Entertainment

မကြာခင်မှာ ကြည့်ရှုရတော့မယ့် Ranveer Singh နဲ့ Deepika Padukone တို့ရဲ့ ရုပ်ရှင် "83"

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဘောလိဝုဒ်အနုပညာရှင် စုံတွဲဖြစ်တဲ့ မင်းသား Ranveer Singh နဲ့ မင်းသမီး Deepika Padukone တို့ပါဝင်ထားကြတဲ့ “83” ရုပ်ရှင်အတွက် ဓာတ်ပုံ တပုံဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာပဲ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ကို ရိုက်ကူးနေချိန်ကတည်းကဆိုရင် မင်းသမီး Deepika အတွက် ပထမဆုံး ဓာတ်ပုံလည်း ဖြစ်ပါတယ်။ မင်းသမီးဟာ မကြာမီရုံတင်တော့မယ့် အားကစားနောက်ခံ ဒရာမာမှာ နာမည်ကျော် အိန္ဒိယခရစ်ကတ်ကစားသမားဟောင်း Kapil Dev ရဲ့ ဇနီး Romi Dev အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ Kapil အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Ranveer နဲ့ မင်းသမီး Deepika တို့ဟာ တဦးကို တဦးကြည့်နေခဲ့ကြတာဖြစ်ပြီး မင်းသမီးရဲ့ ခပ်ပွပွ ဆံပင်ပုံစံကို ဓာတ်ပုံထဲမှာ အသားပေးထားတာကို မြင်တွေ့ရပါတယ်။

ဒါရိုက်တာ Kabir Khan ရိုက်ကူးထားတဲ့ “83” ရုပ်ရှင်ကတော့ ၁၉၈၃ ခုနှစ်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိန္ဒိယခရစ်ကတ်အသင်းက West Indies အသင်းကို ရုတ်တရက် အနိုင်ရရှိခဲ့တဲ့ အောင်မြင်မှုရရှိခဲ့တဲ့ အကြောင်း အခြေခံထားတာ ဖြစ်ပါတယ်။ Kapil Dev ရဲ့ ဦးဆောင်မှုအောက်မှာ မဖြစ်နိုင်တာတွေကို သူ့ရဲ့ အသင်းသားတွေက ထမ်းဆောင်နိုင်ခဲ့ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ မင်းသား Ranveer နဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ရုပ်ရှင်မှာ ပါဝင်တဲ့ ခရစ်ကတ် အဖွဲ့ဝင်တွေအားလုံးရဲ့ ပထမဆုံး ဓာတ်ပုံ တပုံကို မိတ်ဆက်ခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာကတော့ ၁၉၈၃ ခုနှစ်ကာလ တဝိုက်ကို နောက်ခံထားပြီး Kapil Dev တယောက် ခရစ်ကတ်အသင်း ခေါင်းဆောင် ဘယ်လို ဖြစ်လာသလဲဆိုတာကို ပုံဖော်ထားပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ဒီနေ့ အချိန်အထိ အိန္ဒိယနိုင်ငံသားတွေ ပြောစမှတ်တွင်နေတဲ့ အောင်မြင်မှုအကြောင်းကို အားတက်ဖွယ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Kapil အဖြစ် ပါဝင်ထားတဲ့ မင်းသား Ranveer ရဲ့ပထမဆုံး ပုံရိပ်ကိုလည်း မင်းသားရဲ့ မွေးနေ့ရှိတဲ့ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး တမီးလ်၊ တလူဂူး စတဲ့ဗားရှင်းတွေနဲ့လည်း ထုတ်လုပ်ထားပါတယ်။

Ref. www.hindustantimes.com

You may also like these stories:

အော်စကာဆုရ “Parasite” ရုပ်ရှင်ဖန်တီးသူတွေကို အိန္ဒိယရုပ်ရှင် ထုတ်လုပ်သူ တရားစွဲမည်

“Mulan” ရုပ်ရှင်မှာ စတန့်ပြကွက်တွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Liu Yifei

Shazam! ရဲ့ ဗီလိန်တွေ Black Adam မှာ ပြန်လည် ပါဝင်လာဖို့ ရှိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading