ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပျံ့နှံ့နေမှုကြောင့် “Mission: Impossible” နောက်ဆက်တွဲ ဇာတ်လမ်း ရိုက်ကူးမှုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
Deadline မီဒီယာရဲ့အဆိုအရ အီတလီနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၁၉ ဦးရှိနေပြီး ဗင်းနစ်မြို့မှာရှိတဲ့ ဒေသဆိုင်ရာ အစိုးရက မင်းသား Tom Cruise ပါဝင်မယ့် သတ္တမမြောက် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းအပါအဝင် လူထုစုဝေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီမီဒီယာရဲ့အဆိုအရ မင်းသား Crusie ဟာ အီတလီနိုင်ငံမှာ ရှိမနေခဲ့ဘူးလို့လည်း သတင်းထုတ်ပြန်ပါတယ်။
Paramount Pictures မှ ပြောရေးဆိုခွင့်ရှိသူ တဦးက “ကျနော်တို့ရဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် သတိပြုမှုကို ဂရုစိုက်ဖို့နဲ့ ဒေသဆိုင်ရာ ဗင်းနစ်အစိုးရရဲ့ လူထုစုဝေးမှုတွေ ရပ်ဆိုင်းဖို့ ကြိုးပမ်းချက်တွေကြောင့် ဗင်းနစ်မြို့မှာ သီတင်း ၃ ပတ်ကြာပြုလုပ်မယ့် ထုတ်လုပ်ရေး အစီအစဉ်ကို ကျနော်တို့ ပြန်လည်ချိန်ညှိနေပါပြီ” လို့ သတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး ရပ်နားထားတဲ့အချိန်အတွင်းမှာ ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုကို ဂရုစိုက်လိုပြီး ထုတ်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်စတင်တဲ့အချိန်အထိ အိမ်ပြန်ခွင့်ပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။ အခြေအနေကို ဆက်လက် စောင့်ကြည့်မှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ အတူ အလုပ်လုပ်ကိုင် သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီရုပ်ရှင်ကို တခြားနိုင်ငံတွေမှာ မရိုက်ကူးခင် ဗင်းနစ်မြို့မှာ သီတင်း ၃ ပတ်ကြာ ရိုက်ကူးဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ထုတ်လုပ်ရေး ရပ်ဆိုင်းလိုက်မှုနဲ့ အတူ ဗင်းနစ်မြို့မှာ ကျောင်းတွေနဲ့ ပြတိုက်တွေ အားလုံးကို လည်း ပိတ်ထားပါတယ်။ အားကစား၊ ယဉ်ကျေးမှုနဲ့ တခြားအများပြည်သူဆိုင်ရာ ပွဲအခမ်းအနားတွေကိုလည်း ဖျက်သိမ်းထားပါတယ်။
သတ္တမမြောက် “Mission: Impossible” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြသသွားမှာဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
ကိုရိုနာဗိုင်းရပ် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံမှာလုပ်မယ့် ‘No Time To Die’ အထူးပွဲကို ဖျက်သိမ်း
မင်းသား Tom Cruise ရဲ့ စတန့်ပြကွက် လျှို့ဝှက်ချက်တွေကို ပြောပြခဲ့တဲ့ Matt Damon