Ip Man စတား မင်းသား Donnie Yen ဟာ ကိုရိုနာဗိုင်းရပ်စ် နှိမ်နှင်းတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ ဆေးပညာဆိုင်ရာ ဝန်ထမ်းတွေအတွက် ဟောင်ကောင် ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲမှာ တရုတ်နိုင်ငံအနိုင်ရလိမ့်မယ်လို့ သူယုံကြည်တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မင်းသား Yen ဟာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်စီးရီးထဲမှ နောက်ဆုံး Ip Man ဇာတ်လမ်းမှာ ပါဝင်ထားခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ နောက်ဆုံး ဖြန့်ချိထားတဲ့ Enter the Fat Dragon ရုပ်ရှင်ဟာ အခုနှစ်အတွက် ကိုယ်ခံပညာရုပ်ရှင် လုပ်ငန်းမှာ တော်တော်လေးကို အောင်မြင်မှုရရှိခဲ့ပြီး ဝေဖန်သူတွေရဲ့ အကောင်းမြင်မှတ်ချက်တွေကိုလည်း ရရှိခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ် ဟောင်ကောင် ကိုယ်ခံပညာစတား၊ ရုပ်ရှင်ထုတ်လုပ်သူ Yen ဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်နေကြတဲ့ တရုတ်နိုင်ငံထဲက ဆေးပညာဆိုင်ရာ လုပ်သားတွေ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း လူမှု ကွန်ရက်မီဒီယာ Weibo မှာရှိတဲ့ သူ့ရဲ့ Follower တွေထံ စကားလက်ဆောင်ပါးခဲ့ပါတယ်။
ကွမ်ကျိုးမြို့မှာ မွေးဖွားခဲ့သူ မင်းသား Yen ဟာ သူ့ရဲ့ကလေးနှစ်ဦးဖြစ်တဲ့ ဂျက်စ်မင်နဲ့ ဂျိမ်းစ်တို့က ရေးဆွဲ ထားတဲ့ ပန်းချီကားတွေကို ရှေ့တန်းမှာရှိနေတဲ့ လုပ်သားတွေအတွက် အားပေးမှုတွေ ဖြန့်ဝေတဲ့နေရာမှာ ကူညီဖို့ ဝူဟန်မြို့ထံ လှူဒါန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝူဟန်မြို့ဟာ ဟူဘေးပြည်နယ် နေရာအတော်များများနဲ့ တခြားတရုတ်နိုင်ငံရဲ့ ဒေသတွေအထိ ပြန့်နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါက်ဖွားခဲ့ရာ အချက်အချာဒေသ ဖြစ်ပါတယ်။ လူတွေကို သေဆုံးစေခဲ့တဲ့ အဲ့ဒီဗိုင်းရပ်စ်ပိုးဟာနိုင်ငံ ၂၅ နိုင်ငံ ကျော်အထိ ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။
Weibo ပေါ်က ၂၈ စက္ကန့်ကြာချိန်ရှိတဲ့ ဗီဒီယိုထဲမှာ မင်းသားက ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း အုပ်ကြဖို့၊ လက်ကို မကြာခဏ ဆေးကြောကြဖို့ တိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အဲ့ဒီဗိုင်းရပ်စ်တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲမှာ အနိုင်ရရှိပြီး မကြာခင် ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း မန်ဒရင်းဘာသာနဲ့ ပြောဆိုခဲ့ပါတယ်။
“Ip Man 4: The Finale” ရုပ်ရှင်ကို ပရိသတ်တွေ အားပေးခဲ့ကြတဲ့အတွက် အံ့သြသင့်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ထိုင်ဝမ်နဲ့ မလေးရှားတို့လို အာရှဈေးကွက်တွေမှာ ရုံဝင်ငွေ စံချိန်တွေချိုးခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်သမိုင်း မှာ အအောင်မြင်ဆုံး ကိုယ်ခံပညာဆိုင်ရာ ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
သြစတြေးလျမှာ လေယာဉ်ငယ် ၂ စင်း ပျံသန်းစဉ် တိုက်မိပြီး လူ ၄ ဦး သေဆုံး
MCU ရဲ့ နောက်ထပ် ပရောဂျက်တွေမှာ ပါဝင်လာဖို့ရှိနေတဲ့ Red Hulk
ချစ်သူများနေ့မှာ ဓားထောက်ပြီး ဓားပြတိုက်ခံခဲ့ရတဲ့ ဟယ်ရီစတိုင်