လာမယ့် မတ်လ ၂၇ ရက်၊ တပ်မတော်နေ့မှာ ပြသမယ့် “တစစ်တမက် ကိုယ်နှင့် သက်ကို” ဇာတ်ကားမှာ ယဉ်လက်က တိုင်းပြည်အတွက် အချစ်ကိုစွန့်လွှတ်တဲ့ သူနာပြု ကရင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“မတ်လ ၂၇ ရက်၊ တပ်မတော်နေ့မှာ ပြမယ့် “တစစ်တမက် ကိုယ်နှင့် သက်ကို” ဇာတ်လမ်းတွဲမှာ ကရင် သူနာပြုမလေး နော်ဖောပေါ့။ မနှစ်က ဇာတ်ကားမှာလည်း ခင်လေး ဆိုပြီး ပရိသတ်တွေ အားပေးကြတယ်။ ကိုယ်ကတော့ ဇာတ်ကားကို ဒါရိုက်တာတွေ ခိုင်းတဲ့အတိုင်းကြိုးစားပြီး အကောင်းဆုံး သရုပ်ဆောင်လိုက်တာပါပဲ။ ဒီနှစ်လည်း နော်ဖော ကာရိုက်တာကို အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်”
“ခင်လေးက အချစ်အတွက် အကုန်စွန့်လွှတ်တဲ့ မိန်းကလေးပေါ့။ နော်ဖောကျတော့ ရင့်ကျက်ပြီး တိုင်းပြည်အတွက် အချစ်ကို စွန့်လွှတ်တဲ့ မိန်းကလေးပေါ့။ ဒီကားမှာတော့ ကိုတိုင်ရွန်နဲ့ ပထမဆုံး တွဲရိုက်ဖူးတာဆိုပေမယ့် ခင်ဖို့ကောင်းပါတယ်။ အမှတ်တရတွေလည်း များပါတယ်။ “တစစ်တမက် ကိုယ်နှင့် သက်ကို” ဇာတ်လမ်းတွဲမှာ အခက်အခဲတွေ အများကြီးနဲ့ အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။
Canal + မှာပြမယ့် “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာလည်း လက်ဝှေ့သမား တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး လက်ဝှေ့သမားအစစ်တွေနဲ့ ထိုးရတယ်လို့ ယဉ်လက်က ဆိုပါတယ်။
“လောကကြိုးဝိုင်း ဆိုတဲ့ မြန်မာ့လက်ဝှေ့ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဒီကားမှာ Season 1 နဲ့ မတူတဲ့ အက်ရှင်ခန်းတွေ၊ စိတ်လှုပ်ရှားကောင်းတဲ့ မြှုပ်ကွက်တွေပါပြီးတော့ အရမ်းကောင်းတဲ့ ကားတကားဖြစ်တယ်။ Season 1 မှာ လက်ဝှေ့ကို ဝါသနာပါတဲ့ ဆရာဝန်မလေး အနေနဲ့ သရုပ်ဆောင်ထားပြီး၊ Season 2 မှာတော့ လက်ဝှေ့သမား တယောက်အနေနဲ့ ပါဝင်ထားတယ်”
“ကျမတို့ ကိုယ်တိုင်လည်း လက်ဝှေ့သမား တယောက် ဖြစ်ေအောင် ဆရာတွေနဲ့ အချိန်တွေအများကြီးယူပြီး လေ့ကျင့်ရတယ်။ လက်ဝှေ့သမားအစစ်တွေနဲ့ ထိုးရတယ်။ အများကြီး ပြင်ဆင်ထားတဲ့ ကားလေးပါ။ ထိခိုက်ဒဏ်ရာ ရတာများတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံး အကောင်းဆုံးကြိုးစားထားတဲ့ ကားလေးပေါ့။ ကြိုးစားမှုတွေလည်း ဝေဖန်ပေးကြဖို့ ပြောချင်တယ်။ မတ်လ ၅ ရက်နေ့ Canal + ကနေလွှင့်ရင် အားပေးကြပါဦး”လို့ ယဉ်လက်က ပြောပါတယ်။
ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်မှုများတဲ့ သရုပ်ဆောင် ယဉ်လက်ကို ဖိုက်တင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက နှစ်သက် အားပေးကြပါတယ်။
You may also like these stories:
Dancer တယောက်အနေနဲ့ ပထမဆုံးသရုပ်ဆောင်ရတဲ့ အခက်အခဲတွေကို ပြောပြတဲ့ အောင်ပိုင်
ချစ်သူရွေးရင် ပုံပန်းသွင်ပြင်ထက် စိတ်နေစိတ်ထားကို ရွေးချယ်မယ်လို့ ယဉ်လက် ပြော
“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက်