Entertainment

“Parasite” ရုပ်ရှင်ကို အကောင်းဆုံးဇာတ်ကားဆုပေးလို့ ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်

Want create site? Find Free WordPress Themes and plugins.

“Parasite” ရုပ်ရှင်ဟာ အော်စကာဆုပေးပွဲသမိုင်းမှာ အကောင်းဆုံးဇာတ်ကားဆုကို ပထမဆုံး ရရှိခဲ့တဲ့ နိုင်ငံခြား စကားပြောရုပ်ရှင်အဖြစ် အခုလအစောပိုင်းမှာပဲ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆု တို့အပါအဝင် အော်စကာဆု ၄ ခု ရရှိခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်နဲ့ ဒါရိုက်တာ Bong Joon Ho တို့ကို တကမ္ဘာလုံးက ချီးကျူးနေကြပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၁၀ပြည့်လွန်နှစ်တွေ အတွက် အကောင်းဆုံးရုပ်ရှင်ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် ကမ္ဘာကျော်ခေါင်းဆောင်တဦးကတော့ သဘောတူပုံမရပါဘူး။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရဖို့ ခရီးစဉ်တခုအနေနဲ့ ကိုလိုရာဒိုပြည်နယ်က Colorado Springs မြို့မှာ ပြုလုပ်တဲ့ လူထုစုဝေးပွဲအတွင်းမှာ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “Parasite” ရုပ်ရှင်ဆုရရှိခဲ့တဲ့အကြောင်းနဲ့အော်စကာဆုပေးပွဲဟာ တော်တော်လေး ဆိုးရွားတဲ့အကြောင်း ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရန့်က “ဒါနဲ့ စကားမစပ် ဒီနှစ် အော်စကာဆုပေးပွဲက ဘယ်လောက်ဆိုးလဲ သိကြလား။ ဆုရသူကလည်း တောင်ကိုရီးယားက ရုပ်ရှင်ကားတဲ့။ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ။ ကျနော်တို့က တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေးမှာ ပြဿနာတွေဖြစ်တာနဲ့တင် လုံလောက်နေပါပြီ။ ဘာလို့ ဒီနှစ်အတွက် အကောင်းဆုံးဇာတ်ကားဆုကို သူတို့ဆီပေးလိုက် တာလဲ။ အဲ့ဒီဇာတ်လမ်းက ကောင်းလို့လား။ ငါတော့ မသိဘူး” လို့ ဆိုပါတယ်။

အဲ့ဒီနောက် သမ္မတထရန့်က “Gone With the Wind ရုပ်ရှင်ကိုပဲ ဆိုကြပါစို့။ Sunset Boulevard ရုပ်ရှင်လိုမျိုး ဇာတ်ကားကောင်းတွေ အများကြီးရှိတယ်။ ဆုပိုင်ရှင်က ကိုရီးယားကတဲ့။ ကျနော်ကတော့ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင်ဟုတ်ရဲ့လားလို့် တွေးမိတယ်။ အကောင်းဆုံးနိုင်ငံခြား ရုပ်ရှင်တဲ့။ မဟုတ်ပါဘူး။ ဒီလိုဆိုးရွားမှုမျိုး အရင်တုန်းက မရှိခဲ့ဖူးပါဘူး” လို့ဆိုပါတယ်။

သမ္မတထရန့် ဖော်ညွှန်းခဲ့တဲ့ “Gone With the Wind” ရုပ်ရှင်ကိုတော့ အမေရိကန် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားပြီး အဓိကဇာတ်ကောင်က ဝါစိုက်ခင်းနဲ့ ကျွန်တွေ အများကြီး ပိုင်ဆိုင်တဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတထရန့်ဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့မင်းသားဆု ရရှိခဲ့တဲ့ မင်းသား ဘရက်ပစ်ကိုလည်း လူတတ်ကြီးဆိုပြီးတော့ ဝေဖန်ခဲ့ပါသေးတယ်။

မင်းသား ဘရက်ပစ်ဟာ သူ့ရဲ့ ဆုလက်ခံရယူချိန်ပြောကြားတဲ့ ကျေးဇူးတင်စကားထဲမှာ သမ္မတထရန့်ကို ဖြုတ်ချနိုင်မယ့် အမှုကို ငြင်းပယ်ခဲ့တဲ့ ဆီးနိတ်အထက်လွှတ်တော်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ သမ္မတထရန့်ရဲ့ အခုလိုမှတ်ချက်ပေး ပြောစကားတွေနဲ့ပတ်သက်လို့ အဲ့ဒါတွေဟာ လူမျိုးရေးခွဲခြားတာဖြစ်တယ်ဆိုပြီး လူတွေက ရှုတ်ချပြောဆိုနေကြပါတယ်။

Ref: koreaboo

You may also like these stories:

ရုပ်ရှင်အသစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ မင်းသား ဟွန်ဘင်း အတည်ပြု

ထွက်ပြီးသား John Wick ရုပ်ရှင်တွေ အပါအဝင် နောက်ဆက်တွဲ ရုပ်ရှင်များ မြင်တွေ့ရဖို့ရှိ

“Tom Cruise ကို စိန်ခေါ်ခဲ့တာဟာ ရူးကြောင်ကြောင် အတွေးပါ”လို့ ဂျက်စတင်ဘီဘာ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading