Entertainment

“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ ပွင်သိင်္ဂီဇော်ရိုက်ကူးတဲ့ “လေဒီဒိန်းဂျား” ဇာတ်ကားမှာ အချစ်ကို အရမ်းကိုးကွယ်တဲ့ ကောင်မလေးအဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ပိုင်ဖြိုးသုက ဒီဇာတ်ကားမှာ စီနီယာ၂ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ထွန်းအိန္ဒြာဗိုလ်တို့နဲ့အတူ ပါဝင်ခွင့်ရလို့ အတွေ့အကြုံအသစ်တွေ ရတယ်လို့ ဆိုပါတယ်။

“လေဒီဒိန်းဂျားထဲမှာ အချစ်ကို အရမ်းကိုးကွယ်တဲ့ အကြင်နာမိုးဆိုတဲ့ ကောင်မလေးနေရာကပေါ့။ အမှတ်တရတွေလည်း အများကြီးရှိတယ်။ မအူဝဲနဲ့ မခိုင်ကြီး ကို အရမ်းလေးစား အားကျခဲ့ရပြီး အစ်မတွေကို ကြည့်ပြီး အရမ်းသရုပ်ဆောင် ဖြစ်ချင်ခဲ့တာ။ အခု နှစ်ယောက်လုံးနဲ့ တပြိုင်တည်း တကားထဲမှာ ဆုံရတာဆိုတော့ သုအတွက် ဘာနဲ့မှလဲလို့မရတဲ့ အတွေ့ အကြုံ သစ်တွေ အထောက်အပံ့တွေ ရသလို အမှတ်တရလည်းဖြစ်ရတယ်။ အရမ်းလည်းပျော်ဖို့ကောင်းခဲ့တယ်”

“ ဒီကားထဲ မှာတော့ မိန်းကလေးတွေ ကြုံရတတ်တဲ့ အိမ်ထောင်ရေးတင်မဟုတ်ဘူး။ အချစ်ရေး နောက်လူမှုရေး တခြားပြဿနာ အဲ့ဒါလေးတွေလည်းပါတယ်။ အဲ့လိုတွေ ကြုံတွေ့လာတော့ ဘယ်လို လေးတွေ ဖြေရှင်းသွားလဲ ဆိုတာ လေးတွေပါတယ်”

“ အိမ်ထောင်တခုမှာ အမျိုးသားက အမျိုးသမီးကို လက်ပါတော့ မဖြစ်သင့်ဘူး။ ဒါကို ကန့်ကွက်တယ်။ တချို့ ကပြောကြတယ်။ ယောကျာ်းလေးစိတ်ဆိုးရင် လက်ပါတယ်။ အဲ့လိုလုပ်တတ်တဲ့ အမျိုးသားတွေကိုလည်း ကဲ့ရဲ့တယ်။ သုအနီးနားမှာလည်း သုမမြင်ဖူးဘူး။ ကြားဖူးတယ်။ ဖတ်ဖူးတယ်။ ဖတ်ရင်တောင်ဒေါသထွက်တယ်။ သုလည်း အိမ်ထောင်သက်နုသေးတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာမှသိပ် မပြောချင် သေးပါဘူး ”လို့ ပိုင်ဖြိုးသုကပြောပါတယ်။

အကယ်ဒမီအတွက် ရင်မခုန်မထားဘူးလို့ဆိုတဲ့ ပိုင်ဖြိုးသုက ဘယ်သူပဲ ရရလက်ခုပ်တီးဖို့အဆင်သင့်ပါပဲလို့ဆိုပါတယ်။

“သုက ဘာမှမျှော်လင့်မထားတတ်ဘူး အဲ့အတွက် အကယ်ဒမီကို သုအတွက်တော့ ရင်မခုန်ပါဘူး။ အကယ်ဒမီပေးပွဲ ဆိုတာ သုတို့ အနုပညာသမားတွေတန်ဖိုးထားရတဲ့ ပွဲကြီး တပွဲဖြစ်တဲ့အတွက် ဘယ်သူပဲ ရရလက်ခုပ်တီးဖို့အဆင်သင့်ပါပဲ။ မှန်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သုကားလေးတွေရုံတင်ရင် ပရိသတ်တွေက အားပေး ကြည့်ရှုကြတာနဲ့တင် သုအရမ်းကျေနပ်နေပါပြီ ကျေးဇူးလည်းတင် နေပါပြီ”

“ Now&eEver ဇာတ်ကားက တော့ သုရိုက်ဖူး သမျှထဲမှာ ရိုက်ကူးရေး အကြာဆုံးပေးကြတဲ့ ကား။ အဲ့ကားမှာတော့ အမှတ်တရတွေက အများကြီးပါပဲ။ ဒီနှစ်အကယ်ဒမီ စီစဉ်အကဲဖြတ်အဖွဲ့ ဒီနှစ်အပြောင်းအလဲ ဖြစ်တော့ သုစဉ်းစားကြည့် တယ်။ ဒီအဖွဲ့ထဲကို ဝင်တဲ့ သူက တော်ရုံတန်ရုံစိတ်နဲ့ ဝင်ပေးလို့မရဘူး။ တနေ့တနေ့ နှစ်ကားသုံးကားကြည့်ရမယ်။ သူတို့ ကားတကားကို နှစ်ခါသုံးခါ လောက်ကြည့်နေရမှာလေ”

“ သုပါတဲ့ ကားတကားတောင် သုံးခေါက်လောက် ပြန်ကြည့်ဖို့ မလွယ်တာ။ အဲ့ဒါကို သေချာ အကဲဖြတ်ပေးနေကြတာ တော်ရုံစိတ်ရှည်တာလောက်နဲ့တော့ မလုပ်နိုင်ဘူးလို့ ထင်တယ်။ အဲ့အတွက် သူတို့ကိုလည်း လေးစားတယ် ”လို့ ပိုင်ဖြိုးသုကပြောပါတယ်။

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီး တလက် ဖြစ်ပါတယ်။ သူက “ဘီလူးမ၊ သရဲမနဲ့ မိန်းမပျို” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိထားသူပါ။ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့လည်း ပိုင်ဖြိုးသုက အနုပညာလုပ်ငန်းတွေ အတူတူ တွဲလုပ်နေပါတယ်။

You may also like these stories:

“သူစိမ်းအိမ်” ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းခံနေရတဲ့ ထွန်းအိန္ဒြာဗိုလ်

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုရဲ့ ခွဲစိတ်မှုအကြောင်း ပြောပြတဲ့ မိခင်ဖြစ်သူ ဒေါက်တာ နွယ်ဦး

Did you find apk for android? You can find new Free Android Games and apps.
Loading