Entertainment

ချစ်သူအောင်လက သဝန်တိုလို့ ရုပ်ရှင်ပေးရိုက်မှာ မဟုတ်ဘူးလို့ ဝိုင်းစုခိုင်သိန်း ပြော

Want create site? Find Free WordPress Themes and plugins.

အနုပညာလောကထဲကို စတင်ဝင်ရောက်စဉ်အချိန်ကတည်းက အဆိုတော်အလုပ်နဲ့သရုပ်ဆောင်အလုပ်ကို တွဲဖက်လုပ်ကိုင်လာခဲ့တဲ့ ဝိုင်းစုခိုင်းသိန်းက အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်ကို လုပ်တာမတွေ့ရတော့ဘဲ ဂီတပိုင်းမှာ ပိုအားစိုက်လာတာကို တွေ့ရပါတယ်။ အခုအချိန်မှာ ရုပ်ရှင်ရိုက်မယ်ဆိုရင် ချစ်သူဖြစ်တဲ့အောင်လက သဝန်တိုတာကြောင့် ပေးရိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ငယ်ငယ်ကတည်းက ဝါသနာပိုပါတာ ဂီတဘက်ဆိုတော့ ဂီတဘက်မှာ ရပ်တည်ဖြစ်တာ ပိုများတာပေါ့။ ရုပ်ရှင်မရိုက် တော့ဘူးလားဆိုတော့လည်း တုံးတိစိတ်ဖြတ်ထားတာတော့ မဟုတ်ဘူး။ မရိုက်ဖြစ်တာပေါ့။ သူကအရမ်းသဝန်တိုတာ ပေးရိုက်မှာမဟုတ်ဘူး” လို့ ဝိုင်းစုခိုင်သိန်းကပြောပါတယ်။

ဆက်လက်ပြီး ဝိုင်းစုခိုင်သိန်းက “သူကအကုန်လုံးကို သဝန်တိုတယ်။ ဘယ်လိုအရာလေးပဲဖြစ်ဖြစ် သဝန်တိုတယ်။ တခါတလေကျရင် သဝန်တိုလို့ တိုမှန်းမသိဘူး။ ကိုယ့်ကို စကားမပြောတော့မှ နောက်နေ့မှအဖြေပေါ်တယ်” လို့ ပြောပါတယ်။

အောင်လကတော့ ဝိုင်းစုခိုင်သိန်းကို ဘယ်ဇာတ်ရုပ်နဲ့မှ မမြင်ချင်ဘဲ အကောင်းဆုံးအဆိုတော်လေးပဲဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“သူလည်းအတူတူပဲ။ ကျနော့်ကို ဟိုတခါအန်ကယ်လေးက လာခေါ်တာ သူကမရိုက်ခိုင်းဘူး။ သူ့ကို ဘယ်ဇာတ်ရုပ်နဲ့မှ မမြင်ဖူးချင်ဘူး။ အကောင်းဆုံးအဆိုတော်လေးပဲ ဖြစ်စေချင်တယ်။ သူ့ကားတွေတော့ ကြည့်တော့ကြည့်ဖူးပါတယ်။ ဒါပေမယ့်ကြည့်လိုက်ရင် သဝန်တိုတိုသွားလို့ မကြည့်ဖြစ်တော့ဘူး” လို့ အောင်လကပြောပါတယ်။

ဝိုင်းစုခိုင်သိန်းအနေနဲ့ ရုပ်ရှင်ရိုက်တာကိုတော့ သူမရဲ့တကိုယ်တော်အခွေတခွေဖြစ်တဲ့ “အာဘွား” ထွက်ပြီးကတည်းက မရိုက်ဖြစ်တော့ဘဲ ဂီတဘက်ကိုဇောက်ချရပ်တည်မယ်ဆိုတဲ့ စိတ်ကူးအတိုင်းလုပ်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

“သူမရိုက်ခိုင်းလို့တော့ မဟုတ်ဘူး။ သူနဲ့မတွေ့ဖြစ်ခင်ကတည်းက နားလိုက်တာ။ အရင်ကတည်းက စိတ်ကူးရှိတယ်။ တနေ့နေ့တချိန်ချိန်မှာ ဂီတဘက်မှာပဲ ဇောက်ချပြီးရပ်တည်မယ်ဆိုပြီး စိတ်ကူးရှိတယ်။ စိတ်ကူးအတိုင်း ဝိုင်းစုက သွားတတ်တဲ့သူဆိုတော့ အာဘွားအခွေထွက်ပြီးကတည်းက ရပ်လိုက်တာ ၅နှစ်၆နှစ်လောက်ရှိပြီ” လို့ ဝိုင်းစုခိုင်သိန်းကပြောပါတယ်။

အောင်လနဲ့ဝိုင်းစုခိုင်သိန်းကတော့ အောင်လရဲ့ “ပြော” သီချင်း MTV ရိုက်တဲ့အချိန်ကစတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အခုအချိန်ဆိုရင် ၉နှစ် ၁၀နှစ်ခန့်ရှိပြီလို့သိရပါတယ်။

“အဲ့တုန်းက “ပြော” သီချင်းကအလကားရိုက်ပေးတာ သီချင်းကိုကြိုက်လို့တဲ့ ရုပ်တောင်မတွေ့သေးဘူးအသံနဲ့တင် တော်တော်ကြွေနေတာ။  ၂၀၁၀ လောက်ကဆိုတော့ ၉နှစ် ၁၀နှစ်လောက်တော့ရှိပြီပေါ့” လို့ အောင်လကပြောပါတယ်။

ဝိုင်းစုခိုင်သိန်းကတော့ အောင်လရဲ့ “ပြော” သီချင်းကို အွန်လိုင်းပေါ်မှာတွေ့ကာကြိုက်တာကြောင့် ရိုက်ပေးဖြစ်ခဲ့လို့ သိရပါတယ်။

အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ချစ်သူ၂ဦးကတော့ ဝေဖန်မှု ၊ တိုက်ခိုက်မှုများစွာရှိခဲ့ပေမယ့် ခိုင်မာစွာလက်တွဲလာခဲ့ကြတဲ့သူ ၂ယောက်အဖြစ်မြင်ရမှာပဲဖြစ်ပါတယ်။

You may also like these stories:

“စိမ်းလဲ့တင် ကိစ္စက နေခြည်နဲ့ မဆိုင်ပါဘူး”လို့ နေခြည်ဦး ဖြေရှင်း

“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု

Did you find apk for android? You can find new Free Android Games and apps.
Loading