Entertainment

ရိုက်ကူးရေး စတင်လိုက်ပြီဖြစ်တဲ့ “Jurassic World: Dominion” ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

တတိယမြောက် Jurassic World ရဲ့ ဒါရိုက်တာက ရိုက်ကွင်း ပထမဆုံးနေ့ စတင်ပုံကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံကနေတဆင့် ရုပ်ရှင်ရဲ့ နာမည်ကို ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ကို “Jurassic World: Dominion” လို့ သတ်မှတ်ထားပြီး Universal ရုပ်ရှင်ထုတ်လုပ်ရေးမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဒုတိယမြောက် Jurassic World ရုပ်ရှင်ကို ရိုက်ကူးပြီးတဲ့နောက် အခု ဒါရိုက်တာ အဖြစ် Trevorrow က ပြန်လည်ထမ်းဆောင်တာလည်း ဖြစ်ပါတယ်။

မင်းသား Chris Pratt နဲ့ မင်းသမီး Bryce Dallas Howard တို့ဟာလည်း အခုရုပ်ရှင်အသစ်မှာ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး Laura Dern ၊ Sam Neill နဲ့ Jeff Goldblum တို့လိုမူရင်း “Jurassic Park” ရုပ်ရှင်ထဲက သရုပ်ဆောင် တချို့နဲ့အတူ ပူးတွဲ သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

“Jurassic World: Dominion” အတွက် ဇာတ်ညွှန်းကို တက်သစ်စ ဇာတ်ညွှန်းရေးဆရာ Emily Carmichael နဲ့အတူ ဒါရိုက်တာ Trevorrow က ရေးသားပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒါရိုက်တာကြီး Steven Spielberg နဲ့အတူ အမှုဆောင်ထုတ်လုပ်သူတွေ အဖြစ် ပါဝင်ထားပါတယ်။

၂၀၁၅ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Jurassic World” ရုပ်ရှင်ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တကား ဖြစ်လာခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၆၇ ဘီလီယံနဲ့ ဆဌမမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ “Jurassic World: Fallen Kingdom” ရုပ်ရှင်ဟာလည်း ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ရရှိခဲ့ပါတယ်။

“Jurassic World: Dominion” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ဖြန့်ချိပြသမယ်လို့ Universal က ပြောဆိုထားပါတယ်။ မင်းသား Chris Pratt က “Jurassic World” ရုပ်ရှင်စီးရီးရဲ့ အဆုံးသတ်ကို မကြာသေးမီ ကထုတ်လွှင့်ခဲ့တဲ့ “Ellen DeGeneres Show” မှာ ပြောဆိုထားပါတယ်။

မင်းသားက “ကျနော့်မှာ ဘာကိုမှ ပြောခွင့် မရှိပါဘူး။ ဒါပေမယ့် ခင်ဗျားကို အကုန်ပြောပြပါ့မယ်” လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လို့ အဲ့ဒီရုပ်ရှင်တွေ ဘယ်လို အဆုံးသတ်တော့မှာလဲလို့ မေးလာတဲ့အချိန်မှာလိုမျိုး ခံစားနေပါတယ်လို့လည်း မင်းသားက ဆိုပါတယ်။

Ref: TheWrap

You may also like these stories:

ခြင်္သေ့ မျိုးသုဉ်းလာခြင်းကို ကာကွယ်ဖို့ “Lion King” ကရတဲ့ အမြတ်ငွေတချို့ Disney လှူဒါန်း

တောင်ကိုရီးယားမှာ ကြည့်ရှုနှုန်း စံချိန်တင်သွားတဲ့ “Jurassic World: Fallen Kingdom”

Did you find apk for android? You can find new Free Android Games and apps.
Loading