သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ အကယ်ဒမီစာရင်းဝင်၂၉ကားထဲ မှာပါဝင်တဲ့ “သူစိမ်းအိမ်” ဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီ ခန့်မှန်းပေးတာခံနေရပြီး ဒီလိုခန့်မှန်းခံရပေမယ့် လွဲတတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
“သူစိမ်းအိမ်ကားထဲက ကာရိုက်တာကတော့ ကျမပင်ကိုယ် မျက်နှာဘေးနဲ့ လိုက်ပါတယ်။ ဒီကားနဲ့ အကယ်ဒမီ မှန်းကျလို့လည်း ကျေးဇူးတင်ပါတယ်။ အကယ်ဒမီတော့ ကျမမသိပါဘူး။ မှန်းတိုင်းလည်းလွဲတော့ ဒီနှစ်လည်း လွဲနိုင်တာပါပဲ။ နာမည်သတင်းထွက်ပြီး လွဲတာ သရုပ်ဆောင်တိုင်းကြုံဖူးပါတယ်။ အထူးအဆန်းတော့ မဟုတ်ပါဘူး”
“ ကျမရခဲ့တဲ့ ဆုတွေကအရမ်းမမျှော်လင့်ပဲ ရတာဖြစ် တယ်။ အကယ်ဒမီရင်ခုန်မှုတော့ သိပ်မစဉ်းစားတတ်ပါဘူး။ နာမည်ထွက်တဲ့သူတွေ အားလုံးကတော့ တကယ်ကောင်းလို့ ထွက်ကြတာပေါ့။ ဒီနှစ်အူဝဲ၊ ပိုင်ဖြိုးသုတို့ မခိုင်လေး တို့လည်း နာမည်ထွက်တယ်။ ဒါပေမယ့် ကျအဲ့ကားတွေ မကြည့်ဖြစ်ပါဘူး။ ပရိသတ်ကြိုက်လို့ထွက်တာပါ။ ဘယ်သူပဲရရ ဝမ်းသာပါတယ်”လို့ ထွန်းအိန္ဒြာဗိုလ်ကပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ ဘုတ်အဖွဲ့အပြောင်းအလဲ ဖြစ် တာကြောင့် အကယ်ဒမီကိုစောင့် ကြည့်ရမယ်လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။
“အကယ်ဒမီ ဘုတ်အဖွဲ့မှာပါဖို့ နှစ်တိုင်း ကမ်းလှမ်းပါတယ်။ ကျမကိုယ်တိုင်က အရည်အချင်းမပြည့်မီဘူးလို့ ကိုယ့်ကိုယ် ကို ခံယူတဲ့အတွက် ဘယ်တော့မှ မလုပ်ပါဘူး။ မနှစ်က အကယ်ဒမီပေးပွဲပြီးတော့ ဘုတ်အဖွဲ့တွေက ဘယ်လိုပုံစံမျိုးနဲ့ သွားသင့်တယ်။ ဘယ်လို နည်းလမ်းတွေနဲ့ သွားသင့်တယ် ဆိုတာတွေကို ပြောနေတာ ကြားရတယ်”
“ ဒီနှစ်ကတော့ ဘုတ်အဖွဲ့အပြောင်းအလဲ ဖြစ်လာတော့ ကျမတို့ စောင့်ကြည့်ကြရမှာပေါ့နော်။ ပရိသတ်အကြိုက်နဲ့ နီးစပ်မလားပေါ့။ ရွေးချယ်တဲ့ စည်းကမ်းတွေကို ကျွန်မလည်း မသိဘူးဆိုတော့လေ။ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်း တွေနဲ့ ရွေးတာ လည်း ဖြစ်ရင် ဖြစ်မှာပေါ့လေ။ ဘုတ်အဖွဲ့နဲ့ သွားတာဆိုတော့ အဲဒီအထဲမှာကိုက အိုင်ဒီယာတွေ အမျိုးမျိုးကွဲနိုင်တယ်။ မဲများရာ အဖြေထွက်တာလည်း ဖြစ်နေတော့ သိပ်မပြောတတ်ဘူး”လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ “နှောင်းတမြေ့မြေ့” ၊ ၂၀၀၃ခုနှစ်မှာ “အမေ့နို့ဖိုး” ၊ ၂၀၀၅ ခုနှစ်မှာ “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တဦးဖြစ်ပါတယ်။
You may also like these stories:
ကျန်းမာရေးကောင်းရင် အကယ်ဒမီပေးပွဲတက်ဖြစ်မယ့် ဟာသ သရုပ်ဆောင်ဗေလုဝ
အခွင့်အရေးလေးရရင် သရုပ်ဆောင်ပြန်လုပ်ချင်သေးတဲ့ ဟာသ သရုပ်ဆောင်ဧရာ
“ဗိုလ်ချုပ်ရုပ်ရှင်ကို အပြုသဘောနဲ့ မြင်ပေးစေချင်တယ်”လို့ သရုပ်ဆောင် မင်းညီ ပြော