အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က Ahmedabad မှာ ရှိတဲ့ Motera အားကစားကွင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း “Dilwale Dulhania Le Jayenge” နဲ့ “Sholay” တို့လို ဂန္တဝင်ရုပ်ရှင်တွေအကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတထရန့်က ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းအကြောင်း ချီးကျူးပြောကြားပါတယ်။ အရင်တုန်းကလည်း အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာလည်း အဲ့ဒီရုပ်ရှင်တွေအကြောင်း ပြောကြားခဲ့ဖူးပါတယ်။
အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေတဲ့ သမ္မတထရန့်က “ဘောလိဝုဒ်လို့ လူသိများပြီး ပါရမီနဲ့ ဖန်တီးမှုတွေရဲ့ ဌာနချုပ်ကနေ တနှစ်ကို ရုပ်ရှင်ကား ၂၀၀၀ လောက် ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ လူတွေဟာ Dilwale Dulhania Le Jayenge နဲ့ Sholay တို့လိုမျိုး ဂန္တဝင် အိန္ဒိယရုပ်ရှင်တွေထဲက ဂီတ၊အက၊ ရိုးမန့်စ်၊ ဒရာမာ ဇာတ်ဝင်ခန်းတွေမှာ ပျော်ရွှင်မှုကို ရရှိခဲ့ကြပါတယ်”လို့ ဆိုပါတယ်။
အခုလိုမျိုး ဟင်ဒီစကားပြောရုပ်ရှင်တွေအကြောင်း သမ္မတထရန့်ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားမှုကို ပရိသတ်တွေက လက်ခုပ်သြဘာပေးခဲ့ကြပြီး Twitter မှာလည်း တော်တော်လေး လူပြောများခဲ့တာကို တွေ့ရပါတယ်။
“Dilwale Dulhania Le Jayenge” ရုပ်ရှင်ထဲမှာ အဓိက မင်းသားအဖြစ်သရုပ်ဆောင်ထားတဲ့ ရှရွတ်ခန်ရဲ့ ပရိသတ်တွေကတော့ ထူးထူးခြားခြား ပြောဆိုမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ပရိသတ်တဦးက “အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က DDLJ ရုပ်ရှင်ကို သူ့မိန့်ခွန်းထဲမှာ ထည့်ပြောတယ်။ ဒီနိုင်ငံရဲ့ အကြီးမားဆုံး အနုပညာကြယ်ပွင့် ရှရွတ်ခန်” ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ Yash Raj Films ထုတ်လုပ်ရေးကတော့ “DDLJ trumps!” ဆိုပြီး Twitter ပေါ်မှာ ပြန်လည်တုံ့ပြန်ခဲ့တာကိုတွေ့ရပါတယ်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာလည်း ၂၀၁၅ ခုနှစ်၊ အိန္ဒိယခရီးစဉ်အတွင်းမှာ “Dilwale Dulhania Le Jayenge” ရုပ်ရှင်ကို ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။ သမ္မတထရန့်ဟာ ညနေပိုင်းမှာတော့ မိသားစုနဲ့ Taj Mahal ဆီသွားရောက်ဖို့ Agra မြို့ဆီထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်။
Ref: hindustantimes
You may also like these stories:
Indiana Jones ရုပ်ရှင်တွေကြောင့် ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်ဖြစ်လာတဲ့ Harrison Ford
မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ
Spider-Man 3 နဲ့ ပတ်သက်လို့ ဖွင့်ဟတော့မှာ မဟုတ်ကြောင်း Tom Holland ပြောဆို