John Wick ရုပ်ရှင်တွေဟာ ပြသချိန်ပျမ်းမျှ ၂နာရီခန့်အထိ ကြာမြင့်ပေမယ့် ကြည့်ရှုသူပရိသတ်တွေကို အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ မပျင်းရိရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ သေနတ်ပစ်ခန်းတွေ ၊ လက်နက်မဲ့ တိုက်ခိုက်ခန်းတွေ၊ စိတ်လှုပ်ရှားစရာ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ John Wick ရုပ်ရှင်ဟာ အခုအချိန်မှာတော့ ၃ ကားတိတိ ထွက်ရှိထားပြီး ဖြစ်ပါတယ်။
ရုပ်ရှင်တကားထက် တကား ပိုမိုအာရုံစူးစိုက်လာတဲ့ အဆောက်အဦ ပုံစံတွေအပြင် စတန့်တွေကလည်း ရင်သပ်ရှုမောစရာဖြစ်လာတဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင်တွေဟာ ပိုပြီးကောင်းမွန်ပြည့်စုံလာခဲ့ပါတယ်။
အင်တာနက်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာပါ John Wick ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ ရှိနေဆဲဖြစ်ပြီး John Wick ဆိုတာနဲ့ “The Films of Keanu Reeves” လို့ ပြောဆိုရလောက်တဲ့အထိ ပရိသတ်တွေအနေနဲ့ နှစ်သက်ခဲ့ကြတာပါ။
Reddit လူမှုကွန်ရက် အသုံးပြုသူတဦးကတော့ John Wick ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်ကို ရုပ်ရှင် သီအိုရီတခုအဖြစ် မျှဝေခဲ့ပြီး ငြင်းပယ်ခြင်း၊ ဒေါသ၊ အပေးအယူ၊ စိတ်ဓာတ်ကျခြင်းနဲ့ လက်ခံခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ သုံးသပ်ခဲ့တာပါ။ ဒီသီအိုရီအတိုင်းဆိုရင်တော့ ပရိသတ်တွေအနေနဲ့ နောက်ထပ် နောက်ဆက်တွဲရုပ်ရှင် ၂ ကားကို ဆက်လက် မျှော်လင့်ရဖို့ရှိနေပါတယ်။
ထွက်ရှိခဲ့တဲ့ ရုပ်ရှင် ၃ ကားရဲ့ Plot ကို သီအိုရီနဲ့ လေ့လာပြခဲ့တာဖြစ်ပြီး ပထမရုပ်ရှင် John Wick မှာတော့ ဇနီးဖြစ်သူ ဆုံးပါးသွားခဲ့ခြင်းကို လက်ခံဖို့ ခက်ခဲနေခဲ့တာ၊ ဒုတိယရုပ်ရှင်မှာတော့ သူ့ရဲ့ ဒေါသကို အဆုံးအစွန်အထိ ရောက်ရှိစေခဲ့တာ၊ တတိယရုပ်ရှင်မှာတော့ သူကိုယ်တိုင်ရဲ့ အသက်အတွက် အပေးအယူပြုလုပ်ခဲ့တာ စတာတွေကို သူက အဓိကထား ထောက်ပြခဲ့ပါတယ်။
“John Wick: Parabellum” ပြီးဆုံးသွားခဲ့ကတည်းက နောက်ဆက်တွဲရုပ်ရှင် ထွက်ရှိလာဖို့ ရှိနေကြောင်း ကောလာဟလသတင်းတွေ ထွက်ပေါ်ဖူးသလို Keanu Reeves ကိုယ်တိုင်လည်း ပရိသတ်တွေသာ အလိုရှိရင် သူ့အနေနဲ့ John Wick ရုပ်ရှင်တွေမှာ ဆက်လက် ပါဝင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
Ref. wegotthiscovered.com
You may also like theses stories:
Keanu Reeves ကို Constantine ဇာတ်ကောင်အဖြစ် လိုလားနေတဲ့ Warner Bros.
“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ