သရုပ်ဆောင် ကောင်းမြတ်စံ ကိုတော့ လတ်တလောမှာ ပိုင်တံခွန် နဲ့ ၂ ယောက်တွဲ ပုံတင်ထားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေက အမျိုးမျိုး ပြောကြတဲ့အပေါ် ကောင်းမြတ်စံ က အခုလိုပဲ ပြောပါတယ်။
“ ပိုင်တံခွန် နဲ့ပုံက မတင်ခင်ကတည်းက ပျံ့နေပြီးသား။ ပိုင်တံခွန် နဲ့က ရုပ်ရှင်ရိုက်နေတော့ သူ့ကိုနောက်ချင်တာလည်းပါတယ်။ အဲ့လိုဆိုတော့ တင်လိုက်တာပါ။ အခုက ဖူဂျိုရှီ (အောင်သွယ်) တွေက အရမ်းများတယ်။ သူတို့ ဒီလိုလေးမြင်ရင် ပျော်မှာပဲ၊ ပျော်ပါစေဆိုပြီး တင်ပေးလိုက်တာပါ။ တကယ်ကတော့ အပြင်မှာက ညီအစ်ကိုတွေပဲ”
“တင်ပြီးတော့ ပိုင်တံခွန် ကိုသွားပြတော့ အစ်ကိုကလည်းဗျာတဲ့၊ ဘာလို့တင်လိုက်တာလဲတဲ့။ စိတ်ဆိုးသွားတာလားဆိုတော့ ဘာလို့စိတ်ဆိုးရမှာလဲဆိုပြီး နောက်ဖြစ်ကြသေးတယ်”လို့ ကောင်းမြတ်စံ က ပြောပါတယ်။
သူ့ရဲ့ပရိသတ်အများစုကလည်း မိန်းကလေးနဲ့ ပုံတွဲတင်ရင် မကြိုက်ကြဘဲ ယောကျ်ားလေးနဲ့ ပုံတွဲတင်ရင်တော့ သဘောကျကြတယ်လို့ ဆိုပါတယ်။
“ကျနော်ကတော့ ယောကျ်ားပဲ။ ပိုင်တံခွန် ကိုတော့ အရင်မေးရမယ်။ ဒီအင်တာဗျူးတွေ့ပြီး ကျနော့်ကိုအပြင်မှာလာထိုးနေဦးမယ်။ ကျနော့် ပရိသတ်တွေက မိန်းကလေးနဲ့တွဲတင်ရင် မကြိုက်ဘူး။ သဝန်တိုပြီ။ ယောကျာ်းနဲ့တွဲတင်ရင် သူတို့ပျော်ပြီ”လို့ ကောင်းမြတ်စံ က ပြောပါတယ်။
ကိုယ်တိုင်က ယောကျာ်းအစစ်ဖြစ်ပေမယ့် အောင်သွယ်တွေက လိုင်းသွင်းနေတာကြောင့် သာယာပြီး ပြောင်းလဲသွားမှာစိုးတယ်လို့ ပြောပါတယ်။
“ကျနော်က ယောကျ်ားအစစ်၊ မယုံရင် သွေးဖောက်ပြီး စစ်လို့ရတယ် ယောကျ်ားစစ်ကြောင်း။ အောင်သွယ်တွေက ယောကျာ်းအစစ် လည်း အဲ့ဘက်လိုင်းကို ရအောင် သွင်းတာ။ သူတို့ အဲ့လိုစပြီဆိုရင်လည်း ကျနော်က အရမ်းပျော်တယ်။ သူတို့ ကောမန့်လေးတွေ ဖတ်ပြီး အရမ်းပျော်တာ။ တခါတလေကျရင် ငါတော့သွားပြီ အဲဒါတွေဖတ်ပြီး သာယာပြီးတော့ အဲ့ဘက်ကို စိတ်ရောက်သွားရင် သွားပါပြီ” လို့ ကောင်းမြတ်စံ က ပြောပါတယ်။
အဆိုပါ ပိုင်တံခွန် နဲ့ ဓာတ်ပုံတွေကတော့ “ရွှေဖူးစာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးစဉ်က ရိုက်ကူးထားခဲ့တဲ့ ပုံများဖြစ်ပြီး လက်ရှိမှာလည်း ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။
“အခု ရွှေဖူးစာ ဆိုတဲ့ ရုပ်ရှင် ရိုက်နေတယ်။ အဲဒါက ၃ လပိုင်း ပထမအပတ်မှာ ပြီးမယ်။ ပြီးရင်တော့ ခဏတော့ Break ယူလိုက်ဦးမယ်။ Weak ဖြစ်နေလို့။ နေမကောင်းလည်းဖြစ်ထားတာဆိုတော့ ဒီဖေဖော်ဝါရီလ တလလုံးကိုလည်း ညဘက်တွေ ၄ နာရီလောက်ပဲ နေ့တိုင်းနီးပါး အိပ်ဖြစ်နေတယ်။ အရမ်းလောဘကြီးပြီး အလုပ်တွေလုပ်ဖြစ်တာဆိုတော့ နည်းနည်းတော့ Weak ဖြစ်သွားတယ်။ အဲဒါကြောင့် တလလောက်တော့ နားပြီး ၅လပိုင်းမှာ ဇာတ်လမ်းတွဲ ပြန်ဝင်ပါမယ်”လို့ ကောင်းမြတ်စံ က ပြောပါတယ်။
ကောင်းမြတ်စံ ကတော့ ” ရွှေဖူးစာ ” ရုပ်ရှင်ဇာတ်ကားပြီးရင်တော့ အနုပညာလှုပ်ရှားမှုများ ခဏရပ်နားပြီး ၅ လပိုင်းမှာတော့ ဇာတ်လမ်းတွဲ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
You may also like these stories:
ရင်သားကင်ဆာကြောင့် အနုပညာအလုပ်တွေလုပ်ဖို့ အခြေအနေမပေးတော့တဲ့ ဇာတ်ပို့ နွယ်နီ
ခရီးထွက်မှာကြောင့် ဒီနှစ်အကယ်ဒမီပွဲမတက်ဖြစ်ဘူးလို့အောင်ရဲလင်း ပြော
“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု