မကြာမီ Single သီချင်းသစ် ဖြန့်ချိဖို့ ရှိနေတဲ့ အဆိုတော် လေဒီဂါဂါ
အဆိုတော် လေဒီဂါဂါဟာ “Star Is Born” သီချင်းနောက်ပိုင်း ပထမဆုံးအနေနဲ့ “Stupid Love” ဆိုတဲ့ Single သီချင်းသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုတော် ဂါဂါဟာ အဲ့ဒီသတင်းကို သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။
သီချင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် အဲ့ဒီသီချင်းရဲ့ ကနဦးဗားရှင်းတခုဟာ ပြီးခဲ့တဲ့လတုန်းက အင်တာနက်ပေါ်မှာ ပေါက်ကြားလာခဲ့ပါတယ်။ “Stupid Love” သီချင်းရဲ့ အဲ့ဒီဗားရှင်းကတော့ ဂါဂါရဲ့ “Born This Way” အယ်လ်ဘမ်ကို ပြန်အမှတ်ရစေနိုင်မယ့် စတိုင်တွေ ပါဝင်တဲ့ သီချင်းပုံစံဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂါဂါတင်ခဲ့တဲ့ ပုံထဲမှာ ပါဝင်တဲ့ “Chromatica” ဆိုတဲ့စကားလုံးကတော့ အယ်လ်ဘမ်အသစ်ရဲ့ နာမည် ဖြစ်လာနိုင်တယ်လို့ ပရိသတ်တွေကတော့ ထင်ကြေးပေးနေကြပါတယ်။ အော်စကာဆုရမင်းသမီး လေဒီဂါဂါ ဟာ လွန်ခဲ့တဲ့နှစ်အတွင်းမှာ သူ့ရဲ့ ဆဋ္ဌမမြောက် အယ်လ်ဘမ်ကို ဖန်တီးနေပြီလို့ ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လမှာ တကြိမ်၊ စက်တင်ဘာလမှာ တကြိမ်၊ အယ်လ်ဘမ်အသစ်နဲ့ ပတ်သက်လို့ ပြောဆိုထားဖူးပါတယ်။
အယ်လ်ဘမ်အသစ်အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့သူတွေထဲ
ဂါဂါဟာ သူ့ရဲ့ Las Vegas အခြေစိုက်ဖျော်ဖြေပွဲတွေနဲ့ SiriusXM အထူးဖျော်ဖြေပွဲမှာလည်း အယ်လ်ဘမ်အသစ်နဲ့ ပတ်သက်လို့ ရည်ညွှန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။
Ref: variety