ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဟောလိဝုဒ်ဂန္တဝင်မင်းသားကြီး Kirk Douglas ဟာ မိမိကိုယ့်ကိုယ်ကို ကူညီဖေးမနိုင်မှု မရှိတဲ့ သူတွေကို ကူညီဖို့ ရည်ရွယ်ပြီး သူ့ရဲ့ Douglas ဖောင်ဒေးရှင်းကို ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Kirk and Anne Douglas Childhood Centre တည်ရှိတဲ့ Sinai Temple နဲ့ Culver City မှာရှိတဲ့ Kirk Douglas Theatre တို့ဟာ အခုလှူဒါန်းငွေတွေကို အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ မင်းသားကြီး Krik ရဲ့ ကွယ်လွန်မှုှုကို သားဖြစ်သူ မင်းသား Michael Douglas က ကြေညာခဲ့တာဖြစ်ပါတယ်။
မင်းသား Michael က “Kirk Douglas ဟာ အသက် ၁၀၃ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီဆိုတာကို ကျနော့် ညီအစ်ကိုတွေနဲ့ ကျနော်က ဝမ်းနည်းစွာနဲ့ ကြေညာလိုက်ပါတယ်”
“ကမ္ဘာကြီးအတွက် သူဟာ ဂန္တဝင်လူသား တယောက်၊ သူ့ရဲ့ရွှေရောင်နှစ်တွေမှာ ကောင်းကောင်းရှင်သန်ခဲ့တဲ့ ရုပ်ရှင်ရွှေခေတ်ထဲက မင်းသား တယောက်၊ ကျနော်တို့အားလုံး လေးစားအားကျဖို့ စံနှုန်းတခုအတွက် တရားမျှတမှုပို ပိုင်ဆိုင်ထားတဲ့ လူသားချင်းစာနာ ထောက်ထားသူတယောက်ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဆက်ပြီး “ဒါပေမယ့် ကျနော်နဲ့ ညီအစခကိုတွေဖြစ်တဲ့ Joel နဲ့ Peter တို့အတွက် သူဟာ သာမန် ဖခင်တယောက် ဖြစ်ပါတယ်။ Catherine အတွက် ထူးခြားတဲ့ ယောက္ခမဖြစ်ပြီး သူ့ရဲ့ မြေးတွေနဲ့ မြစ်တွေအတွက် ချစ်ဖို့ကောင်းတဲ့ အဘိုးတယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီး Anne အတွက်တော့ ထူးခြားတဲ့ ခင်ပွန်းတယောက် ဖြစ်ပါတယ်”
“Kirk ရဲ့ ဘဝမှာ ကောင်းကောင်းနေထိုင်ခဲ့ပြီး မကြာခင်လာမယ့် မျိုးဆက်တွေအတွက် အဓွန့်ရှည် တည်တံ့မယ့် ရုပ်ရှင်တွေထဲမှာ အမွေအနှစ်တခုနဲ့ လူထုအတွက် အကူအညီပေးအပ်ပြီး ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးမယ့် ပရဟိတသမားတဦးအနေနဲ့ သမိုင်းကို ချန်ထားရစ်ခဲ့ပါတယ်” လု့ိလည်း ဖော်ပြထားပါတယ်။
မင်းသားကြီး Krik ဟာ တသက်တာ အောင်မြင်မှုဆိုင်ရာ အကယ်ဒမီဆုကို ရရှိထားပြီး အမေရိကန်သမ္မတရဲ့ အမြင့်ဆုံး Medal of Freedom ဆုကိုလည်း ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုကနေ အသက်မသေဘဲ လွတ်မြောက်ခဲ့သူဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ လေဖြတ် ဝေဒနာကို ခံစားခဲ့ရပါတယ်။
သူကွယ်လွန်ချိန်မှာတော့ အသက် ၆၅ နှစ်အရွယ် Anne လို့ခေါ်တဲ့ ဒုတိယဇနီးနဲ့ သား ၄ ဦး ကျန်ရစ်ခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ကမ္ဘာကျော် ဇီဝအကြမ်းဖက်သမားအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Priyanka Chopra
ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသက်အရှည်ဆုံး အဘိုးအို အသက် ၁၁၂ နှစ်မှာ ကွယ်လွန်
မွေးနေ့မှာ ရန်ပုံငွေရှာပြီး ကင်ဆာရောဂါသည်များကို လှူဒါန်းမယ့် ကလေး ၂ ဦး