အက်ရှင်မင်းသား ဂျက်လီဟာ Shaolin Temple ရုပ်ရှင် ၊ Once Upon A Time In China စီးရီး၊ Fearless ရုပ်ရှင်တို့နဲ့ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တဦးဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက တင်ခဲ့တဲ့ သူ့ရဲ့ ဓာတ်ပုံတခုထဲက သူ့ရဲ့ အိုမင်းရင့်ရော်နေတဲ့ ပုံစံကြောင့် ပရိသတ်တွေ အထူး စိုးရိမ်ခဲ့ကြပါတယ်။ ရုပ်ရှင်တွေထဲမှာ ချောမောပြီး ခွန်အားပြည့်ဝတဲ့ သူ့ပုံရိပ်နဲ့ တော်တော်လေးကို ကွာခြားနေခဲ့တာကြောင့် ပရိသတ်တွေက အထူးအံ့သြသင့်ခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၅၆ နှစ်အရွယ် တရုတ်ပြည်ဖွား မင်းသား ဂျက်လီဟာ ၂၀၁၀ ခုနှစ်ကစလို့ ကြွက်သားများ အားအင် ကုန်ခမ်းခြင်းနဲ့ အိမ်မပျော်တဲ့ ပြဿနာတွေကို ဖြစ်စေတဲ့ သိုင်းရွိုက်အကျိတ်အလုပ်အလွန်လုပ်လွန်းတဲ့ ဝေဒနာကို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ Instagram မှာ သူ့ရဲ့ ဓာတ်ပုံအဟောင်းတချို့ကို တင်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေကို သူ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ်တွေမှာ ရိုက်ကူးထားပုံရပါတယ်။
အဲ့ဒီဓာတ်ပုံ ၃ပုံမှာတော့ “ကျနော့်ရဲ့လေ့ကျင့်ရေးနေ့ရက်များ” လို့ ရေးသားထားပြီး မင်းသားလီဟာ ပေကျင်း ဝူရှုးအသင်း နဲ့အတူ ပြုံးပျော်ရွှင်နေတာကို မြင်တွေ့ရပါတယ်။ သူတို့ဝတ်ထားတဲ့ ရှပ်အကျီတွေ ပေါ်မှာတော့ “ပေကျင်း” ကို တရုတ်ဘာသာနဲ့ ရေးသားထားတာကိုလည်း မြင်တွေ့ရပါတယ်။ အင်တာနက်အသုံးပြုသူတွေ ကတော့ သူပုံစံဟာ တော်တော်လေး ကြည့်ကောင်းပြီး စွဲဆောင်မှုရှိတယ်လို့ ဆိုကြပါတယ်။
တချို့အသုံးပြုသူတွေကတော့ မင်းသားဟာ သူတို့ရဲ့ ငယ်ဘဝသူရဲကောင်းဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
မင်းသား လီရဲ့ ကျန်းမာရေးဟာ ၂၀၁၉ ခုနှစ်ကစလို့ တိုးတက်လာပုံ မြင်တွေ့ရပြီး အမျိုးသားဘတ်စကက်ဘေ အသင်း စတား Stephen Curry၊ တရုတ်စီးပွားရေးလုပ်ငန်းရှင် ဂျက်မား၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဘန်ကီမွန်းတို့နဲ့ တွေ့ဆုံနေတဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါသေးတယ်။
အခုတော့ စင်ကာပူ နိုင်ငံသား ဖြစ်နေပြီဖြစ်တဲ့ မင်းသားလီဟာ Disney ရဲ့ “Mulan” ရုပ်ရှင် တရုတ်အင်ပါယာပြည့်ရှင် အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ မင်းသမီးဟောင်း Nina Li နဲ့ လက်ထပ်ထားပြီး သမီးနှစ်ဦးရရှိထားပါတယ်။ အရင်အိမ်ထောင်ဖြစ်တဲ့ မင်းသမီးဟောင်း Huang Qiuyan နဲ့လည်း သမီးနှစ်ဦးထွန်းကားထားပါသေးတယ်။
Ref: straitstimes
You may also like these stories:
ထွက်ရှိလာတော့မယ့် Black Adam ရုပ်ရှင်မှာ ပါဝင်လာဖို့ ရှိနေတဲ့ Supergirl
“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု
ဒီနှစ်အကယ်ဒမီ ဘယ်သူပဲရရ မုဒိတာပွားမှာပါ လို့ ခန့်စည်သူ ပြော