Entertainment

ချစ်သူများနေ့မှာ ဓားထောက်ပြီး ဓားပြတိုက်ခံခဲ့ရတဲ့ ဟယ်ရီစတိုင်

Want create site? Find Free WordPress Themes and plugins.

အဆိုတော်၊ မင်းသား ဟယ်ရီစတိုင်ဟာ ပြီးခဲ့တဲ့ ချစ်သူများနေ့က လန်ဒန်မြို့မှာ ရှိတဲ့ Hampstead ဒေသမှာ ညဘက် အပြင်ထွက်လာတဲ့အချိန် ဓားထောက်ပြီး ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ယူကေ အွန်လိုင်းမီဒီယာဖြစ်တဲ့ Mirror Online က အဲ့ဒီသတင်းကို Metropolitan ရဲတပ်ဖွဲ့ရဲ့ အတည်ပြုမှုနဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ရဲအရာရှိတွေဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ည ၁၁ နာရီ ၅၀ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တခုနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဆက်သွယ်မှုရရှိခဲ့ပါတယ်။ သတင်းပို့ချက်အရ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးကို တခြား အမျိုးသား တဦးက ချဉ်းကပ်ခဲ့ပြီး ဓားနဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ ခြိမ်းခြောက်ခံရသူကတော့ ဒဏ်ရာမရရှိခဲ့ပေမယ့် ငွေသားတွေကတော့ လုယူခံလိုက်ရပါတယ်” လို့ ဖော်ပြထားပါတယ်။

အသက် ၂၆ နှစ်အရွယ် အဆိုတော် ဟယ်ရီက ဒဏ်ရာ မရရှိခဲ့ဘဲ ငွေသားတွေကို ပေးခဲ့ပြီးနောက် ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်တခုကတော့ ဟယ်ရီဟာ အဆင်ပြေပြေသာရှိခဲ့ပြီး ဓားပြတိုက်သူကို ငွေသားတွေ လျင်လျင်မြန်မြန်ပေးခဲ့တယ်လို့ Mirror Online ကိုပြောဆိုပါတယ်။ အခြေအနေကို သူ့ဘာသာ ထိန်းချုပ်နိုင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာတော့ ဟယ်ရီဟာတော်တော်လေးကို တုန်လှုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုဖြစ်ရပ်ကို ကြုံခဲ့ရပေမယ့် အဆိုတော် ဟယ်ရီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ 2020 BRIT Awards ပွဲကို တက်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ဝတ်စုံမှာတော့ အနက်ရောက် ဖဲကြိုးတပ်ဆင် လာခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ အဲ့ဒီဖဲကြိုးအနက်ရောင်ကတော့ သူနဲ့ တွဲခဲ့ဖူးခဲ့တဲ့ ကွယ်လွန်သူ Caroline Flack အတွက် ဂုဏ်ပြုတဲ့အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီနဲ့ နဲ့ Caroline တို့ဟာ X Factor အစီအစဉ်မှာဆုံတွေ့ခဲ့ကြပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ ၃ လလောက် တွဲခဲ့ကြတာဖြစ်ပါတယ်။

Ref:CNA

You may also like these stories:

MCU ကို ပြန်လာဖို့ ဆွေးနွေးမှု မပြီးဆုံးနိုင်သေးတဲ့ Marvel နဲ့ Robert Downey Jr.

“Mulan” ရုပ်ရှင်မှာ စတန့်ပြကွက်တွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Liu Yifei

Shazam! ရဲ့ ဗီလိန်တွေ Black Adam မှာ ပြန်လည် ပါဝင်လာဖို့ ရှိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading