Entertainment

မြောက်ကိုရီးယား ဗိုလ်ကြီးထက် ပိုရင်ခုန်စရာ ကောင်းတဲ့သူ ရှိနေတဲ့ နော်ဖောအယ်ထား

Want create site? Find Free WordPress Themes and plugins.

လတ်တလော အမျိုးသမီးတော်တော်များများ ကြိုက်နှစ်သက်နေကြတဲ့ “Crash Landing on you” ကိုရီးယားဇာတ်လမ်းတွဲမှ အဓိက ဇာတ်ကောင်မင်းသားဖြစ်တဲ့ မြောက်ကိုရီးယား ဗိုလ်ကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ ဟွန်ဘင်းထက် ပိုရင်ခုန်စရာကောင်းတဲ့ မင်းသားတယောက် ရင်ထဲမှာရှိနေတယ်လို့ နော်ဖောအယ်ထားက ပြောပါတယ်။

“နော်ဖောက အဲ့ကားကို အမှန်အတိုင်းပြောရရင် မင်းသမီးကို ပိုပြီးသဘောကျလို့ ကြည့်ဖြစ်တာပေါ့။ နော်ဖော သဘောကျရတဲ့ မင်းသားက သက်သက်ရှိတယ်။ ဗိုလ်ကြီးထက် ပိုရင်ခုန်စရာကောင်းတဲ့မင်းသားရှိတယ်ဆိုတော့ အဲ့ကားကိုတော့ မင်းသမီးကို အရမ်းသဘောကျလို့ကြည့်ဖြစ်တယ်။ ကြည့်ရင်းနဲ့တော့ သူတို့ ၂ယောက် ရိုတာကိုတော့ ကြိုက်တာပေါ့နော်”လို့ နော်ဖောအယ်ထား က ပြောပါတယ်။

အဆိုပါ ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ ကိုတော့ တခြားသူတွေလို ဗိုလ်ကြီးကို ကြိုက်လို့ကြည့်တာမဟုတ်ဘဲ မင်းသမီးကို သဘောကျလို့ကြည့်ဖြစ်တာလို့ နော်ဖောအယ်ထားက ဆိုပါတယ်။

နော်ဖောအယ်ထား ကတော့ ဗိုလ်ကြီးထက် ရင်ခုန်ရတဲ့ မင်းသားက ဘယ်သူလဲ ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကိုရီးယားမင်းသားပါပဲ။ ရင်ခုန်ရတဲ့သူက Lee Dong Wook ပါ။ တခြားသူတွေကတော့ ဗိုလ်ကြီး ကို ကိုယ့်ထက်ကိုပိုပြီး အားပေးကြမယ်။ ပိုပြီးသိကြမယ်လို့ မျှော်လင့်တယ်။ နော်ဖောကလည်း ဒီဇာတ်လမ်းတွဲကို ကိုရီးယား ဒရာမာကြည့်တဲ့ ပရိသတ်တယောက်အနေနဲ့ပဲ ကြည့်တာဆိုတော့ အရမ်းအချိန်လည်းမပေးနိုင်ဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းတွဲလေးက နော်ဖောတို့ကိုအရမ်းဆွဲဆောင်နိုင်ပြီး ဇာတ်အိမ်ခိုင်တဲ့အတွက် အရမ်းသဘောကျပါတယ်” လို့ နော်ဖောအယ်ထား က ပြောပါတယ်။

“Crash Landing On You” ဇာတ်လမ်းတွဲ ကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က အဆုံးသတ်သွားတာဖြစ်တဲ့အတွက်လည်း စနေ၊ တနင်္ဂနွေနေ့တွေမှာ လုပ်စရာမရှိဘဲ လွမ်းနေရတယ်လို့ ဆိုပါတယ်။

“စနေ၊ တနင်္ဂနွေ အပတ်တိုင်း စောင့်ကြည့်နေရင်းကနေ ဒီလိုမျိုး ပြီးသွားတဲ့အခါကျတော့ လုပ်စရာ မရှိဘဲ လွမ်းနေရတာတွေ ဖြစ်တာပေါ့။ ဗိုလ်ကြီး လိုလူက ရုပ်ရှင်ထဲမှာပဲ ရှိမယ်။ သဘောကျချင်ရင်တောင်မှ အပြင်မှာ ဘယ်လိုရှာမလဲ၊ ရှာပေးပါလား” လို့ နော်ဖောအယ်ထား က ပြောပါတယ်။

သရုပ်ဆောင် နော်ဖောအယ်ထား အနေနဲ့ အခု၂၀၂၀ ခုနှစ်အတွင်းမှာ သူ့ရဲ့ မတူညီတဲ့ အနုပညာလှုပ်ရှားမှုများကို ပရိသတ်များက တွေ့ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

You may also like these stories:

“ယုံကြည်ရတဲ့ သူငယ်ချင်းက လက် ၅ ချောင်းတောင် မပြည့်ဘူး”လို့ နော်ဖောအယ်ထား ပြော

“Goblin” ကို ကျော်တက်ပြီး လူကြည့်အများဆုံး စံချိန်တင်ခဲ့တဲ့ “Crash Landing on You”

Did you find apk for android? You can find new Free Android Games and apps.
Loading