Entertainment

ရုပ်ပြအတိုင်း ပြန်လည် ရိုက်ကူးဖို့ရှိနေတဲ့ "Teenage Mutant"

Want create site? Find Free WordPress Themes and plugins.

“Tennage Mutant Ninja Turtles” franchise ရုပ်ရှင်ကို ViacomCBS ကနေ ပြန်လည် ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Netflix မှာလည်း live-action တီဗီစီးရီးအသစ်အဖြစ် ပြသဖို့ရှိနေပြီး ရုပ်ရှင်သစ်ကိုလည်း လာမယ့်နှစ်တွေမှာ ရုပ်ရှင်ပိတ်ကားထက် တွေ့မြင်ရဖို့ရှိနေပါတယ်။ ရုပ်ပြနဲ့ အတတ်နိုင်ဆုံး တူအောင် ပြန်လည်အသက်သွင်းသွားမှာဖြစ်တယ်လို့ ထွက်ပေါ်နေဆဲ သတင်းတွေမှာ ဖော်ပြနေထားပါတယ်။

အကယ်၍ Teenage Mutant ကို ဖန်တီးဖြစ်မယ်ဆိုရင်တော့ R-rated ရုပ်ရှင်အဖြစ် ပြန်လည် ထုတ်လုပ်မှာဖြစ်ကြောင်း ရုပ်ပြ၊ ရုပ်ရှင်နဲ့ ဗီဒီယိုဂိမ်းပရိသတ်တွေ အများအပြားပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်တွေဖြစ်တာကြောင့် စိတ်ဖိစီးမှု ကင်းကင်းနဲ့ လုပ်ဆောင်နိုင်မယ်လို့ ViacomCBS အနေနဲ့ ယုံကြည်ထားပါတယ်။

ရုပ်ပြမှာ ဖတ်ရှုခဲ့ရတဲ့ အရသာအတိုင်း တထပ်တည်း မဟုတ်တောင် ရုပ်ရှင်ဖန်တီးမှုမှာ ပြန်လည်ကိုးကားမယ့် အချက်အလက်တွေကတော့ လာမယ့် Teenage Mutant အတွက် စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Kevin Eastman နဲ့ Peter Laird တို့ရဲ့ Teenage Mutant Ninja Turtles ရုပ်ပြဟာ ခေတ်အခြေအနေကို သရော်နိုင်ခဲ့တဲ့ ခေတ်ပြိုင် ရုပ်ပြအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ ရုပ်ရှင်ထုတ်လုပ်သူတွေဘက်ကတော့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ၊ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေကို လိုတိုပိုလျှော့လုပ်ကာ ဖန်တီးထုတ်လုပ်မှာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘာပဲဖြစ်ဖြစ် Teenage Mutant တွေကို နောက်တခါ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ စိတ်မကောင်းဖြစ်နေကြရတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက်တော့ ဒီသတင်းသာ အမှန်တကယ် ဖြစ်လာမယ်ဆိုရင်တော့ ဝမ်းသာစရာ ကိစ္စတခုပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading