မင်းသား Ben Affleck က သူ့အနေနဲ့ ပိတ်ကားထက်မှာ Batman (လင်းနို့လူသား) အဖြစ် သရုပ်ဆောင်မှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပြိုပျက်လွယ်တဲ့ အိမ်ထောင်ရေးနဲ့ အရက် ပြဿနာတွေ ရှိနေတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။
“The Last Thing He Wanted” ဆိုတဲ့ ရုပ်ရှင်ကို မဖြန့်ချိမီ New York Times သတင်းစာမှာ သူ့အတွက် ဆိုးရွားမှုတွေဖြစ်ခဲ့ရတဲ့ မကောင်းဆိုးရွားတွေအကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသား Ben က “ကျနော်က လင်းနို့လူသား ဇာတ်ညွှန်းကို တယောက်ယောက်ဆီမှာ ပြခဲ့တယ်။ ဇာတ်ညွှန်းက ကောင်းတယ်လို့ပြောတယ်။ ဒါပေမဲ့ နောက်တကြိမ် သေတဲ့အထိ အရက်သောက်နေဦးမယ် ထင်တယ်လို့ သူတို့ကပြောကြတယ်” လို့ ဆိုပါတယ်။
မင်သားဟာ DCEU မှာ တကိုယ်တော် လင်းနို့လူသားရုပ်ရှင်ကို ကိုယ်တိုင် ထုတ်လုပ်ပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းကို အာရုံစိုက်ချင်တာကြောင့် ဒါရိုက်တာထိုင်ခုံကနေ ဖယ်ပေးခဲ့တာဖြစ်ပါတယ်။
သူ့နေရာကို အစားထိုးဖို့ ဒါရိုက်တာ Matt Reeves ကို ငှါးရမ်းခဲ့ပေမယ့် နောက်လ အနည်းငယ်အကြာမှာတော့ လင်းနို့လူသား သရုပ်ဆောင်အဖြစ်ကနေပါ နုတ်ထွက်သွားခဲ့ပါတယ်။ မင်းသား Robert Pattinson ကတော့ လင်းနို့လူသားအဖြစ် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။
“ကျနော် အချိန်တော်တော်ကြာကြာ အရက်ကို ပုံမှန်လိုလို သောက်ဖြစ်နေခဲ့တယ်။ နောက်ဘာဖြစ်လာလဲ ဆိုတော့ ကျနော့် အိမ်ထောင်ရေး ပြိုလဲခဲ့တဲ့ အချိန်မှာ ကျနော် အရက်ကို ပိုသောက်ဖြစ်လာတယ်။ အစားစားတာ၊ အရက်သောက်တာ၊ လိင်အပျော်အပါးလိုက်စားတာ၊ လောင်းကစားလုပ်တာ၊ ဈေးဝယ်တာတွေနဲ့ တခြားအရာတွေကို လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သာယာမှု ရှာဖွေကြတယ်”
“ဒါပေမဲ့ ဘဝကြီးက ပိုဆိုးသွားတာပဲ ရှိပါတယ်။ အဲ့ဒီလိုလုပ်ရင် ပိုပြီး စိတ်မသက်မသာဖြစ်ရတာပဲ ရှိပါတယ်။ အဲ့ဒါပြီးမှ တကယ့်နာကျင်မှုက စတင်ပါတယ်”လို့ မင်းသားက ဆိုပါတယ်။
မင်းသား Ben ဟာ “Batman v Superman: Dawn of Justice” ၊ “Suicide Squad” နဲ့ “Justice League” ရုပ်ရှင်တွေမှာ လင်းနို့လူသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အချိန်အတော်ကြာ ကွဲကွာနေခဲ့တဲ့ ဇနီး Jennifer Garner နဲ့ အိမ်ထောင်ရေးဟာလည်း ၂၀၁၈ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။
Ref: hindustantimes
You may also like these stories:
ဝူဟန်မြို့မှ ဆေးပညာဆိုင်ရာ လုပ်သားများကို ဟောင်ကောင်ဒေါ်လာ ၁ သန်း Donnie Yen လှူဒါန်း
MCU ရဲ့ နောက်ထပ် ပရောဂျက်တွေမှာ ပါဝင်လာဖို့ရှိနေတဲ့ Red Hulk
မကြာခင်မှာ ကြည့်ရှုရတော့မယ့် Ranveer Singh နဲ့ Deepika Padukone တို့ရဲ့ ရုပ်ရှင် “83”