Entertainment

MCU ရဲ့ နောက်ထပ် ပရောဂျက်တွေမှာ ပါဝင်လာဖို့ရှိနေတဲ့ Red Hulk

Marvel ရဲ့ ပရိသတ်တော်တော်များများက Hulk ကို ချေမွ ဖျက်ဆီးတတ်တဲ့ အစိမ်းရောင်စက်ကြီးလို့ ချစ်စနိုးနဲ့ နာမည်ပေးခေါ်ဝေါ် ကြပါတယ်။ အခုအချိန်မှာတော့ MCU (Marvel Cinematic Universe) အနေနဲ့ Hulk တင် မဟုတ်ဘဲ Red Hulk ကိုပါ သူတို့ရဲ့ ရုပ်ရှင်ဖန်တီးထုတ်လုပ်မှုထဲ ထည့်သွင်းဖန်တီးတော့မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

နောင်လာမယ့် MCU ရဲ့ ရုပ်ရှင်ပရောဂျက်တွေမှာ Red Hulk ကို တွေ့မြင်ရဖို့က သေချာသလောက် ရှိနေပြီး ရုပ်ရှင်အနေနဲ့ပဲ ထုတ်လုပ်မလား၊ တီဗီစီးရီးအနေနဲ့ပဲ ပြသမလားဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် နောင်တချိန် MCU ရဲ့ အစီအစဉ် Red Hulk အတွက် သေချာအတည်ပြုမယ်ဆိုရင်တော့ Marvel ပရိသတ်တွေအတွက်တော့ ရင်ခုန်စရာပဲ ဖြစ်ပါတယ်။

The Incredible Hulk ဟာ Marvel ရဲ့ နာမည်ကျော် ဇာတ်ကောင်ဖြစ်ပြီး ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကိုလည်း တခဲနက် ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ Red Hulk ကို Marvel အနေနဲ့ ဖန်တီးမယ်ဆိုရင်တော့ ဆွဲဆောင်မှုတမျိုးနဲ့ ပရိသတ်ကို ဖမ်းစားနိုင်မှာ အသေအချာပါ။

၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Incredible Hulk ရုပ်ရှင်မှာ ပါဝင်ခဲ့ဖူးတဲ့ Thaddeus Ross လည်း သူ့ရဲ့ MCU နဲ့ ၅ ကြိမ်မြောက်အတူ ပူးတွဲလုပ်ဆောင်ဖို့ Red Hulk မှာ ပြန်လည် ပါဝင်လာစရာ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Incredible Hulk ကို Tony Stark (Iron Man) ရဲ့ ဈာပနမှာ နောက်ဆုံး တွေ့မြင်ခဲ့ရပြီး Black Widow တကိုယ်တော်ရုပ်ရှင်မှာ ပြန်လည် တွေ့မြင်ရဖို့လည်း ရှိနေပါတယ်။

တချိန်ချိန်မှာတော့ MCU ရဲ့ ရုပ်ရှင်တွေမှာ Red Hulk ကို တွေ့မြင်ရဖို့ရှိနေပြီး MCU ရဲ့ ပုံစံအတိုင်း ပရိသတ်တွေဆီ တစတစ မိတ်ဆက်သွားနိုင်တာဖြစ်လို့ ဆက်လက် စောင့်ကြည့်ရမယ့် ဇာတ်ကောင် တဦးပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

Doctor Strange ဒါရိုက်တာ နုတ်ထွက်ခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့ကြရတဲ့ Marvel ပရိသတ်များ

Marvel စတူဒီယိုမှာ ‘Deadpool 3’ ရုပ်ရှင်ရိုက်ကူးနေပြီလို့ Ryan Reynolds အတည်ပြုပြော

စူပါဟီးရိုးရုပ်ရှင်ကို The Russo Brothers နဲ့အတူ လက်တွဲ ရိုက်ကူးတော့မယ့် Keanu Reeves

Loading