“Crash Landing on You” ဒရာမာမင်းသား ဟွန်ဘင်းဟာ နောက်ထပ်သူသရုပ်ဆောင်မယ့် ဇာတ်လမ်း တခုကို တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ အေဂျင်စီ VAST အင်တာတိန်းမန့်က မင်းသားဟာ “Bargaining” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အဲ့ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်အတွက် မင်းသားကို ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ အေဂျင်စီက အဲ့ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီးတော့ မင်းသားဟာ ရိုက်ကူးရေးအတွက် ပြင်ဆင်နေပြီဖြစ်တယ်လို့ တရားဝင်အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
VAST အင်တာတိန်းမန့်က ‘Bargaining ရုပ်ရှင်ကိုတော့ နိုင်ငံခြားက ရိုက်ကွင်းမှာ မကြာခင်ရိုက်ကူးတော့မှာပါ။ ဒီရုပ်ရှင်ကနေ ဟွန်ဘင်းဟာ သူ့ရဲ့ အရင်တုန်းက ဇာတ်လမ်းတွေနဲ့ လုံးဝကွဲပြားမယ့် သရုပ်ဆောင်မှု အသစ်ကို ပြသမှာဖြစ်ပါတယ်” လို့ မှတ်ချက်ပေးထားပါတယ်။
ဝါရင့်မင်းသား ဟွမ်ဂျောင်မင်း ပါဝင်မယ့် “Bargaining” ရုပ်ရှင်ကတော့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြန်ပေးဆွဲမှုနဲ့ ပြန်ပေးဆွဲခံရသူတွေကို ကယ်တင်ဖို့ ကြိုးပမ်းရတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကို “Little Forest” ရုပ်ရှင်ဒါရိုက်တာ Im Soon Rye က ရိုက်ကူးမှာဖြစ်ပါတယ်။
အခုလိုမျိုးသတင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က tvN ရုပ်သံသမိုင်းမှာ လူကြည့်အများဆုံး ဖြစ်ခဲ့တဲ့ “Crash Landing on You” စီးရီးဇာတ်သိမ်းခဲ့ပြီး သီတင်းတပတ်အကြာမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီအဆိုအရ မင်းသားဟာ လက်ရှိမှာ ဇာတ်လမ်းနှစ်ခုအကြား နားချိန်မယူဘဲ မကြာမီ ရိုက်ကူးတော့မယ့် ရုပ်ရှင်အတွက် ကြိုးစားပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Ref:soompi
You may also like these stories:
“စိမ်းလဲ့တင် ကိစ္စက နေခြည်နဲ့ မဆိုင်ပါဘူး”လို့ နေခြည်ဦး ဖြေရှင်း
ထွက်ပြီးသား John Wick ရုပ်ရှင်တွေ အပါအဝင် နောက်ဆက်တွဲ ရုပ်ရှင်များ မြင်တွေ့ရဖို့ရှိ
ရိုက်ကွင်းပြင်ပ တွေ့ဆုံမှု ရှိနေကြသေးတဲ့ Robert Downey Jr. နဲ့ Tom Holland