Entertainment

အော်စကာဆုရယူဖို့ မျှော်မှန်းထားတဲ့ အဆိုတော် Shania Twain

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ကျေးလက်ဂီတအဆိုတော် Shania Twain ဟာ သရုပ်ဆောင်အလုပ်ကို သဘောကျလာခဲ့ပြီးတဲ့ နောက် အော်စကာဆုရယူဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

 “Still the One” သီချင်းအဆိုတော် Shania ဟာ ၂၀၁၉ ခုနှစ်တုန်းက မင်းသား John Travolta နဲ့အတူ “Trading Paint” ဆိုတဲ့ အက်ရှင်ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ အခုတော့ အမေရိကန်မင်းသား Gary Sinise  နဲ့အတူ ခရစ်ယာန်ဂီတပညာရှင် Jeremy Camp ရဲ့ မိခင်နေရာကနေ ပါဝင်မယ့် “I Still Believe” ရုပ်ရှင်အတွက်လည်း ပြင်ဆင်နေပြီဖြစ်ပါတယ်။

အခုလိုမျိုး ဝါရင့်ဟောလိဝုဒ် စတားနှစ်ဦးနဲ့အတူ အလုပ်အတူ တွဲလုပ်လိုက်ရတာဟာ Shania အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေဖြစ်ပြီး အဲ့ဒီစတားနှစ်ဦးကလည်း သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကို ပေါ်ထွက်လာနိုင်အောင် ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုတော် Shania က “သူတို့နှစ်ယောက်လုံးဟာ သရုပ်ဆောင်တွေအနေနဲ့ အတွေ့အကြုံများကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့က ကျမကို အရမ်းလွှမ်းမိုးမှု ရှိပါတယ်။ သူတို့ဆီကနေလည်း ကျမအများကြီး သင်ယူခဲ့ရပါတယ်။ သူတို့က ကြင်နာပြီး ကူညီတတ်ပါတယ်။ လုံး၀ စိတ်သက်သာရာရစေပါတယ်။ ရိုက်ကွင်းပေါ်မှာ ရှိရတာ ကျမ သဘောကျလာရပါတယ်” လို့ ဆိုပါတယ်။

မင်းသား John Travolta နဲ့ပတ်သက်လို့သူက “John က ကျမကို စိတ်သက်သောင့်သက်သာဖြစ်ရအောင် လုပ်ပေးတယ်။ ရုပ်ရှင်ရိုက်ကွင်းဆိုတာ ကျမပိုင်ဆိုင်တယ်လို့ ခံစားရတဲ့နေရာတခုလည်း ဖြစ်ပါတယ်။ ကျမကို သဘာဝကျကျဖြစ်စေတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ကတော့ ကျမ စိတ်လှုပ်ရှားရတာတော့ မရှိပါဘူး” လို့လည်း ပြောကြားထားပါတယ်။

အဆိုတော်ကနေ သရုပ်ဆောင်မင်းသမီးဖြစ်လာတဲ့ Shania က Trading Paint ရုပ်ရှင်မှာ သရုပ်ဆောင်အဖြစ် မလုပ်ခင်အထိ သရုပ်ဆောင်ဖြစ်လာမယ်ဆိုတဲ့ အိပ်မက်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

Shania ဟာ သူ့ရဲ့ သရုပ်ဆောင်လျှောက်လွှာကို ကောင်းကောင်း တည်ဆောက်ဖို့ ဆုံးဖြတ်ထားပြီး တနေ့မှာ အော်စကာဆုရရှိဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။ သူက “အော်စကာဆုရရင် ပျော်ရမှာပါ။ ရယူနိုင်မယ့် စာရင်းထဲမှာ ထည့်ထားလိုက်ပါပြီ။ ဒါပဲလေ။ အော်စကာဆုကို ကျမ ရယူရမယ့် ပစ္စည်းစာရင်းထဲမှာ ထည့်ထားလိုက်ပါပြီ” လို့ဆိုပါတယ်။

Ref: aceshowbiz

You may also like these stories:

ဂရမ်မီဆုပေးပွဲမှာ အဖွင့်နှုတ်ဆက်စကားပြောခဲ့တဲ့ Lady GaGa နဲ့ Michelle Obama

“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading