Universal ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Dark ဖြစ်တဲ့ ရုပ်ရှင်တော်တော်များများဟာ ထင်သလောက်မအောင်မြင်ခဲ့ကြောင်း၊ သူတို့ရဲ့ ဖန်တီးမှုဟာလည်း ကျေနပ်စရာမရှိကြောင်း ပရိသတ်တွေဆီ ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။
အခုချိန်မှာ Marvel ရော DC ပါ အားအင်အပြည့်နဲ့ ခြေလှမ်းတွေဟာ ကြောက်ခမန်းလိလိ ထင်ရှားလာခဲ့ပြီး အသီးသီး ကိုယ်ပိုင်ဟန်တွေနဲ့ ရွေ့လျားနေချိန်ဆိုလည်း မှားမယ် မထင်ပါဘူး။
“The Invisible Man” ရုပ်ရှင် ကို လာမယ့်အပတ်တွင်း ပြသတော့မှာဖြစ်ပြီး Universal ရဲ့ နောက်ထပ် Monster ဇာတ်ကောင်ကို ဆက်လက် မိတ်ဆက်ပြသသွားဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။ စိတ်ဝင်စရား ဇာတ်လမ်းတည်ဆောက်မှု အဝေ့အဝိုက်တွေနဲ့ “The Invisible Man” ရုပ်ရှင် အပြင် နောက်ထပ် ရုပ်ရှင် သစ်တခုကိုလည်း ထပ်မံဖန်တီးဖို့ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ Universal အနေနဲ့ နာမည်ကျော် သရုပ်ဆောင် Emma Stone ကို အမျိုးသမီး Werewolf သရုပ်ဆောင်အဖြစ် ကမ်းလှမ်းဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဇာတ်လမ်းတည်ဆောက်မှုနဲ့ အသေးစိတ် အချက်အလက်တွေကို အခုချိန်ထိ မသိရသေးပေမယ့် အကြိုထုတ်လုပ်မှုပိုင်းအတွက် Universal နဲ့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။
Zombie Land ရုပ်ရှင် နှစ်ကားအပြင် အော်စကာဆုကိုပါ ပိုင်ဆိုင်ထားခဲ့တဲ့ Emma Stone အတွက် ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ Werewolf ဇာတ်ကောင်ဟာ အံဝင်ခွင်ကျ ရှိ၊ မရှိ စောင့်ကြည့်ကြရမှာပါ။
“An American Werewolf in London” ရုပ်ရှင် ကတော့ ပရိသတ်တွေ တသသဖြစ်ခဲ့ရတဲ့ Werewolf ရုပ်ရှင် အမျိုးအစားဖြစ်တာကြောင့် Universal အနေနဲ့ ဘယ်လို တင်ဆက်ဖန်တီးမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ကမ္ဘာကျော် ဇီဝအကြမ်းဖက်သမားအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Priyanka Chopra
Indiana Jones ရုပ်ရှင်တွေကြောင့် ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်ဖြစ်လာတဲ့ Harrison Ford