Entertainment

ရှန်ဟိုင်းမှာ သွားရောက် ရိုက်ကူးမယ့် မီနီစီးရီး ရက်ရွှေ့ထားတဲ့အကြောင်းပြောပြတဲ့ ခါရာ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှာ မီနီစီးရီး သွားရောက်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ခါရာက တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတွေ ဖြစ်နေတာ ကြောင့် ရိုက်ကူးရက်ကို နောက်ရွေ့ထားရတယ်လို့ ဆိုပါတယ်။

“ကျနော် ပထမတော့ မီနီစီးရီးလေး ရှန်ဟိုင်းမှာ သွားရိုက်မလို့။ ဟိုမှာ ရောဂါတွေ ဖြစ်နေတော့ မသွားရသေးဘူး။ ကိုရိုနာက အရမ်းပြင်းထန်နေတော့ နောက်ကိုရွေ့ထားရတယ်။ နောက်ပိုင်းမှာလည်း တခြား နိုင်ငံတွေမှာ သင်တန်းတွေ သွားတတ်ပြီးတော့မှ အင်တာနေရှင်နယ်ရောက်အောင် ကျနော်ကြိုးစားမှာပါ” လို့ ခါရာက ပြောပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ခါရာက “လေဒီဒိန်းဂျား”ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ထားပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“လေဒီဒိန်းဂျားမှာ ကျနော်မန်နေဂျာတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားရဲ့ ကာရိုက်တာ က ၃နှစ်ကျော်၊ ၄နှစ်လောက် ကြာတော့ မေ့တောင်နေပြီ။ မပိုင်ဖြိုးသု ၊ ကိုခန့်တို့နဲ့ တွဲရတဲ့ အခန်းတွေကများ တယ်။ ကျန်တဲ့ သရုပ်ဆောင်တွေနဲ့တော့ မတွေ့ဖြစ်ဘူး”

“လေဒီဒိန်းဂျားကလည်း ကားကောင်း တကားပါ ပရိသတ်တွေ အားပေးကြပါလို့ ပြောချင်ပါတယ်။ ကျနော် လတ်တလောမှာ ဒါရိုက်တာ အောင်ကိုလတ်နဲ့ “နတ်”ရုပ်ရှင်ဇာတ်ကား ရိုက်နေပါတယ်” လို့ ခါရာက ဆိုပါတယ်။

ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးနေတဲ့ “နတ်” ဇာတ်ကားအတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သွားရောက်ရိုက်ကူးခဲ့ခြင်းနဲ့ ပတ်သက်ပြီးလည်း ခါရာက အခုလိုပြောပါတယ်။

“ နတ် ဇာတ်ကားမှာ ရိုးရာဂီတကို သဘောမကျတဲ့ လူငယ်ဂီတသမားတယောက်အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့ကို အင်ဒိုနီးရှားနိုင်ငံမှာ ဘာလီကျွန်းမှာ သွားရောက်ရိုက်ကူးခဲ့တယ်။ ရိုးရာယဉ်ကျေးမှု ပတ်သက်တဲ့ စာတမ်းဖတ်ပွဲကို တက်ရောက်တဲ့ပုံစံ ရိုက်ကူးခဲ့တာပါ”

“အဲ့နိုင်ငံက ရိုးရာထိန်း သိမ်းမှုစနစ်လည်း ကောင်းတယ်။ သူတို့ရဲ့ ရိုးရာရုပ်သေးပွဲ တပွဲကို ကြည့်လိုက်ရတယ်။ ပိတ်ကားပေါ်ကို မီးထိုး ပြီး အရိပ်နဲ့ကတာ။ သူတို့ရဲ့ ရိုးရာဂီတ တီးတယ်၊ ရိုးရာဝတ်စုံတွေနဲ့ ကတယ်။ နေရာတကာ မှာလည်း မုခ်ဦးပုံစံ ကာထားတာတွေလည်း တွေ့ရတယ်”

“ပထမဆုံး တရားဝင်စာတင်ပြီး သွားရိုက်တာဆိုတော့ အကုန်လုံးက ကူညီကြပါတယ်။ အခက်အခဲလည်း မရှိပါဘူး၊ အဆင်ပြေတယ်။ ဟိုမှာက ကျဉ်းလည်း ကျဉ်းတော့ မြန်မာက လာတာကို သံရုံးတွေက အသိပေး ထားတော့ လာ ရိုက်တာကို ကြိုသိတယ်”

“ ဦးလတ်က တကယ်ကို အနုပညာရှင်အစစ်ပဲ။ ဇာတ်ဝင်ခန်းတွေ အကုန်လုံးကို စိတ်တိုင်းကျဖန်တီးတာ။ ပရိသတ်အကြိုက်ကိုရော၊ ငွေနောက်ကိုရော မလိုက်ဘူး။ ရုပ်ရှင်ကားကောင်းထွက်ဖို့ အတွက်ပဲလုပ်တာ။ တောင်ပြုံး၊ ပုဂံနှင့် ပုပ္ပားမှာ သွားရောက်ရိုက်ကူးဦးမှာပါ”လို့ ခါရာက ပြောပါတယ်။

ခါရာဟာ Bonanza ထုတ်လုပ်ရေးနဲ့အတူ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူဟာ Professional Model တယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုချိန်မှာတော့ ခါရာ ပါဝင်သရုပ် ဆောင်ထားတဲ့ ကြော်ငြာတွေ၊ ရုပ်ရှင် ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေကလည်း ပရိသတ်ရှေ့ကို ရောက်ရှိ နေပြီဖြစ်ပါတယ်။

You may also like these stories:

ခရီးထွက်မှာကြောင့် ဒီနှစ်အကယ်ဒမီပွဲမတက်ဖြစ်ဘူးလို့အောင်ရဲလင်း ပြော

မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ

Spider-Man 3 နဲ့ ပတ်သက်လို့ ဖွင့်ဟတော့မှာ မဟုတ်ကြောင်း Tom Holland ပြောဆို

Did you find apk for android? You can find new Free Android Games and apps.
Loading