Entertainment

သမီးဖြစ်သူကို လက်ခံနိုင်တဲ့သူမှ ဘဝထဲ ဝင်ခွင့်ပေးဖို့ရှိတဲ့ အဆိုတော်ချမ်းချမ်း

ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းထားပြီး သမီးဖြစ်သူကို တယောက်တလှည့်တာဝန်ယူနေတဲ့ အဆိုတော်ချမ်းချမ်းကတော့ သူ့ဘဝအတွက် နောက်ထပ်လက်တွဲဖော်ကိုတော့ သမီးဖြစ်သူကိုလက်ခံနိုင်တဲ့သူမှ လက်ခံသွားဖို့ရှိတယ်လို့ ပြောပါတယ်။

“အဓိကက ကျမရဲ့ဘဝမှာ သမီးကိုလက်ခံနိုင်တဲ့သူကိုပဲ ကျမဘဝထဲ ကိုဝင်ခွင့်ပေးဖို့ရှိတယ်။ ကျမကိုတကယ်ချစ်ပြီး သမီးကိုလည်း ကိုယ့်သားသမီးလို စောင့်ရှောက်နိုင်တဲ့သူကိုပဲ ဘဝထဲကိုပေးဝင်မှာဖြစ်တဲ့အတွက်ကြောင့် အချိန်တွေတော့ လိုပါသေးတယ်။ စောင့်ကြည့်ဦးပေါ့” လို့ ချမ်းချမ်းကပြောပါတယ်။

သမီးဖြစ်သူ မြမိုးဂဂါၤကတော့ အမေဖြစ်သူကိုချစ်တဲ့သူဆို သူလည်းချစ်တဲ့ခံစားချက်ရှိတယ်လို့ ချမ်းချမ်းကပြောပါတယ်။

“ကျမသမီးက ကျမရဲ့ဆုံးဖြတ်ချက်က သူ့အတွက်ကောင်းဖို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့စိတ်ခံစားချက် ခံစားမှုကို ကျမအသိဆုံးပဲလေ။ အဲ့တော့အမေက သမီးဘဝမှာမရှိမဖြစ်ဆိုတော့ အမေ့ကိုချစ်တဲ့သူ၊ သမီးကိုချစ်တဲ့သူက သမီးချစ်တဲ့သူပဲပေါ့။ အမေ့ကိုချစ်ရင်သမီးလည်း ချစ်တယ်ပေါ့။ သူကအဲ့လိုမျိုး” လို့ ချမ်းချမ်းကပြောပါတယ်။

သမီးဖြစ်သူကိုတော့ ပညာရေးကိုကောင်းကောင်းမွန်မွန်ဖြစ်စေချင်ပြီး ဆယ်တန်းပြီးပါက နိုင်ငံခြားမှာ ကျောင်းထားဖို့ အတွက် အခုကတည်းကပိုက်ဆံရှာနေတယ်လို့ သိရပါတယ်။

“သမီးလေးကိုတော့ ဆယ်တန်းပြီးသွားရင် နိုင်ငံခြားကောလိပ်ပို့မယ်။ အခုကတည်းက ပိုက်ဆံရှာတယ်။ အလုပ်တွေ လုပ်တယ်။ အဓိကက ကျမအတွက်မဟုတ်ဘူး။ ကိုယ်က အဝတ်တထည်ကိုယ်တခုနဲ့ ကြိုက်သလိုသွားနေလို့ရတယ်။ ဒီအနုပညာလုပ်လာတဲ့ သက်တမ်းတလျှောက်လုံးမှာလည်း မိသားစုအတွက်ပဲ အသက်ရှင်ခဲ့တာ။ နောက်ဆုံး ရည်မှန်းချက် ကတော့ သမီးကိုပညာရေးကောင်းစေချင်တယ်။ ကျောင်းကောင်းကောင်းထားပေးချင်တယ်” လို့ ချမ်းချမ်းကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သမီးလေးမွေးနေ့မှာတော့ အဖေရော၊ အမေပါ စုံလင်စွာမွေးနေ့ပွဲကျင်းပပေးဖြစ်ပြီး ဘုဏ်းသိုက်နဲ့လည်း အခုအချိန်မှာ သူငယ်ချင်းတွေဖြစ်သွားကြပြီလို့ သိရပါတယ်။

“အဓိကက အခုကျမတို့က သူငယ်ချင်းလိုဖြစ်သွားကြပြီ။ သူကလည်း ကျမကိုနားလည်တယ်။ အခုကျမပေါပေါ့ပါးပါး ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုအခုမှ လူလိုပဲခံစားမိတယ်။ လွတ်လပ်ခွင့်တွေပြန်ရတာပေါ့။ အိမ်ထောင်ကျလို့ ချုပ်နှောင် တယ်လို့မပြောလိုဘူး”

“ ဒါပေမယ့်လူတယောက်မှာ ကိုယ်လုပ်ချင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ စိတ်ပျော်ရွှင်မှုက ကိုယ့်ဘာသာပဲလုပ်ရတာလေ။ အခုအချိန်မှာ အရာအားလုံးကိုလက်ခံနိုင်။ ချမ်းသာတာဆင်းရဲတာထက် စိတ်ပျော်ရွှင်မှုကအဓိကလို့ ကျမထင်တယ်” လို့ ချမ်းချမ်းက ပြောပါတယ်။

၂၀၂၀ မှာလည်း သမီးလေးနဲ့အတူ နိုင်ငံခြားခရီးစဉ်များ သွားရောက်ဖို့ရှိပြီး သွားချင်တဲ့နေရာများကိုလည်း အစီအစဉ်ဆွဲကာ ပိုက်ဆံစုနေတယ်လို့ သိရပါတယ်။

ချမ်းချမ်းကတော့ သီချင်းအသစ်များကိုလည်းဆက်တိုက်လုပ်နေပြီး ရုပ်ရှင်ဇာတ်ဝင်တေးအတွက်လည်း သီဆိုနေတယ်လို့သိရပါတယ်။

You may also like these stories:

“လေဒီဒိန်းဂျား”က မိန်းကလေးတွေကို အားပေးတဲ့ ရုပ်ရှင်ကားလို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ပြော

ဝါသနာကြောင့် နှစ်ပေါင်း ၄၀ကျော် မှိုစိုက်ပျိုးလုပ်ကိုင်ခဲ့သူ အဘဦးထွန်းပေါ်

ချစ်သူအောင်လက သဝန်တိုလို့ ရုပ်ရှင်ပေးရိုက်မှာ မဟုတ်ဘူးလို့ ဝိုင်းစုခိုင်သိန်း ပြော

Loading