုတော့ သင်းသင်းအနေနဲ့ အားရကျေနပ်မှုရှိပြီး အမှုထင်ရှားတာ၊ မထင်ရှားတာဟာ ရုံးကဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

“တင်ထားတဲ့ အခြေအနေကတော့ ကိုယ်ကတော့ အားရတာပေါ့လေ။ ထင်ရှားတာ၊ မထင်ရှားဘူးက ရုံးက ဆုံးဖြတ်ရမယ့် အပိုင်းလေ။ ကျမကတော့ အဆင်ပြေလို့ တင်ထားတာတွေချည်းပဲ။ ကျမတင်ထားတာတွေအကုန်လုံးက ထိရောက်မှု ရှိပါတယ်။ ထိရောက်မှုရှိတာတွေပဲ ရွေးပြီးတော့ တင်ထားတာ။ ပြီးခဲ့တဲ့ တပတ်ကဆို ထူးခြားတဲ့ ထိရောက်မှုတွေ အများကြီးရှိတာပဲလေ”လို့ သင်းသင်းက ပြောပါတယ်။

အမှုစဖြစ်ခဲ့စဉ်က ကြားဝင်ညှိနှိုင်းတဲ့သူတွေ ရှိပေမယ့် မင်းသမီးတယောက်က သူ့နာမည် ထိခိုက်မှာစိုးတာကြောင့် မပြောရန် တောင်းပန်ထားတာကြောင့် မပြောခဲ့ပေမယ့် တဖက် ကာယကံရှင်ဘက်မှ ငြင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

“စပြီးဖြစ်တုန်းက ကြားလူတွေ ဝင်ကြတယ်။ သူတို့ အသိုင်းအဝိုင်းကလူတွေ ဝင်ကြတယ်။ မင်းသမီးတွေ ဝင်ကြတယ်။ သူတို့ရဲ့အဆက်အစပ်တွေ ဝင်ကြတယ်။ ကာယကံရှင်ကို အသိပေးပြီးတော့မှ ကိုယ့်ဆီကိုရောက်လာတာ ဒါတောင်မှ အင်တာဗျူးမှာ ဗြောင်ကြီးကို လိမ်သွားတယ်။ သူ့ကို လာညှိတာရှိရင်ထုတ်ပြပါဆိုပြီး ပြောတယ်”

“လာပြောတဲ့ကြားလူတွေထဲက တယောက်ကလည်း ပရဟိတအလုပ် လုပ်နေတော့ နာမည် ထိခိုက်မှာစိုးလို့ မပြောပါနဲ့ဆိုပြီး တောင်းပန်ထားလို့ အဲ့ပြဿနာတွေကို ကိုယ့်ဘာသာ တိတ်တိတ်ပုန်းပဲ ဖြေရှင်းလိုက်ရတာတွေ ရှိပါတယ်။ အဲဒါကြောင့် မီဒီယာမှာ ထုတ်ဖော်ပြီး ဘယ်သူဘယ်ဝါဆိုပြီး မပြောခဲ့ပါဘူး” လို့ သင်းသင်းက ပြောပါတယ်။

အခုအချိန်မှာတော့ အမှုနဲ့ ပတ်သက်ပြီး သင်းသင်းဘက်မှ သက်သေများသာ တင်ရသေးတာဖြစ်တာကြောင့် ဝေဠုကျော်ဘက်မှလည်း ပြင်ဆင်ထားတာတွေ ရှိမှာဖြစ်ပြီး သင်းသင်း အနေနဲ့ကတော့ ယုံကြည်မှုအပြည့်နဲ့ လမ်းလျှောက်တယ်လို့ ဆိုပါတယ်။

“သူ့ဘက်ကလည်း သူပြင်ဆင်ထားတာ ရှိမှာပေါ့။ ကျမကတော့ သိပ်ပြီးတော့ အဲ့လောက်ထိ မရှိဘူး။ အဓိကက ကိုယ့်ယုံကြည်မှုအပြည့်နဲ့ လမ်းလျှောက်တယ်။ တဖက်က အပိုင်းက သူတို့အပိုင်း၊ ကျမဘက်ကတော့ ကျမလမ်းကို ကျမ လျှောက်တယ်။ ဘယ်သူ့မှ မထိခိုက်ဘူး” လို့ သင်းသင်းက ပြောပါတယ်။

သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ မတ်လ ၄ ရက်နေ့ ချိန်းဆိုထားပါတယ်။

You may also like these stories:

“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော

“အစ္စဏီ ထောင် ၇ နှစ်ကျတာ ဘာပုဒ်မနဲ့ ကျတာလဲ မသိသေးဘူး”လို့ ဦးရောဘတ်စန်းအောင် ပြော

Your Thoughts …
Tags: ကာမလိမ်လည်မှုသင်းသင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.2k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.7k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

အလှမယ် သင်းသင်း / Thin Thin's Facebook

အလှမယ်ပြိုင်ပွဲ ၃ ပွဲအတွက် သိန်း ၅၀ ကျော် ကုန်ကျခံခဲ့ရတဲ့ သင်းသင်း

by ယုဖြူဟန်
22 January 2021
16.4k

“အရင်တုန်းကဆို သရဖူသိမ်းတယ်လို့ ပြောတယ်။ အိမ်မှာ သရဖူရော၊ စလွယ်ရော ရှိပါတယ်။ အဲ့လို သိမ်းလို့ မရပါဘူး။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

အလှမယ် သင်းသင်း / နေပိုင် / ဧရာဝတီ

ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း

by ယုဖြူဟန်
20 January 2021
24.5k

“ကျောင်းဆရာမအခန်း ပါရမယ်ဆိုတော့ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့တာ အိပ်မက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ရင် ငယ်ငယ်က ကျောင်းဆရာမ အရမ်းဖြစ်ချင်ခဲ့တာ။

Next Post
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ် သင်္ဘော ၁ စင်းဖြစ်သည့် MV.HAI LONG FA (IMO 8773172 ) ကို တွေ့ရစဉ် / Vessel Finder

မြန်မာ သင်္ဘောသား ၄၆ ဦး တရုတ်တွင် ဖမ်းဆီးခံထားရ

မရမ်းကုန်မြို့နယ်ရှိ နှင်းရွှေကြာ အထည်ချုပ်စက်ရုံမှ အလုပ်သမများ (ဧရာဝတီ)

ကုန်ကြမ်းပြတ်မှု ကြာရှည်ပါက အထည်ချုပ်စက်ရုံများ ပိတ်သိမ်းသည်အထိ ရှိလာနိုင်

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 hours ago
8.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate