ရိုက်ကွင်းပြင်ပ တွေ့ဆုံမှု ရှိနေကြသေးတဲ့ Robert Downey Jr. နဲ့ Tom Holland
Hollywood တခွင်မှာ နာမည်ကျော်အနုပညာရှင်တွေ ခြေဆန့်နေတဲ့သတင်းတွေဟာ အထူးတဆန်းမဟုတ်ပေမယ့် MCU ရဲ့ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Iron Man သရုပ်ဆောင် Robert Downey Jr. နဲ့ လက်ရှိ Spider-Man သရုပ်ဆောင် Tom Holland တို့ကို တပူးတတွဲတွဲ တွေ့မြင်ရလေ့ရှိတယ်ဆိုတာကိုတော့ ပရိသတ်တိုင်း အံ့အားသင့်ကြရပါတယ်။
Marvel ရုပ်ရှင်တွေကို အတူတကွ လက်တွဲလုပ်ကိုင်ခဲ့တဲ့ နာမည်ကျော်မင်းသားတွေ အများကြီးထဲကမှ RDJ နဲ့ Tom Holland တို့ဟာ ကောင်းမွန်တဲ့ ပေါင်းသင်း ဆက်ဆံရေးတခုကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး တယောက်နဲ့တယောက် တရင်းတနှီးရှိနေခဲ့ကြတာလည်း ဝမ်းသာစရာ ကိစ္စတခုပါ။
ရုပ်ရှင်ထဲမှာတော့ Tony Stark ဟာ မိဘမဲ့လူငယ်လေးတယောက်ဖြစ်တဲ့ Peter ကို သားတယောက်လို ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့တာဖြစ်သလို အပြင်လောကမှာလည်း သူတို့နှစ်ယောက်ဟာ အဖေနဲ့သားရဲ့ ပြေလည်တဲ့ ဆက်ဆံမှုမျိုးနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြတာပါ။
တယောက်နဲ့ တယောက် အပြန်အလှန်လေးစားမှု ရှိတဲ့အပြင် အလေးထားမှုလည်းရှိကြလို့ သူတို့ နှစ်ယောက်ကို ဖျတ်ခနဲတွေ့မြင် လိုက်ကြရသူတိုင်း အပျော်တွေကူးစက်ကာ ပီတိဖြစ်ကြရပါတယ်။
MCU ရဲ့ ရုပ်ရှင်တွေသာ အတူတကွ ရိုက်ကူးခွင့်မရကြဘူးဆိုရင် Spider-Man သရုပ်ဆောင်နေရာအတွက် Tom Holland ကိုသာ မရွေးချယ်ခဲ့ဘူးဆိုရင် သူတို့ဒီလိုဆုံတွေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အရာတခုပါ။
BBC Radio 1 နဲ့ အင်တာဗျူးတခုမှာတော့ RDJ က Tom Holland အပေါ်သူ့ရဲ့ သဘောထားကို “ကျနော်တို့ နှစ်ယောက်က တော်တော့်ကို နီးစပ်တယ်ဗျ။ သူငယ်ချင်းတွေလိုပဲ တယောက်နဲ့တယောက် အကြံဉာဏ်တောင်းတာ တိုင်ပင်ဆွေးနွေးတာမျိုးတွေ ရှိတယ်”
“ငယ်ရွယ်တဲ့ သရုပ်ဆောင်တယောက်အတွက် လောကကြီးဟာ ကြောက်စရာကောင်းချင်ကောင်းနေမှာပဲ။ အနိုင်ကျင့်စော်ကား ပြောဆိုမှုတွေလည်း ရှိနေနိုင်တာပဲ။ နောက်ကျောလုံလုံနဲ့ လုပ်စရာရှိတဲ့အလုပ်တွေကို အာရုံစိုက်လုပ်နိုင်အောင် တယောက်ကိုတယောက်ကူညီပေးနေတဲ့ လူမျိုး ကျနော်တို့ လိုအပ်တာအမှန်ပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Tom Cruise ကို စိန်ခေါ်ခဲ့တာဟာ ရူးကြောင်ကြောင် အတွေးပါ”လို့ ဂျက်စတင်ဘီဘာ ပြော
အရက်နဲ့ အိမ်ထောင်ရေး ပြဿနာတွေကြောင့် Batman အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ Ben Affleck
ဝူဟန်မြို့မှ ဆေးပညာဆိုင်ရာ လုပ်သားများကို ဟောင်ကောင်ဒေါ်လာ ၁ သန်း Donnie Yen လှူဒါန်း