Running Man အစီအစဉ်တွေနဲ့ နာမည်ကျော်ခဲ့သလို အာရှ ပရိသတ်တွေကြားမှာ လူကြိုက်များတာကြောင့် Asia Prince လို့ ခေါ်ကြတဲ့ မင်းသား လီဂွမ်ဆူဟာ အရင် တပတ်က ကားမတော်တဆမှုကြောင့် အနုပညာ အလုပ်တွေကနေ အနားယူထားရတယ်လို့ အေဂျင်စီဖြစ်တဲ့ King Kong by Starship Entertainment ကနေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မင်းသား လီဂွမ်ဆူဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အသေးစား ယာဉ်မတော်တဆမှုမှာ ထိခိုက် ဒဏ်ရာရခဲ့တာကြောင့် လက်ရှိ အနုပညာအလုပ်တွေ အပါအဝင် ပုံမှန်ပါဝင်နေတဲ့ Running Man အစီအစဉ်ကနေ ခေတ္တအနားယူနေရတယ်လို့ ဆိုပါတယ်။
“မင်းသား လီဂွမ်ဆူဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းက ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အပြင်ထွက်ရင်း အသေးစားယာဉ်တိုက်မှုတခု ဖြစ်ခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်း ဆေးရုံမှာ ဆေးကုသခဲ့တာကြောင့် ဘာမှ ထိခိုက်ဒဏ်ရာ ပြင်းထန်သွားတာမျိုး မရှိဘဲ ညာဘက်ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာနဲ့ လောလောဆယ်မှာ ဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေပါတယ်”
“မင်းသား လီဂွမ်ဆူ ဆေးကုသမှု ခံယူနေတာကြောင့် လက်ရှိ အနုပညာလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်သေးလို့ နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။ လက်ရှိ အခြေအနေကို စောင့်ကြည့်နေပြီး အမြန်ဆုံးပြန်ကောင်းဖို့အတွက် ဆေးကုမှုတွေခံယူပြီး သက်သာတဲ့ထိ အနားယူရဦးမှာပါ” လို့ အေဂျင်စီဘက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
မီဒီယာတွေကနေ ထုတ်ပြန်တဲ့သတင်းတွေအရ မင်းသား လီဂွမ်ဆူဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ကားမတော်တဆမှုကြောင့် ရရှိထားတဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ မင်းသားရဲ့ မတော်တဆမှုသ တင်းထွက်လာပြီးနောက်မှာတော့ နိုင်ငံတကာကရော၊ ပြည်တွင်း ပရိသတ်တွေကပါ လီဂွမ်ဆူ အမြန်ဆုံးသက် သာလာဖို့ ဆုတောင်းပေးနေကြပါတယ်။
Ref: Soompi
You may also like these stories:
အမှုအတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားတယ်လို့ ဆိုလာတဲ့ သင်းသင်း
ဝမ်းရေးအတွက် အိမ်ဆိုင်လေး တပိုင်တနိုင် ဖွင့်ထားတဲ့ ဟာသ သရုပ်ဆောင် ဧရာ
“သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ရင် ပရိသတ် အမုန်းခံရတယ်”လို့ ရေဗက္ကာဝင်း ပြော