Entertainment

ခင်ပွန်းဖြစ်သူက တနှစ်နဲ့တနှစ် မရိုးအောင် Surprise လုပ်ပေးလို့ ပျော်နေတဲ့ စမိုင်းလ်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သရုပ်ဆောင် စမိုင်းလ်နဲ့ သူ့ခင်ပွန်းတို့ရဲ့ ချစ်သက်တမ်း၂၁ နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာ ခင်ပွန်းဖြစ်သူက ဘောလုံးကွင်း တကွင်းလုံးမှာ နေကြာပန်းတွေ အလှဆင်ပြီး Surprise လုပ်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူရဲ့ ရိုမန့်တစ်ဆန်လှတဲ့ လုပ်ရပ်တွေကြောင့် အရမ်းဝမ်းသာသလို ကျေးဇူးလည်းတင်တယ်လို့ စမိုင်းလ်က ဆိုပါတယ်။

“Surprise လုပ်တာက သူချစ်တာလေးတွေကို ပြတာပေါ့နော်။ ကိုယ်အရမ်းဝမ်းနည်းသွားတာက ကာတွန်းလေးပေါ့။ မထင်ထားဘူး။ ကာတွန်းလေးကလည်း တကယ်ကို ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်အ ချိန်ပေးပြီး လုပ်ပေးတဲ့အတွက် အရမ်းလည်း အံ့သြတယ်။ အဲ့ဒီ တနေ့လုံးက အဆင်မပြေတာတွေဖြစ်နေတာ ညကျတော့ Surprise လုပ်တော့ ပျော်ပါတယ်။ သူချစ်တယ်ဆိုတာလေးကို ပြတဲ့အတွက် အရမ်းဝမ်း သာတယ်။ ကျေးဇူးလည်းတင်ပါတယ်”

“နေကြာပန်းတွေက ရည်းစားဘဝကတည်းက ပေးနေကျပါ။ တနှစ်နဲ့ တနှစ် မရိုးအောင်လို့ စီစဉ်ပေးတာပေါ့။ ဒီနှစ်တော့ ရွှေတိဂုံ၊ ကျိုက်ထီးရိုးဘုရားဖူးတွေ လိုက်ပို့ဖို့အတွက် ပူဆာထားတာဆိုတော့ အဲ့မှာလည်း ပိုက်ဆံတွေ အရမ်းကုန်ထားတာကြောင့် နောက်ထပ် Surprise ဆိုတာ မမှန်းထားဘူးပေါ့။ သမီးတွေကလည်း အဖေ၊ အမေက ချက်ချင်း ချမ်းသာလာတာ မဟုတ်ဘူးဆိုတာလည်း သိတယ်။ ပိုက်ဆံ တန်ဖိုးထားတတ်အောင် သင်ပေးဖြစ်ပါတယ်”လို့ စမိုင်းလ်က ပြောပါတယ်။

ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကတော့ သူ့ဘေးမှာ ဒုက္ခတွေခံပြီး မားမားမတ်မတ် အမြဲရပ်တည်ပေးလို့ ကျေးဇူးတင်တာကြောင့် စမိုင်းလ်ကို လုပ်ပေးဖြစ်တာလို့ ဆိုပါတယ်။

“ကျနော် ဒီလိုလေးလုပ်ပေးဖို့ အိုင်ဒီယာရတော့ အိမ်မှာပဲ ပြမယ်လို့လုပ်ထားတာ ကိုမောင်မောင်အေး တို့နဲ့ ပြောရင်း စိတ်ပါ အရှိန်တက်ပြီး ဘောလုံးကွင်းထဲမှာ လုပ်ပေးဖြစ်သွားတာ။ ကျနော်လည်း ကိုယ့်ဟာကိုယ် လုပ်ထားတဲ့ ကာတွန်းကို ပြန်ကြည့်ပြီးမျက်ရည်တွေ ကျလာတယ်”

“ကာတွန်းထဲကအတိုင်း သူမင်းသမီး ဖြစ်နေချိန် ကိုယ့်နောက်ကို လိုက်လာပြီး ဒုက္ခတွေခံတယ်။ တော်ရုံသူဆို ပြေးပြီးလေ။ သူနဲ့က အမြဲတမ်း ပျော်နေရတယ်။ ဒုက္ခတွေ ခံပြီး ဘေးမှာ မားမားမတ်မတ် အမြဲရပ်တည်ပေးလို့ ကျေးဇူးတင်လို့ လုပ်ပေးတာပါ”လို့ စမိုင်းလ်ရဲ့ ခင်ပွန်း ကိုပြည့်မောင်က ပြောပါတယ်။

သရုပ်ဆောင် စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင် ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့လည်း အဆက်အသွယ် မပြတ်ဖို့ သရုပ်ဆောင်အလုပ်တွေပါ ပြန်လုပ်နေပြီး အလှူအတန်းတွေလည်း မကြာခဏ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ စမိုင်းလ်က သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

You may also like these stories:

“သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ရင် ပရိသတ် အမုန်းခံရတယ်”လို့ ရေဗက္ကာဝင်း ပြော

အဆိုတော် AR-T ရဲ့ “Silent” Music Video ကို ကြည့်ပြီး မျက်လုံးပြူးခဲ့ရတဲ့ ဝေကြီး

“ရှစ်စက္ကန့်ငြိမ်” ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟိန်းထက်

Did you find apk for android? You can find new Free Android Games and apps.
Loading