အဆိုတော် ဂျက်စတင်ဘီဘာက မင်းသား Tom Cruise နဲ့ တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တာဟာ ရူးကြောင်ကြောင် လုပ်ရပ်သာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အဆိုတော် ဘီဘာဟာ ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လတုန်းက အသက် ၅၇ နှစ်အရွယ် ဟောလိဝုဒ် မင်းသား Cruise ကို လက်ရုံးယှဉ် တိုက်ပွဲ တပွဲနွှဲဖို့ စိန်ခေါ်ခဲ့ပြီး အခုတော့ အဆိုတော်ဘီဘာ အဲ့ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ အတွေးသာ ဖြစ်တဲ့အကြောင်း ဝန်ခံလိုက်တာ ဖြစ်ပါတယ်။
Carpool Karaoke အစီအစဉ်မှာ အဆိုတော် ဘီဘာက “ဘာလို့ အဲ့ဒီလိုလုပ်လိုက်မှန်း ကျနော် မသိတော့ပါဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော်က ရူးကြောင်ကြောင်နိုင်သွားခဲ့ပါတယ်။ ဒါပေမဲ့ လူတွေက ကျနော်တို့ အဲ့ဒီလို ဖြစ်လာတာကို မြင်ချင်တယ်လို့ ပြောကြတယ်။ ဘာဖြစ်လဲလို့ဆိုတော့ တော်တော်ကြီးကို ရယ်ရတယ်” လို့ ဆိုပါတယ်။
အဲ့ဒီအစီအစဉ်မှာ ဘီဘာက UFC စတား Conor McGregor နဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ပြောဆိုခဲ့ပြီး သူဟာဖျော်ဖြေရေး လောကမှာ အကြမ်းတမ်းဆုံးသူ တယောက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ မော်ဒယ် Hailey Bieber နဲ့ လက်ထပ်ခဲ့သူ ပေါ့ပ်စတား ဘီဘာက “ကျနော်က အန္တရာယ်ရှိပါတယ်။ ကျနော့်ရဲ့ ပေါ့ပါးဖျက်လတ်မှုက ရူးလောက်ပါတယ်။ ကျနော့်မှာရှိတဲ့ စိတ်ထိန်းချုပ်နိုင်အားကို ခင်ဗျားနားလည်လိမ့်မယ်လို့ ကျနော်မထင်ဘူး” လို့လည်း ပြောဆိုခဲ့ပါတယ်။
Twitter မှာတင်ခဲ့တဲ့ သူ့ရဲ့ မူရင်းစာမှာတော့ မင်းသား Tom နဲ့ တိုက်ခိုက်ချင်တာ အကြောင်းပြချက် မရှိပေမယ့် ဆဋ္ဌဂံပုံ ကြိုးဝိုင်းထဲသို့ မင်းသားကို ခေါ်လာချင်တယ်လို့ ဖော်ပြထားပါတယ်။
ဘီဘာက “ဆဋ္ဌဂံပုံကြိုးဝိုင်းထဲမှာ တိုက်ခိုက်ဖို့ Tom Cruise ကို ကျနော်စိန်ခေါ်ချင်ပါတယ်။ သူစိန်ခေါ်မှုကို လက်မခံဘူးဆိုရင်တော့ ခင်ဗျားကြောက်လို့ပဲ။ ခင်ဗျား ကျနော့်ကို စိတ်ပျက်စေလိမ့်မှာ မဟုတ်ဘူး။ အဲ့ဒီတိုက်ခိုက်မှုကို ဘယ်သူက လက်ခံကျင်းပပေးမှာလဲ” လို့ Twitter ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Ref: Contactmusic
You may also like these stories:
အရက်နဲ့ အိမ်ထောင်ရေး ပြဿနာတွေကြောင့် Batman အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ Ben Affleck
ဟာသ သရုပ်ဆောင် မန်းဝင်း အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရ
ဝူဟန်မြို့မှ ဆေးပညာဆိုင်ရာ လုပ်သားများကို ဟောင်ကောင်ဒေါ်လာ ၁ သန်း Donnie Yen လှူဒါန်း