Black Adam ရုပ်ရှင်ဟာ Dwayne Johnson (The Rock) ရဲ့ ပထမဆုံး Anti-Villain ဇာတ်ကောင်အဖြစ် အဓိကထားပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တကားဖြစ်ပြီး DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးအဖွဲ့သစ်တခုကို စတင်မိတ်ဆက်မယ့် ခြေလှမ်းတခုအဖြစ်လည်း Warner Bros. ဘက်က ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းတည်ဆောက်မှုအရ Justice Society of America နဲ့ ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေတာဖြစ်ကြောင်း The Rock ကိုယ်တိုင် အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ဖူးတာပါ။ Hawkman , Stargirl နဲ့ Doctor Fate စတဲ့ စူပါဟီးရိုးတွေလည်း ပါဝင်လာဖို့ရှိနေတာဖြစ်ပြီး WB အနေနဲ့ အသေးစိတ်သတင်းဖော်ပြခြင်းမရှိသေးပေမယ့့် စူပါဟီးရိုးအဖွဲ့သစ်တခုကို တွေ့မြင်ရဖို့ သေချာသလောက်ရှိနေပြီလို့ ပရိသတ်တော်တော်များများက ယုံကြည်ထားကြတာပါ။
ဖော်ပြပါ စူပါဟီးရိုးတွေအပြင် နောက်ထပ် ဇာတ်ကောင်တဦးဖြစ်တဲ့ Supergirl ကိုလည်း Black Adam ရုပ်ရှင်ထဲ ထည့်သွင်းဖို့ WB အနေနဲ့ ဆွေးနွေးပြောဆိုနေမှုတွေရှိကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့ တာဖြစ်ပါတယ်။ Justice Society ရဲ့ အဖွဲ့ဝင်တယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ Supergirl ဟာ WB ရဲ့ ချန်လှပ်ထားတဲ့ စိတ်ဝင်စားစရာ စိတ်ကူးတခုဆိုရင်လည်း မှားနိုင်မယ်မထင်ပါဘူး။
Clark Kent (Superman) ရဲ့ ညီမတော်စပ်သူ Supergirl ကို DCEU ဆီ တခါတလေမှာ ထည့်သွင်းဖို့ ဇာတ်ကောင် တကောင်အဖြစ် လျှို့ဝှက်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့၂နှစ်ခန့်ကတည်းက Supergirl တကိုယ်တော်ရုပ်ရှင်အတွက် ပြင်ဆင်ခဲ့ပြီးလည်းဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးတာပါ။
Black Adam ရုပ်ရှင်မှာတော့ တယောက်ထဲလည်း ရပ်တည်နိုင်တယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ Supergirl ကို မိတ်ဆက်မှာဖြစ်ပြီး The Rock ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့အတူ DCEU ကို တိုးတက်ဖွံ့ဖြိုးအောင် ပိုအာရုံစိုက်လာတာဖြစ်ပါတယ်။ Black Adam ရုပ်ရှင်ဟာ ပရိသတ်တွေ တွေးထင်ထားတာထက် WB ဘက်က အားစိုက်ထုတ်မှုကို အသိအမှတ်ပြုရမယ့် ရုပ်ရှင်တကားအဖြစ် မကြာခင်အချိန်အတွင်း ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
မကြာခင် အယ်လ်ဘမ်အသစ် ဖြန့်ချိဖို့ရှိတဲ့ အဆိုတော် Adele
“Parasite” ရုပ်ရှင်ကို အကောင်းဆုံးဇာတ်ကားဆုပေးလို့ ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်
မင်းသား ဟယ်ရီနဲ့ ဇနီး တော်ဝင်မိသားစု နာမည် အသုံးပြုပြီး စီးပွားရှာခြင်းကို တားမြစ်ခံရ