မင်းသားကြီး Harrison Ford ရဲ့ အနုပညာခရီးလမ်းဟာ ဆယ်စုနှစ် ခြောက်ခုနီးပါး ကြာရှည်လာခဲ့ပြီး Star Wars နဲ့ Indiana Jones ၊ The Fugitive နဲ့ Air Force One တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်နိုင်ခဲ့ တာဟာ အကြောင်းပြချက်တခုတော့ရှိပါတယ်။
အခုရုံတင်ပြသနေတဲ့ “Call of The Wild” ရုပ်ရှင်ဟာ ဆိုရင်လည်း အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ သက်ကြီးပိုင်း သရုပ်ဆောင်တယောက်က ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လောက်လုပ်နိုင်သေးလဲ ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ မြောက်အမေရိက ဒေသမှာ မင်းသားကြီး Ford ပါဝင်ထားတဲ့ ရုပ်ရှင်တွေရဲ့ ဝင်ငွေဟော ဒေါ်လာ ၅ ဒဿမ ၁ ဘီလီယံရှိပြီး သမိုင်းမှာ စတုတ္ထမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ပြသခဲ့တဲ့ Star Wars: The Force Awakens ရုပ်ရှင်ဟာဆိုရင်လည်း မင်းသားကြီး အတွက် အမြင်ဆုံးဝင်ငွေရခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ ကျော်ရရှိခဲ့ပါတယ်။ ပြီးတော့ သမိုင်းမှာ စတုတ္ထမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီရုပ်ရှင်ကြောင့် ၂၀၁၆ ခုနှစ်မှာ မင်းသားကြီး Ford ဟာ Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအမြင့်ဆုံးသရုပ်ဆောင်အဖြစ် ဖော်ပြခြင်းကိုလည်း ခံခဲ့ရပါတယ်။ မင်းသားကြီးဟာ အဲ့ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၁၅ သန်းရရှိခဲ့ ပါတယ်။
ဒါ့အပြင် မင်းသားကြီးဟာ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Indiana Jones And The Kingdom Of The Crystal Skull” ရုပ်ရှင်ကနေ ဒေါ်လာ ၆၅ သန်း ဝင်ငွေရခဲ့ပါတယ်။ အဲ့ဒီအချိန်ုတုန်းက မင်းသားကြီးဟာ ခေတ္တ အနားယူနေချိန် ဖြစ်ပေမယ့် Paramount က ဒါရိုက်တာ Steven Spielberg ၊ စီးရီးဖန်တီးသူ George Lucas နဲ့ သူ့ကြားမှာ ရုပ်ရှင်ရဲ့ အကျိုးအမြတ် ပိုမိုခွဲဝေပေးမယ့် သဘောတူညီချက်တခုကို ကမ်းလှမ်းခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ၂၀၀၉ ခုနှစ်တုန်းက Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ခဲ့တဲ့ Celebrity 100 စာရင်းမှာ ဝင်ငွေအမြင့်ဆုံး သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် မင်းသားကြီးကို ရသမျှကို ပြန်လည်လှူဒါန်းသူလည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာ သဘာဝတောရိုင်း ထိန်းသိမ်းရေး အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ပြီး ၂၀၁၈ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အရေးယူဆောင်ရွက်ရေး ထိပ်သီးညီလာခံမှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။
သတင်းတွေရဲ့ အဆိုအရ မင်းသားကြီး Ford ဟာ တောကြီးမျက်မည်းထဲမှာ လမ်းပျောက်နေတဲ့ တောင်တက်သမား တွေကို ရဟတ်ယာဉ်နဲ့ အခါအားလျော်စွာ ကူညီပေးနေသူဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: menshealth
You may also like these stories:
ရှန်ဟိုင်းမှာ သွားရောက် ရိုက်ကူးမယ့် မီနီစီးရီး ရက်ရွှေ့ထားတဲ့အကြောင်းပြောပြတဲ့ ခါရာ
မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ
၈ နာရီကျော် Planking ပြုလုပ်ပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အသက် ၆၂နှစ်အရွယ် အမျိုးသား