Tom Holland ဟာ အရင့်အရင်ကတော့ MCU ရဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သတင်းတွေကို အရင်ဆုံး Spoil လုပ်သူ ၊ Spider-Man သရုပ်ဆောင် တဦးဖြစ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ Spider-Man 3 နဲ့ ပတ်သက်လို့ သူ့အနေနဲ့ Spoil မလုပ်တော့ကြောင်း အင်တာဗျူးတခုမှာ ဖြေဆိုခဲ့တာပါ။
MCU ဟာ ရုပ်ပြတွေကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာမှာ ဟောလိဝုဒ် သရုပ်ဆောင်တွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပေမယ့် ငယ်ရွယ်တဲ့ သရုပ်ဆောင်တယောက်ဖြစ်တဲ့ Tom Holland ကတော့ ကိုင်တွယ်ရခက်ခဲခဲ့တာပါ။ Tom Holland ဟာ သူကိုယ်တိုင် အဓိကနေရာက ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ Spider-Man ရုပ်ရှင်တွေ အပြင် Avengers ရုပ်ရှင်တွေ အကြောင်းပါ အင်တာဗျူး ဖြေဆိုရာမှာ MCU ရဲ့ အချက်အလက်တွေကို အမှတ်တမဲ့ ပြောခဲ့ဖူးတာကြောင့်ဖြစ်ပါတယ်။
Spider-Man ဇာတ်ကောင်အတွက် ပတ်သက်လို့ သူ့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အင်တိုက်အားတိုက် ကြိုးစားခဲ့တာ ကိုတော့ ပရိသတ်တွေဘက်က အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ Spider-Man 3 နဲ့ ပတ်သက်လို့ အားလုံးနီးပါးသိထားတယ်ဆိုပေမယ့် သူ့ဘက်က ဘယ်လိုအကြောင်းနဲ့မှ အမှတ်တမဲ့ Spoil လုပ်တာမျိုး ရှိတော့မှာ မဟုတ်ကြောင်း ဖွင့်ဟလိုက်တာဖြစ်ပါတယ်။
Pixar စတူဒီယိုရဲ့ Onward Animation ရုပ်ရှင် အကြိုပြသပွဲမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Tom Holland ကို မီဒီယာတချို့က သူ့ရဲ့ လာမယ့် Spider-Man 3 ရုပ်ရှင်နဲ့ ပတ်သက်လို့ ပြောစရာတခုခုများ ရှိမလားလို့ မေးမြန်းခဲ့တာပါ။ Tom Holland က Sony နဲ့ Marvel ကုမ္ပဏီနှစ်ခုလုံးက လာမယ့် Spider-Man ရုပ်ရှင်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သူ့အနေနဲ့ နှုတ်စောင့်မယ်လို့ ယုံကြည်ထားကြတာဖြစ်တဲ့အတွက် ထုတ်ဖော်ပြောပြခွင့်မရှိကြောင်း ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
သားသတ်ရုံက နွားသားအမိကို ကယ်တင်ခဲ့တဲ့ မင်းသား Joaquin Phoenix
အော်စကာဆုရယူဖို့ မျှော်မှန်းထားတဲ့ အဆိုတော် Shania Twain
အွန်လိုင်းပေါ်မှာ ဓာတ်ပုံအဟောင်းတွေ တင်လိုက်တဲ့ မင်းသား ဂျက်လီ